The Normal Christian Life စံချိန်မီ ခရစ်ယာန် အသက်တာ
စံချိန်မီ ခရစ်ယာန် အသက်တာ Watchman Nee The Normal Christian Life ဂျီဇော်ခွန် မြန်မာမှု ပြု ပြန်ဆိုသည်
Watchman Nee (6) Nee Toh - Shen သည် အသက် (၁၇) နှစ်၊ ၁၉၂၀ ပြည့်နှစ်တွင် ယေရှု ကို ကယ်တင်ရှင် ဘုရား အဖြစ် ယုံကြည် လက်ခံ ခဲ့သည်။ Watchman Nee သည် ယေရှုခရစ် ၏ အစေခံကျွန်ဖြစ်ပြီး ခရစ် ယာန်များ အပေါ် ၀န်တာ နှင့် သွန်သင် တည်ဆောက်ခဲ့သည်။ သူ့အား Man of Inside ဘုရားသခင် ၏ နက်နဲသော အရာများ ကို ထိုးထွင်းသိမြင် သူ ဟု ခေါ်သည်။ ပညတ် သွားရာ ဓါတ်သက်ပါ သကဲ့သို့ The Normal Christian Life စာအုပ် သည် ယုံကြည်ပြီးနောက် တိုး တက်မှုအဆင့်ဆင့် နှင့် ဘုရားသခင်၏ ထာ၀ရ အကြံအစည်တော်များ ကို တင်ဆက် ထား သည်။
သူ့အား ရောမကျမ်း ဖြင့် ဘုရားသခင် ဖွင့်ပြသော သွန် သင် ချက်များ သည် ခရစ်ယာန် ဂန္ဓ၀င် စာပေ စာရင်း၀င် သဖြင့် ဂို ဏ်းဂဏ ပေါင်းစုံမှ ဓမ္မဆရာ များကိုယ်တိုင် မှီငြမ်း အသုံးပြုကြသည်။
ခရစ်တော် ကိုယ်တိုင် သူ့ အထဲမှ အသက် ရှင် ပေး နသော လူ ကို ခရစ်ယာန်ဟု ခေါ်သည်။ သာမန်ရိုးစင်းသော ခရစ် ယာန် အသက်တာ ဖြစ်သည်။ ဘုရားသခင် သတ်မှတ်ထားသော စံချိန်နှင့်ကိုက်ညီသော အသက်တာ ဖြစ်သောကြောင့် ဤစာအုပ် ကို စံချိန်မီ ခရစ်ယာန်အသက်တာ ဟု အမည်တပ်ထား သည်။
Watchman Nee (၁၉၀၃-၁၉၇၂) သည် တရုတ်တိုင်းရ င်းသား အသင်းတော် တွင် ထူးမြတ်သော ခေါင်းဆောင် ဖြစ်ရုံမက ၊ ကမ္ဘာ့ တနံတလျား မှ ခရစ်ယာန်များ ကို ယနေ့ တိုင် တည် ဆာက် နေ ဆဲ ရှိသည်။
ဘုရားသခင် ၏ အလင်း ဖွင့်ပြ ခံရ သူများသာ ဤစာအု ပ်ပါ သွန်သင်ချက်များကို သဘောပေါက် နိုင်သည်။ ဤ စာအုပ် ရှိ အကြောင်းအရာ များ သည် အတတ်နိုင်ဆုံး နားလည် လွယ်ကူ ဆီလျော် အောင် မြန်မာ မှု ပြန်ဆို ထား ပါသည်။
သူ သည် ၁၉၅၂ ခုနှစ် တွင် ဖမ်းဆီး ခံရ ပြီး၊ မဟုတ်မမှ န် သော စွဲချက် ပေါင်း များစွာ ဖြင့် စီရင်ခံရ လျက် ၁၉၇၂ ခုနှစ် သဆုံး ချိန် အထိ ထောင်သွင်း အကျဉ်း ချ ခံ ရသည်။
Fire on you !
"By the time the average Christian gets his temperature up to normal, everybody thinks he has a Faver!"
ရည်ညွန်း ဂုဏ်ပြုခြင်း
စံချိန်မီ ခရစ်ယာန် အသက်တာ စာအုပ် ကို ယခု လို ပုံနှိ ပ် ထုတ်ဝေနိုင် ရေး အတွက် ဘက် ပေါင်းစုံ မှ ကူညီ ပံ့ပိုး ပေး ကု န် ကြသော ဓမ္မမိတ်ဆွေ အပေါင်းတို့ ကို လည်းကောင်း ၊ တန်ဖိုး ကီးမား လှ သည့် ဂိညာဉ် ကျောက်ရိုင်း တစ်ပွင့် ကို အရည်အ သွး တောက်ပြောင် လာ သည့် ဘုရင် တကာ ဘုရင် တို့ ၏ ဘုရင့် တော်၀င် ရတနာ အဖြစ် မြင်တွေ့ နားလည် နိုင် ဖို့ အချိန် စွမ်းအား ၊ လူ စွမ်းအား ဖြင့် အချောကိုင် ၊ ပုံသွင်း ၊ အနုစိတ် ပြုပြင် ပေး သည့် စာတည်းချုပ် ဆရာသိန်းဋ္ဌေး ကို လည်းကောင်း ၊ အထူး ကျးဇူး ဥပကာရ တင် ရှိ ကြောင်း ဤ စာအုပ် ဖြင့် ရည်ညွှန်း ဂုဏ် ဟု အပ် ပါသည် ။
မာတိကာ
အမှာစာ
၁။ ခရစ်တော် ၏ အသွေးတော်
၂။ ခရစ်တော် ၏ ကားတိုင်
၃။ တိုးတက်မှု လမ်းကြောင်း - သိခြင်း
၄။ တိုးတက်မှု လမ်းကြောင်း - သိမှတ် ၀န်ခံခြင်း
၅။ ကားတိုင် ဖြင့် ပိုင်းခြားခြင်း
၆။ တိုးတက်မှု လမ်းကြောင်း - ဘုရားသခင် ထံ မိမိ ကိုယ် ကို အ ပ်နှံခြင်း
၇။ ထာ၀ရ အကြံအစည်တော်
၈။ သန့်ရှင်းသော ဝိညာဉ်တော်
၉။ ရောမ အခန်းကြီး (၇) ၏ အဓိပ္ပါယ် နှင့် တန်ဖိုး
၁၀။ တိုးတက်မှု လမ်းကြောင်း - ဂိညာဉ်တော် ၌ လျှောက်လှမ်းခြ
၁၁။ ခရစ်တော် ၌ တစ်ကိုယ်တည်း ၁၂။ ဇာတိ စိတ် နှင့် ကားတိုင် ၁၃။ တိုးတက်မှု လမ်းကြောင်း - ကားတိုင် ထမ်းခြင်း ၁၄။ ဧဝံဂေလိ တရား ၏ ပန်းတိုင်
ပထမ အကြိမ် ၊ ၂၀၀၄ ခုနှစ် ၊ ဖေဖေါ်ဝါရီလ ။
တံပိုးမှုတ်သံ စာပေ အမှတ် ၃ ၊ ဦးဖိုးခင် လမ်း ၊ အနောက်ပိုင်းဆေးရံရှေ့ ၊ ကြည့်မြင်တိုင်မြို့ နယ် ၊ ရန်ကုန်မြို့ ။
အမှာစာ
ကယ်တင်ခြင်း နှင့် ဘုရားသခင် ၏ ထာ၀ရ အကြံအစ ည်တော် သည် ခရစ်ယာန် များစွာ တို့ အတွက် လယ်ထဲ ဝှက် ထား သော ဘဏ္ဍာ နှင့် တူ၏ ။ Watchman Nee အဖို့ ကား ၀မ်းမြောက်သော စိတ် နှင့် သွား ပြီး လျှင် သူ ပိုင်ဆိုင် သမျှ ကို ရာင်းချ လျက် ထို လယ် ကို ၀ယ်ယူ ခဲ့၏ ။
လူသား တိုင်း အတွက် ရှေးမဆွ ကတည်း က ခွဲခန့် ပြင် ဆင် ပေး ထား သော ဘုရား ဘဏ္ဍာ ၏ တန်ဖိုးမှန် ကို အလင်း ဖွ င့်ပြ ခြင်း ခံရ သူ မှ တစ်ပါး ၉၅ ရာခိုင်နှုန်း သောခရစ်ယာန်များ လုံး၀ မသိ ကြချေ ။
ထို့ကြောင့် အခြား ဘာသာ ၀င်များ နည်းတူ ဘုရားသခ င် ထံ ရောက်အောင် ကြိုးစား ကျင့်ကြံ နေကြသည် ။ ဤ စာအုပ် ပါ ဘုရား ၏ ထာ၀ရ အကြံအစည်တော် ၊ ဘုရားသခင် ကို အရှင် သခင် အဖြစ် ဦးထိပ် ထားခြင်း ၊ ဘုရား ကျေနပ် အောင် အသက် ရှင်ခြင်း တို့ ကို သိမြင် သူ ကျ မှ ဘုရား အကြိုက် ၊ ဘုရား သ ဘာ ၊ ဘုရား နည်းလမ်း ဖြင့် အသက် ရှင် နိုင် သည် ။ ဘုရား ပိုင် ဆိုင် သမျှ ကို လည်း သူ ပိုင်ဆိုင် ခံစား ခွင့် ရ ကြသည် ။ သို့မဟု တ် လျှင် ဘယ် လူသား တစ်ဦး အတွက် မျှ အကျွတ်တရား လမ်း မရှိပေ ။
Freddy Hayler ဟု ခေါ်သည့် ဘော့စနီးယား ကာသိုလိ ပ် ခရစ်ယာန် တစ်ယောက် သည် စစ်မှန် သော ခရစ်ယာန် ဖြစ် လာ ပြီးနောက် သူ့ ယခင် ယုံကြည်ခြင်း သည် ဘုရား ပြော သော ယုံကြည်ခြင်း မဟုတ်ကြောင်း သက်သေခံ ခဲ့သည် ။ ရောမ ၆း ၃ - ၆ ၌ ပေါလု ပြော ထားသည့် ခရစ်တော် ၏ သေခြင်း ထဲတွင် ဗ တ္တိဇံ ခံခြင်း အကြောင်းကို Watchman Nee က စံချိန်မီ ခရစ်ယာ န် အသက်တာ ဟု ခေါင်းစဉ် တပ် လျက် ရေးသား ခဲ့သည် ။
ထို့ကြောင့် ကယ်တင်ခြင်း ရ ရုံ သက်သက် သည် ဧဂံဂေ လိ ၏ သင်ပုန်းကြီး အဆင့် သာ ရှိသေး ၏ ။ ရေ ၌ ဗတ္တိဇံ ခံခြင်း ၊ ဂိညာဉ်တော် ဖြင့် ဗတ္တိဇံ ခြင်း ၊ မီး ဖြင့် ဗတ္တိဇံ ခြင်း တို့ကို အဆင့် ဆင့် တက်လှမ်း သွား မှ ခရစ်ယာန် အသက်တာ ပြည့်စုံသည် ။ ဂိ ညာဉ်တော် ၏ မီး ဖြင့် ဗတ္တိဇံ ခံခြင်း ကို ဂိုဏ်းဂဏ မတူ ကြသော John Wesley, Charles Finny, D.L Moddy, R.A Torrey, Andrew Murray, Watchman Nee တို့ အပြင် ခေတ် အဆက်ဆ က် မှ ကြီးမြတ်သော သန့်ရှင်း သူများ ကိုယ်တိုင် တွေ့ကြုံ ခံစား ခဲ့ ကြသည် ။
ဘုရားသခင် ရှေ့တော် တွင် သင် လည်း ရှေးသန့်ရှင်း သူများ ထက် တန်ဖိုး လျော့နည်းခြင်း မရှိပါ ။ ထို့ကြောင့် ဘုရား စိ တ်တော် တွေ့ သော သူ ၊ ဘုရား ကြိုက် သော စံချိန် စံညွှန်း နှင့် ကိုက်ညီ သည့် သူ ဖြစ်စေ ရန် ဤ စာအုပ် ကို မြန်မာမှု ပြု ကာ ဆီလျော် အောင် ပြန်ဆို ထုတ်ဝေ လိုက် ပါသည် ။
ကျွန်ုပ်တို့ လူသားများ ကြုံတွေ့ နေသော အခက်အခဲ ပဿနာများ ကို ဘုရားသခင် သိမြင် တော်မူ၏ ။ လူ ၏ လိုအပ် မှုများ ၊ ချို့ယွင်း မှုများ ၊ ချည်နှောင် ခံ ရ ခြင်းများ . . . အတွက် ဖြေရှင်းချက် ကို ဘုရားသခင် ပြင်ဆင် ပေး ထားသည် ။ လူ သည် ကောင်းတာ သိ သော်လည်း မလုပ် နိုင်၊ မကောင်း တာ သိ လည်း မရှောင် နိုင် ကြ ချေ၊ မသိ တာ ထက် မတတ် နိုင် တာ ကြောင့် ဒုက္ခ ပဲ ဂယ က် ထဲ နစ်မွန်း နေ ကြသည် ။
သို့သော် အရာခပ်သိမ်း ကို တတ် စွမ်း သော ဘုရား ကို အားကိုး အပ်နှံ တတ် သူ အတွက် အကျွတ် တရား လမ်း ရှိသည်
ဤ စာအုပ် က ရှင်ပေါလု ကဲ့သို့သော ကျမ်းတတ်ကြီး များ ၊ တရား သမားကြီးများ ပင် မသိသော အရာများ ကို Watchman Nee အား ဖြင့် ဘုရားသခင် ဖွင့်ပြ ထားသည်။ ဘုရားသခင် ပြောကြား ဆိုလို သည့် အဓိပ္ပါယ် ကို သင် မိအောင် ဖမ်းပါ ။ ဘုရားသခင် ပြ သည့် အရာ ကို မြင်အောင် ကြ ည့် ပါ ။
ဂိညာဉ် အရာ များ ကို ဘုရားသခင် ပြောနေခြင်း ဖြစ်သည့် အတွက် ဘုရားသခင် ၏ ဂိညာဉ်တော် သွန်သင်ခြင်း ကို ခံယူ သော သူ သာ နားလည် နိုင် မည် ။
ဘုရားသခင် ပြော သော အရာ များ ကို ဤ စာအုပ် တွင် ရေးသား ဖော် ပြ ထားသည် ။ ဘုရား ပြော သော စကား သည် ဘုရား ဆိုလို သော အဓိပ္ပါယ် ရှိ သည် ။ ထို့ကြောင့် သင် နားလ ည် လိုက်လျှောက် ဖို့ ဘုရားသခင် ကို မေးပါ ။
အကြိမ်ကြိမ် ဖတ်ရှုပြီး ဘုရားသခင် ၏ ဖွင့်ပြခြင်း ကို ဆာငတ် ခံယူ ပါ ။
လောကီ ပညာ ကို သုံး သော သူတို့ သည် ဘုရား နှင့်
ဆိုင်သော ဂိညာဉ် အရာများ ကို နား မလည် နိုင် ချေ ။ သင် မတတ် နိုင် ၊ သင် နား မလည် နိုင်သော အရာများ ကို ဖြေရှင်း အောင်မြင် ဖို့ သင် စိတ် ဂိညာဉ် ထဲ ကြွ ၀င် ပြီး ၊ သင့် အတွက် ယေရှုခရစ် အသက် ရှင် ပေး ချင် သည် ။
သင့် ကိုယ်စား ယေရှုခရစ် အား အသက် ရှင် ခွင့် ပေး ပါ
ဤ စံချိန်မီ ခရစ်ယာန် အသက်တာ စာအုပ် အားဖြင့် ဘုရားသခင် ၏ ကောင်းချီး မင်္ဂလာ ကို သင် ခံစား ရ ရှိ ပါ စေ သော ။ ဘုရားသခင် ၏ ဖွင့်ပြခြင်း အလင်း ကြောင့် သင့် အားဖြင့် လူ များစွာ ကို ထပ်ဆင့် ကောင်းချီး ပေး သော သူ ဖြစ်ပါ စေသော ။
စာတည်း
၁
ခရစ်တော်
၏
အသွေးတော်
စံချိန်မီ ခရစ်ယာန် အသက်တာ ဆိုသည်မှာ အဘယ်န ည်း။ စံချိန်မီ ခရစ်ယာန် အသက်တာ နှင့် ခရစ်ယာန် အများစု ၏ အသက်တာ သည် အလွန်တရာ ခြားနား လှ၏။ တောင်ပေါ် ဒသနာ မှ အသက်တာ ကို ကမ္ဘာ ပေါ် ရှိ အဘယ် လူသား တစ်ဦး မျှ မရှင် နိုင်ပါ။ မှန် ပါသည်။ ဘုရားသခင် ၏ သားတော် တစ်ပါး တည်း သာ ယင်း အသက်တာ ကို ရှင်နိုင်ပါသည်။
ခရစ်ယာန် အသက် ရှင်ခြင်းကို ဂလာတိ ၂း ၂၀ တွင် ဖာ်ပြသည် မှာ “ငါ သည် ကိုယ်တိုင် မရှင် ၊ ခရစ်တော် သည် ငါ ၌ ရှင်တော် မူ၏” ။ အဆင့် မြင့်သော ခရစ်ယာန် စံချိန် တစ်ခု ကို ရှ င်ပေါလု ဖော်ပြနေခြင်း မဟုတ်ပါ။ ခရစ်ယာန် တစ်ဦး အတွက် ဘုရားသခင် ရည်ရွယ်ထား သော စံချိန်စံညွှန်း ဖြစ်သည်။ ထို အ သက်တာ ကို အနှစ်ချုပ် ပြောရ ပါက “ကျွန်ုပ် သည် ကိုယ်တိုင် အ သက် မရှင် ၊ ခရစ်တော် သည် ကျွန်ုပ် ထဲ တွင် အသက် ရှင်တော် မူ၏။”
လူသား တိုင်း ၏ လိုအပ်ချက် အတွက် ဘုရားသခင် ပးသည့် တစ်ခုတည်း သော အဖြေ မှာ ယေရှုခရစ် ဖြစ်သည်။ ကျွန်ုပ်တို့ ၏ လိုအပ်ချက် ကို ခရစ်တော် ဖြင့် အစားထိုး ဖြေရှင်းခြ င်း သည် ဘုရားသခင် ၏ နည်းလမ်း ဖြစ်သည်။ ကျွန်ုပ်တို့ အပြစ် ခွင့်လွှတ်ခြင်း ရရန် ဘုရားသခင် ၏ သားတော် သည် ကျွန်ုပ်တို့ ကိုယ်စား အသေခံ တော်မူ၏။ ကျွန်ုပ်တို့ လွတ်မြောက်ခြင်း ရရန် သားတော် သည် ကျွန်ုပ်တို့ ကိုယ်စား အသက်ရှင် တော်မူ၏။ ထို့ကြောင့် အစားထိုးခြင်း (၂) မျိုး ရှိ ၏။ တစ်မျိုး မှာ ကားတိုင် ပါ်တွင် ကျွန်ုပ်တို့ ကိုယ်စား အသေခံ ကာ အပြစ်ခွင့်လွှတ်ခြင်း ပေး ခဲ့၏။ နောက် တစ်မျိုးမှာ ကျွန်ုပ်တို့ အတွင်း ၌ ကျွန်ုပ်တို့ ကိုယ်စား အသက်ရှင်ပေး သည်။ ဤ သမ္မာကျမ်းစာ ကို အစဉ် ယုံကြည် စွဲ ကိုင် ထားပါက ပြဿနာ ရှိသမျှကို တစ်ပါးတည်းသော သားတော် ၏ လုပ်ဆောင်ချက် ဖြင့် ဘုရားသခင် ဖြေရှင်း ပေးသည်။ ဤအဖြေ ကာင်း ကို ခံယူခြင်း ဖြင့် ချည်နှောင် ရှုပ်ထွေးမှုများ မှ ကျွန်ုပ်တို့ လွ တ်မြောက်ကြမည်။
ကျွန်ုပ်တို့၏ရောဂါနှစ်မျိုး ဒုစရိုက်အပြစ် နှင့် အပြစ်တရား
စံချိန်မီ ခရစ်ယာန် အသက်တာ ကို ရောမကျမ်း ၏ ပထမ (၈) ခန်း တွင် အသေးစိတ် ရှင်းထားသည်။ လက်တွေ့ ရှု ထာင့် မှ လေ့လာ ကြမည်။ ရှေးဦးစွာ ရောမကျမ်း ၏ ပထမ (၈) ခ န်း ကို နှစ်ပိုင်း ခွဲ ပြီး တစ်ပိုင်း စီ ကို သေချာ လေ့လာ မှ ခြားနားချ က် များကို တွေ့မြင် ရမည်။
ရောမကျမ်း ၏ ပထမ (၈) ခန်း ၌ လူ တစ်ဦးချင်းစီ တွင် ဖြစ်ပျက်နေသော အရာ ကိုဖော်ပြထားသည်။ ရော ၁း ၁-၅ း ၁၁ အထိ ပထမပိုင်း၊ ရော ၅း ၁၂ မှ ၈ း ၃၉ အထိ ဒုတိယပိုင်း အဖြစ် ခွဲ ပြီး တင်ပြထားသည်။ အပိုင်း နှစ်ပိုင်းမှ ဖော်ပြချက်များ မှာ ခြား နား နေ၏။ ဥပမာ ပထမပိုင်းမှာ ဖော်ပြချက် တွင် ဒုစရိုက်အပြစ် ကို အများကိန်း ဖြင့် ထပ်ခါ တလဲလဲ သုံးထားသည်။ သို့သော် ဒုတိယပိုင်း တွင် ဒုစရိုက်အပြစ် ကို သိပ် မသုံးတော့ဘဲ၊ အပြစ် ဘရား ကို အနည်းကိန်း ဖြင့် ကြိမ်ဖန်များစွာ သုံးထားသည်။
ကျွန်ုပ်တို့၏ ရောဂါနှစ်မျိုး
အသီး = ဒုစရိုက်အပြစ်
အမြစ် = ဗီဇ အပြစ်၊ အပြစ်တရား
၎င်း ဝေါဟာရ နှစ်ခု ၏ ခြားနားချက် မှာ ကျွန်ုပ်တို့ လွန် ကျူးခဲ့ကြသော မရေ မတွက် နိုင်သည့် ဒုစရိုက် အပြစ်များ သည် အပြစ်တရား မှ အရင်းခံ ပေါ်ပေါက် လာခြင်း ဖြစ်သည်။ ဒုစရိုက် အပြစ်ကို အပင်တစ်ပင်မှ အသီးအပွင့် အဖြစ် လည်းကောင်း၊ အပြ စ်တရား ကို အမြစ် နှင့် ပင်စည် အဖြစ် လည်းကောင်း မှတ်ယူ ထားပါက ပိုမို နားလည် လွယ်မည်။
ကျွန်ုပ်တို့ လွန်ကျူး ခဲ့သော ဒုစရိုက် အပြစ်များ အတွက် ခံရမည့် ပြစ်ဒဏ် မှ ခွင့်လွှတ်ခြင်း ရဖို့ လိုအပ် သလို၊ အပြစ်တရား ၏ တန်ခိုး မှ လွတ်မြောက်ခြင်း ခံရ ဖို့လည်း လိုအပ် ပါသည်။ ဒုစရိုက်အပြစ် က ကျွန်ုပ်တို့ ၏ ဩတ္တပ္ပ (၀ါ) ကိုယ့်ကိုယ်ကို သိ သာ စိတ် ကို ညစ်ညူးစေပြီး၊ အပြစ်တရား ကမူ ကျွန်ုပ်တို့၏ အ သက်တာကို ကျရှုံး ၊ ချာလပတ် လည် စေသည်။ ကျွန်ုပ်တို့ ကျူး လွန် သည့် ဒုစရိုက် ရှိသမျှ အတွက် အပြစ် ခွင့်လွှတ်ခြင်း ရ ပြီး သာ်လည်း ကျွန်ုပ်တို့ အတွင်း ၌ အပြစ်တရား ပင်မကြီး ကျန်နေ သး လျှင် စိတ် အေးချမ်း ငြိမ်သက်မှု ကင်းမဲ့ နေမည်။
ဘုရားသခင် ၏ အလင်း ပထမဆုံး အကြိမ် ကျွန်ုပ်၏ စိတ်နှလုံးထဲ ထွန်းလင်း စဉ် က ဒုစပိုင်အပြန်များ ကို ကွနုပ် ကီးလွန်ခဲ့ ကြောင်း ပ်ပိမြင်ကာ ခွင့်လွှတ်ခြင်း အတွက် ငိုကြွး တောင်းပန်ခဲ့သည်။ ခွင့်လွှတ်ခြင်း ကို အဖန်ဖန် ကျွန်ုပ် လက်ခံပြီး သည့်နောက် ကျွန်ုပ်ထဲ ၌ တစ်စုံတစ်ရာ မှားနေ သေးကြောင်း အသစ် ထပ်မံ တွေ့ လာသည်။ ၎င်းမှာ ကျွန်ုပ်ထဲတွ င် အပြစ်သား ၏ ဗီဇ သဘာ၀ ရှိနေကြောင်း သိလာသည်။
ကျွန်ုပ် အတွင်း ၌ ဒုစရိုက်အပြစ် လုပ်ရန် နှစ်သက် လို အားသော သဘာ၀ ရှိခြင်းကြောင့် ထို တန်ခိုး ကို ကျွန်ုပ် ငြင်းဆန် နိုင်စွမ်း မရှိဘဲ အပြစ် ကျူးလွန်ခြင်း ဖြစ်သည်။ ဤသို့ဖြင့် ကျွန်ုပ် သည် ဒုစရိုက်အပြစ် ကျူးလွန်လိုက် ၊ ခွင့်လွှတ်ခံရ လိုက် ဖြင့် ခရ စ်ယာန် အသက်တာ တွင် လုံးချာလည် နေတော့၏။ ဘုရားသခင် ၏ ခွင့်လွှတ်ခြင်း ကျေးဇူး ကို ကျွန်ုပ် အလွန်ပင် တန်ဖိုးထား ပါသ ည်။ သို့သော် လွတ်မြောက်ခြင်း ရဖို့ ကျွန်ုပ် သာ၍ လိုလား တောင့် တ မိပါသည်။ ကျွန်ုပ် ပြုခဲ့သော အပြစ်များ အတွက် ခွင့်လွှတ်ခြင်း လိုအပ် ရုံမက ချာချာလည် သည့် အခြေ အနေ မှ လွတ်မြောက်ခြ င်း ရ ဖို့ လည်း လိုအပ်သည်။
ဘုရားသခင်၏ ကုထုံးနှစ်မျိုး
အသွေးတော် နှင့် ကားတိုင်
ရောမကျမ်း ၏ ရှေ့ (၈) ခန်း တွင် ကယ်တင်ခြင်း နှင့် ဆိုင်သော ကဏ္ဍ နှစ်ခု ကို တင်ဆက် ထားသည်။ ပထမ ကဏ္ဍမှာ ဒုစရိုက်အပြစ် မှ ကျွန်ုပ်တို့ ခွင့်လွှတ်ခြင်း ရ ပြီး၊ ဒုတိယကဏ္ဍ မှာ အပြစ်တရား မှ လွတ်မြောက်ခြင်း ရ သည်။ ဤ ခြားနားချက် ကို သတိပြုပါ။
ပထမပိုင်း ရောမ ၁ မှ ၈ အထိ တွင် သခင်ယေရှု ၏ အသွေးတော် ကို နှစ်ကြိမ်တိုင် ရည်ညွန်းထားသည် ရော ၃ း ၁၆ ၊ ၅ း ၉ ။ အပြစ် ဆေးကြော ခံရခြင်း ဖြင့် ကျွန်ုပ်တို့ ဖြောင့်မတ်ရာ သို့ ရောက် ကြောင်း ရှင်းထား၏။ ဒုတိယပိုင်း တွင် အသွေး အ ကာင်း မဖော်ပြတော့ဘဲ ကားတိုင် ၏ ဆောင်ရွက်ချက်ကို အဓိက တင်ပြထားသည်။ ကားတိုင် တွင် ခရစ်တော် နှင့်အတူ ကျွန်ုပ်တို့ အသေခံရ ကြောင်း နောက်ထပ် သိမြင်လာသည် ရော ၆ း ၆ ။
ကားတိုင် က ကျွန်ုပ်တို့ ကို ခရစ်တော် နှင့် အတူ အသေ ခံခြင်း၊ သင်္ဂြိုလ်ခံ ရခြင်း၊ ပြန်ရှင်ခြင်း ထဲတွင် တစ်သားတည်း ပေါ င်စည်း သွားစေသည်။ ဤ အချက်သည် တန်ဖိုး မဖြတ်နိုင်သော ထူးခြားချက် ဖြစ်သည်။ အသွေးတော် က ကျွန်ုပ်တို့ ကျူးလွန် သာ ဒုစရိုက် အပြစ်များ ကို အပြီးတိုင် ဖြေရှင်းပေးသည်။ ကားတိုင် မူကား ကျွန်ုပ်တို့ ထဲ ရှိ အပြစ်ကျူးလွန် စေသော တန်ခိုးကို သု တ်သင် ဖြေရှင်း ပေးသည်။
ဒုစရိုက်အပြစ်ရောဂါ
သခင်ယေရှု ၏ အသွေးတော် က ကျွန်ုပ်တို့ ၏ ဒုစရိုက် အပြစ် ကို ပျောက်ကင်းစေပြီး ဘုရားသခင် ၏ ရှေ့မှောက် တွင် ဖာင့်မတ်သူ အဖြစ် မှတ်ယူခြင်း ခံရသည်။ လူ အပေါင်း တို့သည် ဒုစရိုက် ကို ပြု၍ ဘုရားသခင် ရှေ့တော် ၌ အသရေ ပျက် ကြပြီ ရော ၃း ၂၃ ။
ငါတို့ သည် အပြစ် ရှိစဉ်ပင် ခရစ်တော် သည် ငါတို့ အ တွက်ကြောင့် အသေခံတော် မူသည် ဖြစ်၍ ဘုရားသခင် သည် ငါ တို့ကို အဘယ် မျှလောက် ချစ်တော်မူသည် ကို ငါတို့အား ထင်ရှား စွာ ပြတော် မူ၏။ သို့ဖြစ်၍ ယခုတွင် အသွေးတော် အားဖြင့် ဖြော င့်မတ်ရာ သို့ ရောက်ပြီးမှ ထို သခင် အားဖြင့် အပြစ်ငရဲ မှ ကယ်ချွ တ်တော်မူခြင်း သို့ ရောက်မည် ဟု သာ၍ မျှော်လင့်စရာ ရှိ၏ ရော ၅ း ၈ - ၉ ။
ယေရှုခရစ် ရွေးနှုတ်တော်မူသော အားဖြင့် အဖိုး ကို မ ပးဘဲ ဘုရားသခင် ၏ ကျေးဇူးတော် ကြောင့် ဖြောင့်မတ်ရာ သို့ ရာက် ရ ကြ၏။ ဘုရားသခင် သည် သည်းခံတော်မူ၍ လွန်ခဲ့ပြီး သော ဒုစရိုက်အပြစ်များ ကို မှတ်တော်မမူရာတွင် ဖြောင့်မတ်ခြင်း တရားတော် ကို ထင်ရှားစေခြင်း ငှာလည်းကောင်း ၊ ယခု ကာလ ၌ ဖြောင့်မတ်ခြင်း တရားတော် ကို ထင်ရှားစေ၍ ယေရှု ကို ယုံကြ ည် သော သူတို့၏ အပြစ် ကို လွှတ်တော်မူ သော်လည်း တရား သဖြင့် ပြုတော် မူခြင်း ငှာလည်းကောင်း ၊ ယေရှုခရစ် ၏ အ သွးတော် ကို ယုံကြည်ခြင်း အားဖြင့် ထို ခရစ်တော် ကို အပြစ် ဖြေ စရာ အကြောင်း ဖြစ်စေခြင်း ငှာ ခန့်ထား တော်မူပြီ ရော ၃ J9 - JG
ယခု ကျဆင်းသွား သော လူ့ သဘာ၀ အခြေအနေ မှ မူလ ဖန်ဆင်းစ အခြေအနေ မှန် သို့ ပြန်လည် ရောက်ရှိခြင်း ၏ အကြောင်းရင်း ကို လေ့လာကြမည်။ ဘုရားသခင် ၏ စကား ကို နားမထောင်ခြင်း ကြောင့် ဤလောကထဲ သို့ အပြစ်တရား ၀င်ရော က်လာပြီး ရော ၅ း ၁၉ လူ ကို ဘုရား နှင့် ကင်းကွာ သွား စေသ ည်။ ပထမ ဦးစွာ အပြစ် ကြောင့် ဘုရား က လူ ကို ဆက်လက် မိတ်သဟာယ မဖွဲ့နိုင် တော့ချေ လူအပေါင်းတို့ သည် အပြစ် ရှိ၏။ ရော ၃း ၉ ။
ဒုတိယ မှာ လူ ထဲ မှ အပြစ် က လူ ကို ဘုရားသခင် နှင့် မိတ်သဟာယ မဖွဲ့နိုင်အောင် တားဆီးသည်။ ဘုရားသခင် နှင့် က င်းကွာ သွားကြောင်း လူ့ ထဲ၌ ခံစားရ၏။ ဩတ္တပ္ပစိတ် နိုးကြားကာ လူ က “အကျွန်ုပ် . . . ပြစ်မှား ပါပြီ” ဟု ၀န်ခံသည် လု ၁၅ း ၁၈ ။ မိမိ ၌ ဩတ္တပ္ပ ညစ်ညူးခြင်း က စာတန် အား ကျွန်ုပ်တို့ စိတ် တွင် ပြစ်တင် စွပ်စွဲခွင့် ပေးလိုက် ရုံသာမက ဘုရားသခင် ရှေ့ ၌ လည်း ပြစ်တင် စွပ်စွဲခွင့် ရစေ ၏။ ထို့ကြောင့် တတိယ မှာ “ညီအစ်ကို များ ကို ပြစ်တင် သော ရန်သူ” က သင် သည် အပြစ်ပြုပြီ ဟု ပါခွင့် ရှိသည် ဗျာ ၁၂ း ၁၀ ။
ထို့ကြောင့် ဘုရားသခင် ၏ အကြံအစည်တော် ထဲ သို့ ပြ န်လည် ခေါ်သွင်းရန် ကျွန်ုပ်တို့ ၏ ပြဿနာ သုံးရပ် ကို သခင် ယရှု ဖြေရှင်း ပေးခဲ့သည်။ ပထမ ဦးဆုံး ကျွန်ုပ်တို့၏ ဒုစရိုက်အပြ စ်များ ကို ခရစ်တော် ၏ အသွေးဖြင့် ဆေးကြော စင်ကြယ်စေသ ည်။ ဒုတိယ မှာ ဩတ္တပ္ပ ညစ်ညူးခြင်း ကို အသွေးတော် တန်ခိုး ဖြ င့် ကြည်လင် ငြိမ်သက်စေသည်။ နောက်ဆုံး အချက်ကား စာတန် ၏ စွပ်စွဲ တိုက်ခိုက်မှု များကို အသွေးတော် ဖြင့် တွန်းလှန် ချေပ စေ နိုင်သည်။ ခရစ်တော် ၏ အသွေးတော် က ဘုရား ဘက် ၊ လူ့ ဘက် ၊ စာတန် ဘက် သုံးဘက် ကို ဖြေရှင်း ပေးခဲ့သည်။
သခင်ယေရှု ၏ ကိုယ်စား အသေခံခြင်း နှင့် ကျွန်ုပ်တို့ ၏ ဒုစရိုက် အပြစ်များ ကို ဆေးကြောသန့်စင် ပေးသည့် အသွေး တာ် ၏ အစွမ်းအကြောင်း နားမလည် လျှင် ရှေ့ဆက် မတိုးနိုင် ချ။ ထို့ကြောင့် အသွေးတော် ၏ အရင်းခံ တန်ဖိုး မှန် ကို ပထမဦး စွာ သေချာ သဘောပေါက် ထား ရမည်။ အသွေးတော် ၏ လုပ် ဆာင်ချက် သုံးမျိုး ကို စေ့စေ့ လေ့လာကြည့် ကြစို့။
အသွေးတော်သည် ဘုရားသခင်အတွက်အဓိက
အသွေးတော် သည် ဘုရားသခင် ရှေ့တွင် ကျွန်ုပ်တို့ ကို ရပ်တည်နိုင်အောင် ပထမဆုံး အပြစ် ဖြေလွှတ် ပေးသည်။ ကျွန်ုပ် တို့ ကျူးလွတ်ခဲ့သော ဒုစရိုက် အပြစ်များ အတွက် အပြစ် စီရင်ခြ င်း ခံရ ဖို့ ရှိ သော်လည်း ကျွန်ုပ်တို့ အပြစ်ခွင့်လွှတ် ခံရခြင်း မှာ ဘုရားသခင်က ထို အပြစ်များ ကို လျစ်လျူ ရှုပစ် ခြင်းကြောင့် မဟုတ်ဘဲ ဘုရားသခင် အတွက် အဓိက ဖြစ်သည်။
အသွေးတော် အပေါ် ဘုရားသခင် ၏ တန်ဖိုး ဖြတ်ခြင်း အား သင် နားလည် ပါက အသွေးတာ် ၏ တန်ဖိုး ကို သင် လက်ခံ မည်။ ဘုရားသခင် ဖြတ် သည့် တန်ဖိုး ကို မသိ ပါက အသွေး တာ် မည်မျှ ထိုက်တန်ကြောင်း ကျွန်ုပ် မသိ နိုင်ပေ။ သန့်ရှင်းသော ဂိညာဉ်တော် ဖော်ပြခြင်း ဖြင့် သာ အသွေးတော် အပေါ် ဘုရားသ ခင် သတ်မှတ်သည့် တန်ဖိုး ကို သိရသည်။ အသွေးတော် ၏ အစွ မ်းကို ကျွန်ုပ် ကိုယ်တိုင် အားကိုး သည့် အခါ မှ မည်မျှ တန်ဖိုး ကြီး မား ကြောင်း တွေ့လာသည်။
အသွေးတော် ၏ ပထမဆုံး ကဏ္ဍ မှာ ဘုရားဘက် ဖြစ် သည်။ ဓမ္မဟောင်း ၊ ဓမ္မသစ်ကျမ်း နှစ်ခု စလုံး တွင် “အသွေး” ကို အပြစ်ဖြေခြင်း နှင့်ဆက်နွယ် သုံးစွဲ ထားသည်။ ဘုရားသခင် အတွ က် လေးနက်သော အရာ ဖြစ်သည်။ ဓမ္မဟောင်း ပြက္ခဒိန် ၌ အပြ စ်ဖြေရာနေ့ သည် အရေးပါသော နေ့ ဖြစ်သည်။ အပြစ်ဖြေရာ နေ့ ၌ အပြစ်ဖြေရာယဇ် ၏ အသွေးကို အသန့်ရှင်းဆုံး ဌာ ထဲ ယူဆော င်လာပြီး ထာ၀ရဘုရား ရှေ့တော်တွင် ခုနှစ် ကြိမ် ဖြန်းရသည် ၀တ် ၁၆ ။ အပြစ်ဖြေရာ ယဇ် ကိုမူ ပရိသတ် စည်းပေးရာ တဲ တာ်၀င်း တွင် မီးရှို့ ပူဇော်သည်။ ဤ မြင်ကွင်း ကို ပရိသတ် အား လုံး အစ မှ အဆုံးတိုင် တွေ့မြင် ကြသည်။ သို့သော် အသန့်ရှင်း ဆုံး ဌာန ထဲသို့ ယဇ်ပုရောဟိတ်မင်း မှ လွဲ၍ မည်သူ မျှ မ၀င်ရ ဟု ထာ၀ရဘုရား ပညတ်ထား၏ ။
အဘယ့်ကြောင့် ယဇ်ပုရောဟိတ်မင်း တစ်ပါးတည်း ၀င် ခွင့် ရသနည်း။ အကြောင်း မှာ ယဇ်ပုရောဟိုတ်မင်း သည် ရွေးနှု တ်ခြင်းအမှု ပြုသော သခင်ယေရှု ကို ဆိုလို၏။ ယဇ်ပုရောဟိတ်မ င်း တစ်ယောက် သာ ဤ ကိစ္စ ကို ဆောင်ရွက်ရ သဖြင့် အထဲသို့ ၀င်နိုင်သည် ဗြဲ ၉ း ၁၁ − ၁၂ ။
ဤအမှု သည် တဲတော် ၏ အတွင်းဆုံး ခန်းထဲ မှ ယဇ် ပုရောဟိတ်မင်း နှင့် ဘုရားသခင် အကြား သီးသန့် အလုပ် ဖြစ်ပြီး ၊ ပြင်ပ လူများ က မျက်စိ ဖြင့် မမြင် ကြ ရ သော်လည်း ထို လုပ် ဆာင်ချက် ၏ အကျိုးကျေးဇူး ကို ခံစား ကြ ရ သည်။ အသွေး သွ န်းပြီး အပြစ်ဖြေ ဖို့ ဘုရားသခင် တောင်းဆို ၏။ အသွေးတော် သည် ဘုရားသခင် အတွက် ပထမ ဦးစားပေး အဆင့် ဖြစ်သည်။
အီဂျစ်ပြည် ၌ ကျွန်ခံ နေကြသော အစ္စရေး (လ်) လူမျိုး တာ် အား ရွေးနှုတ် ကယ်တင်ရန် ပသခါ သိုးသူငယ် ၏ အသွေးကို သွန်းရသည် ထွက် ၁၂ း ၁၃ ။ ဤ စံနမူနာ သည် ဓမ္မဟောင်း ထဲမှ ရွေးနှုတ် ကယ်လွှတ်ခြင်း တွင် အကောင်းဆုံး ပုံစံ တစ်ခု ဖြစ်သ ည်။ အသွေး ကို ယူ၍ အိမ် တံခါးထုပ် နှင့် တံခါးတိုင် နှစ်ဘက် ၌ သုတ်လိမ်း ထား ရ ပြီး အသား ကို မူ အိမ် ထဲ ၌ စားရ ၏။ ဘုရား သခင် က ]]ထို အသွေး ကို ငါ မြင် သောအခါ သင်တို့ ကို ငါ လွန် သွား မည်}} ဟု မိန့်တော်မူ၏။ ဤ နေရာ တွင် အသွေး သည် လူ့ အတွေက် မဟုတ်ကြောင်း ထပ်မံ တွေ့မြင် ရသည်။ အကြောင်း ဆိုသော် အသွေး ကို အိမ် အပြင်ဘက် ရှိ တံခါးထုပ် နှင့် တံခါးတို င် နှစ်ဘက် ၌ သုတ်ထား သဖြင့် အိမ်တွင်း မှ စားသောက်ပွဲကြီး ကျင်းပနေ သူတို့ သည် အလျှင်း မမြင် ရ ကြ ချေ။
ဘုရားသခင်ကျေနပ်သည်
လူ ၌ အပြစ် ကင်းစင် သော အသက်တာ ဖြစ် ဖို့ ဘုရား သခင် ၏ သန့်ရှင်းခြင်း နှင့် ဖြောင့်မတ်ခြင်း က တောင်းဆို ၏။ အသွေး ၌ အသက် တည် သောကြောင့် ကျွန်ုပ်တို့ ၏ ဒုစရိုက် အြ ပစ် အတွက် သွေးသွန်းရမည်။ ဘုရားသခင် ၏ ဖြောင့်မတ်ခြင်း က အသွေးသွန်း ဆက်သဖို့ တောင်းဆိုသည် ဖြစ်၍ “ထို အသွေး ကို ငါ မြင် သော အခါ သင်တို့ ကို ငါ လွန်သွားမည်” ဟု မိန့်တော် မူ ၏။ ထို့ကြောင့် ခရစ်တော် ၏ အသွေးတော် သည် ဘုရားသခင် အား ချွင်းချက် မရှိ ကျေနပ် စေ၏။
ဤ ကိစ္စ တွင် မကြာခဏ အခက်အခဲများ တွေ့ကြုံ ရတ တ်ကြောင်း ခရစ်တော် ၌ နုနယ်သော ညီငယ် ညီမငယ်များ ကို ယခု ကျွန်ုပ် ပြောပြ ပါမည်။ မယုံကြည်သူ ဘ၀ တုန်း က ဘုရား သခင် ၏ နှုတ်ကပတ်တော် နှင့် မထိတွေ့ ခင် ကျွန်ုပ်တို့ ၏ ဩတ္တ ပ္ပ သည် အရာရာ ၌ အဆင်ပြေ နေ၏။ ထိုစဉ် က ကျွန်ုပ်တို့ ၏ သတ္တပ္ပ သည် သေနေ ၍ ဘုရားသခင် အတွက် ဘာမျှ အသုံး မ ရချေ။ သို့သော် ယုံကြည်သူ ဖြစ်လာပြီး နောက် ဩတ္တပ္ပ သည် နိုး ထ သက်၀င် လာ သောကြောင့် စိတ် မကြည် မလင် ဖြစ်လာ 6 တာ့သည်။ မိမိ ၌ အပြစ် ရှိ ကြောင်း သိသော စိတ် (၀ါ) သံ၀ဂ စိ တ် က အလွန် ကြီးမား လွန်းပြီး အသွေးတော် ၏ အကျိုး ကို မမြ င်နိုင် လောက်အောင် ခရစ်တော် ၏ အသွေး ထက် မိမိ ၏ အပြစ် က သာလွန် ကြီးမား သယောင် ထင်မြင် လာသည်။
ယင်းသို့ ဖြစ်ခြင်း မှာ အသွေးတော် ၏ တန်ဖိုး ကို ခံစား ချက် ဖြင့် သိ မြင်အောင် ကြိုးစားခြင်း ကြောင့် ဖြစ်သည်။ ထိုသို့ကြိုးစား လျှင် တန်ဖိုး မှန် ကို မသိနိုင်ပါ။ အသွေးတော် ၏ ပထမ ဆုံး အကျိုး မှာ ဘုရားသခင် မြင် ဖို့ ဖြစ်ပြီး ဘုရားသခင် ဖြတ် သာ တန်ဖိုး ကို ကျွန်ုပ်တို့ လက်ခံ ဖို့ ဖြစ်သည်။
မိမိ ခံစားချက် ပေါ် အမှီ ပြု ကာ အသွေးတော် ၏ တန် ဖိုး ကို ဖြတ်လျှင် ကျွန်ုပ်တို့ သည် အဂိဇ္ဇာမှောင် ထု ထဲ ဆက်လက် ကျင်လည် နေမည်။ ဘုရားသခင် ၏ နှုတ်ကပတ်တော် ပေါ် ကည်ခြင်း ဖြင့် ရပ်တည် ရသည်။ အသွေးတော် သည် ဘုရားသခ င် တန်ဖိုးထားသော အရာ ဖြစ်သည့် အတွက် ကျွန်ုပ်တို့ လည်း တ န်ဖိုး ထားရမည် ၁ ပေ ၁း ၁၈ - ၁၉ ။
ကျွန်ုပ်တို့ ၏ ဒုစရိုက် အပြစ်များ ကို အသွေးတော် ဖြင့် ဘုရားသခင် အဖိုးအခ ပေးချေ ခဲ့ ပြီးကြောင်း ကျွန်ုပ်တို့ စိတ်ချ ရမ ည်။ ဘုရားသခင် တန်ဖိုး ဖြတ်သည့် စံနှုန်း အတိုင်း ကျွန်ုပ်တို့ တန် ဖိုး ဖြတ် ရမည်။ အပို အလို လုံး၀ မရှိရပါ။ အသွေးတော် သည် ဘုရားသခင် ၏ မျက်စိရှေ့တွင် လက်ခံဖွယ် ၊ ဥဿုံ ကျေနပ်ဖွယ် ဖြစ်သည် ဟု သန့်ရှင်း ဖြောင့်မတ် သော ဘုရားသခင် တစ်ပါးတ ည်း ကသာ ပြောပိုင်ခွင့် ရှိသည်။
အသွေးတော်ဖြင့် ယုံကြည်သူ တိုး၀င်ချဉ်းကပ်ခွင့်ရ
အသွေးတော် သည် ဘုရားသခင် ကို ကျေနပ်စေ သကဲ့ သို့ ကျွန်ုပ်တို့ ကိုလည်း ကျေနပ် စေသည်။ အသွေးတော် ၏ ဒုတိ ယမြောက် အကျိုး မှာ လူ အတွက် ဖြစ်သည်။ လူ့ ဩတ္တပ္ပ ကို သန့်ရှင်း စင်ကြယ် စေသည်။ ကျွန်ုပ်တို့ သည် အသွေးတော် ဖြင့် “စိတ်နှလုံး သံ၀ဂ တရား နှင့် လွတ်အောင် ဖြန်းခြင်း ခံရ ကြသ ည်” ဟေဗြဲ ၁၀ း ၂၂ ။ ဤ အရေးကြီးဆုံး အချက် ကို ဂရုစိုက် ဖ တ်ပါ။ ဟေဗြဲကျမ်း က သခင်ယေရှု ၏ အသွေးတော် သည် စိတ်နှ လုံး ကို သန့်ရှင်း စင်ကြယ် စေသည် ဟု မပြော သော်လည်း စိတ် နှလုံး ကို စင်ကြယ် စေသည် ဟု ကျွန်ုပ်တို့ က တလွဲ အဓိပ္ပါယ် ကာက်လေ့ ရှိကြသည်။ လွဲမှား ယူဆ သောကြောင့် “ကိုယ်တော် ကျွန်ုပ် စိတ်နှလုံး ကို အသွေးတော် နဲ့ ဆေးကြောသန့်စင် ပေး ပါ” ဟု ဆုတောင်း မှားတတ် ကြသည်။ စိတ်နှလုံး သည် အရာခပ် သိမ်း ထက် “စဉ်းလဲ ယိုယွင်းသည်” ဟု ဘုရားသခင် မိန့်တော်မူ၏ ယေ ၁၇း ၉ ။ ထို့ကြောင့် စိတ်နှလုံး ကို သန့်ရှင်း ၊ စင်ကြယ် အာင် ဘုရားသခင် မလုပ်ပါ။
စိတ်နှလုံးသစ်ကိုသာ ဘုရားသခင်ပေးသည်
အမှိုက်ပုံး ထဲ စွန့်ပစ် ရမည့် အ၀တ်အထည် ဟောင်း ကို လျှော်ဖွတ် မီးပူတိုက် စရာ မလိုပါ။ ထို့ နည်းတူ “ဇာတိ ပကတိ” သည် သန့်စင် မရနိုင် လောက်အောင် ဆိုးရွား ပျက်စီးနေ သော ကာင့် ကားစင်တင် သတ်ပစ် ရသည်။ ကျွန်ုပ်တို့ ၏ စိတ်နှလုံး ကို လုံး၀ ပကတိ အသစ် ဖြစ်အောင် ဘုရားသခင် လုပ်ပေးသည်။ “စိ တ်နှလုံး သစ် ကို ငါ ပေးမည်။ သဘော သစ်ကို သွင်းထားမည်” ယေဇ ၃၆း ၂၆ ။
စိတ်နှလုံး ကို အသွေးတော် ဖြင့် ဆေးကြော သန့်စင် ပေး ကြောင်း ဖော်ပြချက် ကို ကျွန်ုပ် တစ်ခါ မျှ မတွေ့ဖူး ပါ။
အသွေးတော် သည် ဘုရားသခင် ရှေ့တော် တွင် ကျွန်ုပ်တို့ ၏ အပြစ်များ ကို ပုဂ္ဂလ ဓိဋ္ဌာန် ကျသော နည်း ဖြင့် မဖြေရှင်းဘဲ ဓမ္မ ဓိဋ္ဌာန် ကျသော နည်း ဖြင့် ဆေးကြော သန့်စင် ပေးသည်။
ဟေဗြဲ ၁၀ ပါ “စိတ်နှလုံး ကို သံ၀ဂ တရား နှင့် လွတ် အာင် ဖြန်းခြင်း” စကား သည် ကျွန်ုပ်တို့ ၏ စိတ်နှလုံး ကို မဆိုလို ဘဲ ဩတ္တပ္ပ ညစ်ညူးခြင်း ၊ မကြည်လင်ခြင်း ကို ဆိုလိုသည်။ သို့ သာ် အသွေးတော် ၏ လုပ်ဆောင်ပြီးစီး သမျှ ကို ယုံကြည် လက်ခံ လိုက်သည့် အချိန် ၌ ကျွန်ုပ်တို့ ၏ ဩတ္တပ္ပ သည် တမဟုတ်ချင်း သန့်ရှင်း ကြည်လင် သွားသည်။
ဘုရားသခင် နှင့် ကျွန်ုပ်တို့ အကြား ဆက်ဆံရေး သည် သတ္တပ္ပ သန့်ရှင်း ကြည်လင်မှု ပေါ် မူတည် သည်။ ယုံကြည်ခြင်း ရှိသော စိတ်နှလုံး နှင့် ပြစ်တင် စွပ်စွဲချက် ကင်းလွတ်သော ဩတ္တ ပွ သည် အပြန် အလှန် မှီတွယ် နေသည်။ ဩတ္တပ္ပ မကြည်လင် သည် နှင့် ယုံကြည်ခြင်း လည်း လျော့ပါး သွားကာ ဘုရားသခင် နှ င့် မျက်နှာချင်း မဆိုင်ရဲ သဖြင့် အထံတော် သို့ မချဉ်းကပ် နိုင် တာ့ ချေ။
ဘုရားသခင် ထံ ချဉ်းကပ်ရန် အသွေးတော် ၏ အကျိုး ကို မိနစ်တိုင်း ၊ နာရီတိုင်း ၊ နေ့စဉ် လိုအပ်လျက် ရှိသည်။ အ သွးတော် ၏ အကျိုး သက်ရောက် မှု က ကျွန်ုပ်တို့ အား အထံ တာ် သို့ ချဉ်းကပ်နိုင် စေ သည်။ အသန့်ရှင်း ဆုံး ဌာန သို့ ၀င်ရော က် ခွင့် ရှိ စေ သည်။ ဘုရားသခင် ထံ အသွေးတော် နှင့် ၀င်ရောက် မလား။ သို့တည်း မဟုတ် အခြားအရာ တစ် ခုခု ဖြင့် ၀င်ရော က် မလား။
“အသွေးတော် ဖြင့်” ဟု ဆိုရာ ၌ မည်သို့ အဓိပ္ပါယ် ရှိ သလဲ။ သခင်ယေရှု လုပ်ဆောင် ပြီးစီးခဲ့မှု ပေါ် အခြေပြု လျက် ဘုရားသခင် ထံ သို့ ကျွန်ုပ် လာသည်။ ခရစ်တော် ၏ ကောင်းမှု တစ်ခု တည်း ဖြင့် ဘုရားသခင် ထံ ကျွန်ုပ် ချဉ်းကပ် ပါသည်။ မိမိ ၏ ကြိုးစား လုပ်ဆောင်ချက် နှင့် အကျင့် သီလ ဖြင့် မဟုတ်ပါ။ အချိန်တိုင်း အသွေးတော် ဖြင့် သာ ချဉ်းကပါ နိုင်သည်။
သို့သော် ဘုရားသခင် ထံ ချဉ်းကပ်တိုင်း ကြုံရသည့် စုံစ မ်းနှောင့်ယှက်ခြင်း ရှိ သေး၏။ ထို စုံစမ်းခြင်း မှာ ဘုရားသခင် ကို ပိုမို သိ ဖို့ ၊ ကားတိုင် ၏ နက်နဲချက်များ ကို သွန်သင်ခြင်း ခံဖို့ နှင့် မိမိ ကိုယ် ကို စံနှုန်း သစ် ချမှတ် ကာ ၊ လိုက်မှီ မှ ကြည်လင်သော ဩတ္တပ္ပ ရှိမည် ဟု ထင်ကြသည်။ ယင်း အမြင် မှာ လုံး၀ မမှန်ပါ။ ကည်လင် သော ဩတ္တပ္ပ သည် ကျွန်ုပ်တို့ ၏ လုပ်ဆောင်ချက် ပေါ် မူ မတည် ဘဲ သခင်ယေရှု ၏ အသွေးပေါ် သာ မူတည်သည်။
လူ တစ်ချို့ က တစ်လွဲ စဉ်းစား နေကြသည်။ ထို စဉ်း စားချက် များမှာ “ဒီနေ့ နည်းနည်း ပို သတိ ထားတယ် ၊ ခါ တိုင်း ထက် ပို ကောင်း အောင် လုပ်တယ်။ ဒီ မနက် နှုတ်ကပတ် တာ် ကို အားရပါးရ ဖတ်တယ်။ ဒါကြောင့် ကျွန်တော့် ဒီနေ့ ပို ကာင်း အောင် ထိရောက်အောင် ဆုတောင်း နိုင်မယ်” ဟု ထင်ကြ သည်။ တစ်ချို့ ကလည်း “ဒီနေ့ ကျွန်မ မိသားစု နဲ့ သိပ် အဆင် မပြေ ဘူး။ ဒီနေ့ စိတ်ထဲ မှာ တစ်မျိုးကြီးပဲ ၊ ထိုင်းမှိုင်း လေးလံ နေ တယ်။ တစ်ခုခု မှား နေပုံရတယ်။ ဒါကြောင့် ကျွန်မ ဘုရားသခင် ဆီ မချဉ်းကပ်နိုင် ပါဘူး ရှင်” ဟု ရင်ဖွင့်ကြ သည်။
မိတ်ဆွေ -−ဘယ် ရပ်တည်ချက် ဖြင့် ဘုရားသခင် ထံ သင် ချဉ်းကပ် နေသလဲ။ မရေ ရာသော သင့် ခံစားချက် ဖြင့်လား။ သင့် ခံစားချက် က ဘုရားသခင် အတွက် တစ်စုံတစ်ရာ လု ပ်ဆောင်ပေး နိုင်ပါသလား။ “အသွေးတော် ကို မြင်၍ ဘုရားသခင် ကျေနပ် သည်” ဟူသော သမ္မတရား ထက် ပိုမို စိတ်ချ အားကိုးထို က် သည့် ရပ်တည်ချက် သင် ၌ ရှိပါ သလား။ သင့် ခံစားချက် နှင့် သင့် ကြိုးစား အားထုတ်မှု သည် တက်လိုက် ကျလိုက် ဖြင့် တစ် ခဏ အတွင်း ပြောင်းလဲ သွားနိုင်သော်လည်း အသွေးတော် ကား ဘယ် သော အခါ မျှ မပြောင်းလဲဘဲ တစ်သမတ်တည်း အကျိုး ရှိ န၏။ သို့ဖြစ်၍ အသွေးတော် ဖြင့် ဘုရားသခင် ထံ တိုး၀င် ချဉ်းက ပ် သူ သည် ရဲရင့်ခြင်း ရှိသည်။ သင့် ကြိုးစား လုပ်ဆောင်မှု ကော င်း သည် ဖြစ်စေ ၊ မကောင်း သည် ဖြစ်စေ အကြောင်း မဟုတ်ပါ။
ထိုနည်းတူ ကောင်းမွန် အဆင်ပြေ သော နေ့ ကို တွေ့ ကုံ ရ သည် ဖြစ်စေ ၊ ဆိုးရွားသော နေ့ ကို ဖြတ်သန်းရ သည် ဖြ စ်စေ ကြောက်ရွံ့ တုန်လှုပ် စရာ မလိုပါ။ သင့် ဩတ္တပ္ပ ကြည်သည် ဖြစ်စေ ၊ မကြည်သည် ဖြစ်စေ ၊ အအသွေးတော် ဖြင့် အသန့်ရှင်း ဆုံး ဌာန ရှိ မျက်မှောက်တော် သို့ ချဉ်းကပ် နိုင် သည်။ ဘုရားသခ င် ရှေ့ ၀င်ရောက် နိုင်သည့် ရပ်တည်ချက် သည် အသွေးတော် မှ တစ်ပါး အခြား မရှိပါ။
ဘုရားသခင် ထံ ချဉ်းကပ် ဖို့ မူလအစ အဆင့် နှင့် တိုး တက် နေ သော အဆင့် ဟူ၍ နှစ်ဆင့် ရှိပါသည်။ ပထမ အဆင့် မှာ ကျွန်ုပ်တို့ သည် “ယခု အခါ | ယေရှုခရစ် ၌ ဖြစ် ၍ အသွေး တာ် အားဖြင့် အနီးသို့ ရောက်ကြပြီ” ဧ ၂း ၁၃ ။ ထို့ကြောင့် ဘုရားသခင့် ရှေ့တွင် အသွေးတော် အားဖြင့် ကျွန်ုပ်တို့ ၏ ရပ်တ ည်ချက် သည် ခိုင်ခံ့ လုံခြုံ ၏။
ပထမ အဆင့် ၌ ရပ်တည် ပြီး သည့်နောက် အသွေး တာ် ဖြင့် ကျွန်ုပ်တို့ ဆက်လက် ချဉ်းကပ် ရမည်။ “ထို့ကြောင့် ညီ အစ်ကိုတို့ . . . ငါတို့ သည် သန့်ရှင်းရာ ဌာန ထဲသို့ အသွေးတော် ကို အမှီပြု၍ အဆီးအတား မရှိ ၀င်ရသော အခွင့် ရှိ သဖြင့် . . . အထံတော် သို့ တိုး၀င် ချဉ်းကပ် ကြကုန်အံ့” ဟေဗြဲ ၁၀း ၁၉ JJ"
အသွေးတော် ဖြင့် အစ ပြု၍ ဘုရားသခင် ထံ ကျွန်ုပ် ၀င်ရောက်သလို ၊ ယင်းဆက်နွယ် ရင်းနှီးမှု သစ်အား မြဲမြံစေရန် အချိန်တိုင်း အသွေးတော် ဖြင့် ကျွန်ုပ် ဆက်လက် ချဉ်းကပ်ဖို့ လို သည်။ ဤကိစ္စသည် ကယ်တင်ခြင်း နှင့် လားလား မျှ မပတ်သက် ပါ။ ဘုရားသခင် နှင့် မိတ်သဟာယ ဖွဲ့ခြင်း ကို တည်ဆောက် နေ ခင်း ဖြစ်သည်။ သင့် အနေဖြင့် “ဒါက လွယ်လွန်းတယ် ဗျာ . . . ဧဂံဂေလိ တရား ရဲ့ သင်ပုန်းကြီး - က ကြီး - ခ ခွေး - ဂ ငယ် အဆင့်ပဲ ရှိတယ်” ဟု ပြော လိမ့်မည်။
မှန်ပါသည် မိတ်ဆွေ။ ကယ်တင်ခြင်း သင်ပုန်းကြီး ကို ကျွန်ုပ်တို့ စွန့်ပစ်ခဲ့ခြင်း ကြောင့် ပြဿနာ ကြုံ ရ ကြသည်။ ဘုရား သခင် နှင့် မိတ်သဟာယ ဖွဲ့ခြင်း ၊ ဆက်လက် တိုးတက် ခိုင်မြဲရေး ကို အသွေးတော် မလိုဘဲ အခြား နည်းလမ်းများ ဖြင့် ရသည် ဟု ကျွန်ုပ်တို့ တလွဲ စဉ်းစား တတ်ကြသည်။ တကယ် တမ်းတွင် လုံး၀ မရပါ။ အသွေးတော် ဖြင့် အပြစ်ခွင့်လွှတ် ခံရခြင်း နှင့် အစပြုသလို အဆုံးတိုင်အောင် မိတ်သဟာယ တိုးတက်ခိုင်မြဲ ရေးမှာလ ည်း အသွေးတော် ၌ သာ တည်သည်။
ဤသို့ ပြောသော အခါ ခရစ်ယာန် အသက်တာ ကို မိမိ ကိုက်သလို ၊ နမော်နမဲ့ အသက်ရှင် ဖို့ လုံး၀ မဆိုလိုပါ။ ခရစ် တာ် ၏ အသေခံခြင်း ကို လေ့လာ သည့်အခါ အရာရာ တွင် အ လးအနက်ထား ဆင်ခြင် အသက်ရှင် ရမည့် အကြောင်း တွေ့ကြ ရမည်။ ယခု လက်တလော အသွေးတော် ၏ အကျိုး သက်ရော က်မှု နှင့် ပင် လုံလောက် လျက် ရှိသည်။
ကျွန်ုပ်တို့ သည် အားနည်း ကောင်း အားနည်းကြ လိမ့်မ ည်။ သို့သော် အားနည်းချက် ကို အာရုံစိုက်ခြင်း ၊ အလေးထားခြ င်း ဖြင့် ခွန်အား ကြီးသူ ဖြစ်မလာ နိုင်ပါ။ မိမိ ကိုယ် ကို အပြစ်ပေ ခင်း ဖြင့် လည်း နဂိုထက် သန့်ရှင်း ဖြောင့်မတ် မလာ နိုင်ပါ။ အ ထံတော် သို့ ရဲ့ရင့် စွာ တိုး၀င် ချဉ်းကပ်ဖို့ ၊ အသွေးတော် မှ တစ် ပါး အခြား အားကိုး စရာ မရှိပါ။
“ထို့ကြောင့် ဘုရားသခင် . . . အသွေးတော် ရဲ့ အကျိုး ကို ကျွန်ုပ် အကုန်အစင် မသိပေမယ့် ကိုယ်တော့် ကို ကျေနပ် စကြောင်း သိပါတယ်။ ဒါကြောင့် အသွေးတော် ဟာ ကျွန်ုပ် အတွ က် လုံလောက် ပါတယ်။ တစ်ခုပဲ တောင်းလျှောက် ပါရစေ။ ကို ယ်တော် ထံ ချဉ်းကပ်တိုင်း ကျွန်ုပ်အား အသွေးတော် ပေါ် ရပ်တ ည်စေပါ” ဟု ဘုရားရှင် ထံ ဆုတောင်းပါ။
ထို ခဏချင်း တွင် သင့် ဩတ္တပ္ပ ကြည်လင် လိမ့်မည်။ အသွေးတော် နှင့် ကင်းသည့် သန့်ရှင်း ကြည်လင်သော ဩတ္တပ္ပ ဟူ၍ အလျှင်း မရှိပါ။ အသွေးတော် ကသာ ရဲရင်းခြင်း ကို ပေးသ ည်။ “၀တ်ပြုသော သူတို့ သည် တစ်ခါတည်း နှင့် စင်ကြယ်ခြင်း သို့ရောက်ပြီး မှ နောက်တဖန် သံ၀ဂ တရား ရစရာ အကြောင်း အလျှင်း မရှိ” ဟူသော စကား သည် အံ့မခန်းဖွယ် နှုတ်ကပတ် တာ် တရား ဖြစ်သည် ဟေဗြဲ ၁၀ း ၂ ။
ကျွန်ုပ်တို့ ၏ အပြစ် ရှိ သမျှ ကို အသွေးတော် ဖြင့် ဆးကြောခြင်း ခံရ ပြီးပြီ ဟု ယုံကြည်လျှင် ရှင်ပေါလု ကဲ့သို့ ပြောနို င် ကြပြီ။ “ထာ၀ရဘုရား အပြစ် တင်တော်မူခြင်း နှင့် လွှတ်သော သူသည် မင်္ဂလာ ရှိ ၏” ရော ၄း ၈ ။
ပြစ်တင်စွပ်စွဲသူကိုအောင်မြင်ခြင်း
အသွေးတော် ၏ နောက် ရှုထောင့် သစ် တစ်ခု ကို လေ့ လာ ကြပါစို့။ ယနေ့ ညီအစ်ကိုများ ကို ပြစ်တင် စွပ်စွဲခြင်း သည် စာတန် ၏ အထိရောက်ဆုံး မဟာဗျူဟာ ဖြစ်သည် ဗျာ ၁၂း ၁၀ ။ သခင်ယေရှု သည် မိမိ ၏ အသွေးတော် နှင့် သန့်ရှင်းရာ ဌာန ထဲသို့ တစ်ခါတည်း ၀င်တော်မူသော ယဇ်ပုရောဟိတ်မင်း အဖြစ် အထူး အမှုဆောင်လျက် စာတန် ကို ထိပ်တိုက် ရင်ဆိုင် ဖြေရှင်း ပးသည် ဗြဲ ၉ း ၁၂ ။
အသွေးတော်က စာတန်ကို ဘယ်လိုရင်ဆိုင် ဖြေရှင်း
နေသလဲ။ အသွေးတော် က လူ့ ဘက် မှ ရပ်တည် ကာ စာတန် အား ဆန့်ကျင် ရင်ဆိုင် ပေးသည်။ လူ ၏ ကျဆုံးခြင်း ကြောင့် စာ တန် အား လူ့ အတွင်း ၌ ခြေကုတ် ရစေ၏။ လူ သည် ဘုရားသခ င် နှင့် ကွဲကွာသွား သောကြောင့် ချက်ချင်း ပင် ဘုရားသခင် ၏ ဘု န်းအသရေ မဲ့ပြီး ၊ အလှမ်းပေးရာ ဧဒင်ဥယျာဉ် အပြင် သို့ ရောက် သွားသည် ရော ၃း ၂၃ ။ အပြစ် ကြောင့် လူ ၏ အတွင်း ၌ မ သိုးမသန့် ဖြစ်နေသော စိတ် က ဘုရားသခင် နှင့် စိမ်းကား စေသ ည်။ ထို စိတ် ကို မဖယ်ရှား သမျှ ကာလပတ်လုံး ဘုရားသခင် ၏ ဖြောင့်မတ်ခြင်း ဂုဏ်အသရ က လူ့ ဘက် မှ မကာကွယ် ပေးနိုင် ချ။ သို့သော် အသွေးတော် က ထိုအတားအဆီး ကို ဖယ်ရှားပြီး လူ နှင့် ဘုရား ၏ မူလ သဟာယ အခြေအနေ သို့ ပြန်လည် တ ည်ဆောက် ပေးသည်။ အသွေးတော် ၏ ကျေးဇူး ကြောင့် မိမိဘ က် ၌ ဘုရားသခင် ရှိသည့်အတွက် လူ သည် စာတန် ကို မကြော က်ဘဲ ရင်ဆိုင်နိုင် တော့သည်။
“အသွေးတော် သည် ငါတို့ အပြစ် ရှိ သမျှ ကို ဆေး ကာတော် မူ၏” ၁ယော ၁ း ၇ ။ ဤ ကျမ်းပိုဒ် ထဲတွင် “အပြစ် အားလုံး” ဟု ယေဘုယျ မပြောဘဲ “အပြစ်ရှိသမျှ” ဟု ပြောသည်။ အဓိပ္ပါယ် မှာ “အပြစ် တစ်ခု ချင်းစီ” ကို ဆိုလိုသည်။ အသွေး တာ် ၏ စွမ်းပကား သည် အံ့ဩဖွယ် ကောင်းလှ ပါတကား။
ဘုရားသခင် သည် အလင်း ၌ ရှိတော်မူ သကဲ့သို့ ကျွန်ုပ် တို့ သည် ကိုယ်တော် နှင့် အတူ အလင်း ထဲ ကျင်လည် လျှင် အရာရာ သည် အလင်းတွင် ပေါ်လွင် ရှင်းလင်း နေသည်။ အ သွးတော် သည် အပြစ် ရှိသမျှ ကို ဆေးကြောသန့်စင် နိုင်စွမ်း ရှိ၏။ အံ့မခန်းဖွယ် ဆေးကြောခြင်း မဟုတ်ပါလား။ ဆေးကြောခြ င်း ၏ အရင်းခံမှာ ကျွန်ုပ်က ကိုယ့် အကြောင်း ကို မသိခြင်း ကြော င့် မဟုတ် ၊ ဘုရားသခင် က ကျွန်ုပ် အကြောင်း ကို မသိခြင်း ကာင့်လည်း မဟုတ်ပါ။ ကျွန်ုပ် က အပြစ် တစ်ခုခု ကို ကြိုးစား ဖုံးကွယ် ထား၍ သို့မဟုတ် ဘုရားသခင် က လျစ်လျူရှုထားခြင်း ကာင့် လည်း မဟုတ်ပါ။ ကိုယ်တော်ရှင် သည် အလင်း ၌ ရှိတော် မူ သကဲ့သို့ ကျွန်ုပ်လည်း အလင်း ၌ ရှိသည် ဖြစ်၍ အသွေးတော် က ကျွန်ုပ် ၏ အပြစ် ရှိ သမျှ ကို ဆေးကြော ပေးသည်။
လူ အချို့ က မိမိ ၏ အားနည်းချက် ဖိစီးခံရ သောအခါ မိမိ ကျူးလွန် ခဲ့သည့် အပြစ်များ ကြောင့် ခွင့်လွှတ်ခြင်း မရနိုင် ဟု ထင်တတ် ကြသည်။ “အပြစ် ရှိသမျှ ကို အသွေးတော် ဖြင့် ဆးကြောတော် မူ၏” စကား ကို သတိရပါ။ “အပြစ် ရှိသမျှ” ဆိုသ ည်မှာ ကြီးမားသော အပြစ် နှင့် သေးငယ်သော အပြစ် ၊ အလွန် ဆိုးရွားသော အပြစ် နှင့် မပြောပလောက် သည့် အပြစ် ၊ မိမိ အ ထင် ခွင့်လွှတ်နိုင်ဖွယ် အပြစ် နှင့် ခွင့်မလွှတ်နိုင်ဖွယ် အပြစ် ၊ သိ၍ လုပ်မိ သော အပြစ် နှင့် မသိဘဲ လုပ်မိ သော အပြစ် ၊ မှတ်မိသော အပြစ် နှင့် မမှတ်မိ တော့သည် အပြစ် ၊ . . စသည့် အပြစ် အား လုံး သည် “အပြစ် ရှိသမျှ” ထဲတွင် အကျုံး၀င် ပါသည်။ သားတော် ယေရှု ၏ အသွေးတော် သည် ကျွန်ုပ်တို့ ၏ အပြစ် ရှိသမျှ ကို ဆးကြောတော် မူ၏။ အသွေးတော် သည် ဘုရားသခင် ကို ပထမ ဦးဆုံး ကျေနပ်စေ၏။
ဘုရားသခင် သည် ကျွန်ုပ်တို့ ၏ အပြစ် အလုံးစုံ ကို အ လင်း ၌ တွေ့မြင်တော်မူ၏။ ထို့နောက် အသွေးတော် အားဖြင့် ပစ် အားလုံး ကို ခွင့်လွှတ်ပြီး သောကြောင့် စာတန် အတွက် ဘာ အပြစ်တင် ခွင့် ရှိဦးမလဲ။ ကိုယ်တော် ရှေ့တွင် ကျွန်ုပ်တို့အား စာ တန် မည်မျှပင် ပြစ်တင် စွပ်စွဲနေပါစေ။
“ကျွန်ုပ်တို့ ဘက် ၌ ဘုရားသခင် ရှိတော် မူလျှင် အဘယ် သူ သည် ကျွန်ုပ်တို့ တစ်ဘက် ၌ နေနိုင် မည်နည်း” ရော ၈ း ၃၁
သားတော် ယေရှု ၏ အသွေး ကို စာတန် အား ဘုရားသ ခင် ညွှန်ပြလျက် ရှိသည်။ ပြစ်တင် သူ စာတန်ဘက် မှ စောဒက တက်စရာ အကြောင်း မရှိအောင် အသွေးတော် သည် ခိုင်လုံ ပြည့် စုံသော အဖြေ ဖြစ် သည်။
“ဘုရားသခင် ရွေးကောက်သော သူတို့ ကို အဘယ် သူ သည် ပြစ်တင် မည်နည်း။ ဖြောင့်မတ်ရာ၌ တည်စေသော သူ ကား ဘုရားသခင် ပေတည်း။ အပြစ်စီရင် သော သူကား အဘယ် သူနည်း။ အသေခံ ၍ ခံသည် သာမက သေခြင်း မှ ပြန်ရှင် ၍ဘုရားသခင် ၏ လက်ျာဘက် ၌ နေလျက် ငါတို့ အဖို့ ဆုတောင်း သော သူ ကား ခရစ်တော် ပေတည်း” ရော ၈ း ၃၃-၃၄ ။
အသွေးတော်မြတ် ၏ ချွင်းချက် မရှိ လုံလောက် ပြည့်စုံ သာ တန်ခိုး ကို ကျွန်ုပ်တို့ သိမြင် လက်ခံဖို့ လိုသည်။ “ယဇ်ပုရော ဟိတ် မင်း ဖြစ်သော ခရစ်တော် သည် ကျွန်ုပ်တို့ အဖို့ ထာ၀ရ ရွးနှုတ်ခြင်း ကျေးဇူး ကို ခံရ၍ . မိမိ အသွေးတော် နှင့် သန့်ရှင်း ရာ ဌာန ထဲသို့ တစ်ခါတည်း ၀င်တော်မူ၏” ဟေဗြဲ ၉ း ၁၁ ၁၂ ၊ ကိုယ်တော် သည် တစ်ကြိမ်တည်း နှင့် အပြီးအပိုင် ရွေးနှုတ်သော ကယ်တင်ရှင် ဖြစ်သည်။ ထို့ပြင် ကိုယ်တော် သည် ယဇ်ပုရောဟိ တ်မင်း နှင့် အမှုဆောင်သခင် (၀ါ) ရှေ့နေ အဖြစ် အမှုဆောင် ပးနေသည်မှာ နှစ်ပေါင်း နှစ်ထောင်ခန့် ရှိလေပြီ။ ကိုယ်တော်သည် ဘုရားသခင် ရှေ့တော် ၌ “ကျွန်ုပ်တို့ ၏ အပြစ် အတွက် သာမက လောကီ သား အပေါင်းတို့ ၏ အပြစ် ဖြေစရာ အကြောင်း” အဖြစ် ရပ်တည်လျက် ရှိသည် ၁ ယော ၂ း ၁ - ၂။
“ခရစ်တော် ၏ အသွေးတော် သည် . . . ကိုယ် ကို ကို ယ် သိသော စိတ် (ဩတ္တပ္ပ) ကို စင်ကြယ်စေခြင်းငှာ သာ၍ တ တ်နိုင် တော်မူသည် မဟုတ်လော” ဟေဗြဲ ၉ း ၁၄ ။ ဤ ကျမ်း စကား က ကိုယ်တော့် အမှုတော်ဆောင်ခြင်း ၏ ပြည့်စုံ လုံလော က်ခြင်း နှင့် အသွေးတော် က ဘုရားသခင်ကို ကျေနပ်စေကြောင်း ဖော်ပြသည်။
သို့ဖြစ်လျှင် စာတန် အပေါ် ဘယ်လို သဘော ထားရ မလဲ။ ဤ အချက် သည် အရေးကြီး လှ၏။ အကြောင်းမူကား စာ တန် သည် ဘုရားသခင် ရှေ့တော် ၌ ကျွန်ုပ်တို့ ကို ပြစ်တင်စွပ်စွဲ ရုံမက “မင်း ဟာ အရင်က အပြစ် လုပ်ခဲ့တယ် ၊ ခုလည်း ဆက်လု ပ် နေတုန်းပဲ။ မင်း ဟာ အားနည်း ပျော့ညံ့ သူ ဖြစ်တာကြောင့် ဘုရားသခင် က မင်း ကို ဘယ်လို မှ လက်ခံနိုင် မှာ မဟုတ်ဘူး” ဟု ကျွန်ုပ်တို့ ၏ ဩတ္တပ္ပ တွင် လည်း စွပ်စွဲ နေ၏။
ထိုအခါ စာတန် ၏ စွပ်စွဲချက် မမှန်ကန်ကြောင်း သက် သ ထူရန် သင်တို့ အတွင်းမှ ၊ ခံစားချက် ဖြင့် ကြိုးစား တုံ့ပြန် လျှင် သူ့ ကျော့ကွင်း ထဲ သင် ကျရောက် သွားပြီ။ ထို့နောက် စိတ်ပျက် အားငယ်ခြင်း ဖြင့် ဘ၀ ကို သင် အရှုံး ပေးကာ မထူး ဇာတ်ခင်း သည့် အဖြစ် သို့ နစ်မွမ်း သွား တတ် ကြသည်။
ယင်းသို့ ပြစ်တင် စွပ်စွဲခြင်း သည် စာတန် ၏ အကြီးမား ဆုံး နှင့် အထိရောက်ဆုံး လက်နက် တစ်ခု ဖြစ်သည်။ ဘုရားသခ င် ရှေ့တော် တွင် ကျွန်ုပ်တို့ ၏ အပြစ် ကို စာတန် ထောက်ပြ ပြီးစွဲချက် တင်တိုင်း ကျွန်ုပ်တို့ က အရေးတယူ တုံ့ပြန်လျှင် ကျွန်ုပ်တို့ ချက်ချင်း ကျဆင်းသွား လေသည်။
စာတန် ၏ စွပ်စွဲချက်များ ကို ကျွန်ုပ်တို့ အရေးတယူ တုံ့ ပန် နေကြခြင်း မှာ မိမိ ၏ ဖြောင့်မတ်ခြင်း ကို ကျွန်ုပ်တို့ အားကိုး နေခြင်းကြောင့် ဖြစ်သည်။ တလွှဲ အားကိုး မျှော်လင့်ခြင်း ပါ တကား ၊ ကျွန်ုပ်တို့ ကို လွဲမှားသော ရပ်တည်ချက် ပေါ် အာရုံစိုက် ဖို့ စာတန် က အောင်မြင်စွာ လှည့်စားခြင်း ဖြင့် သူ ၏ ရည်မှန်းချ က် ပေါက်မြောက်ကာ ကျွန်ုပ်တို့ ကို ချိနဲ့ အားနည်း စေသည်။ အ ကယ်၍ မိမိ ၏ ဇာတိ သွေးသားပေါ် အားမကိုးမိ ဖို့ ကျွန်ုပ်တို့ သာ သင်ခန်းစာ ရ လျှင် မိမိ အပြစ် ကျူးလွန်မိ သော်လည်း အံ့ဩ လိ မ့်မည် မဟုတ်ပါ။ ဇာတိ သဘော မှာ အပြစ် ကို ပြုလေ့ ရှိသည်။ သဘာ၀ မှန် ကို မှန်ကန်စွာ နားမလည်ခြင်း ၊ မိမိ ၏ ခို ကိုးရာမဲ့ အဖြစ် ကို မသိခြင်း ကြောင့် ကြိုးစား အားထုတ်မှု ပေါ် ကျွန်ုပ်တို့ ဆက်လက် အားထား မျှော်လင့် နေကြ သဖြင့် ပြစ်တင်
စွပ်စွဲ တိုင်း ကျွန်ုပ်တို့ ရှုံးမြဲ ရှုံးကြသည်။ ကျွန်ုပ်တို့ ၏ အပြစ်များ ကို ဘုရားသခင် ဖြေရှင်းပေးနိုင် သော်လည်း စာတန် ၏ ပြစ်တင် စွပ်စွဲချက် ကို လက်ခံနေ သူ အတွက် ဘုရားသခင် မဖြေရှင်း ပေးပါ။ အကြောင်းမှာ အ သွးတော် ကို ထိုသူ ယုံကြည် အားကိုးမှု မရှိ သောကြောင့် ဖြစ်သ ည်။ အသွေးတော် ၏ ကျေးဇူးပြုခြင်း ကို ခံယူ ဖို့ ဘုရားသခင် က ဖိတ်ခေါ်နေ သော်လည်း အသွေးတော် ၏ တန်ခိုး ကို ထိုသူ လက် ခံရမည့် အစား စာတန် ၏ စကား ကို လက်ခံ နားထောင် ၏။ ပြစ် တင် ခံရသော ကျွန်ုပ်တို့ အတွက် ခရစ်တော် က ရှေ့နေ လိုက် ပး သော်လည်း ကျွန်ုပ်တို့ က သူခိုး ဓားရိုးကမ်းသည့်နှယ် ရန်သူ စာတန် ဘက်မှာ ရပ်တည်ကြသည်။
တကယ်တမ်း ၌ ကျွန်ုပ်တို့သည် သေဒဏ် မှ တစ်ပါး ဘာနှင့်မျှ မထိုက်တန်ကြောင်း ကို နားမလည် ကြချေ။ မည်သို့ပင် ဖြစ်စေ ကျွန်ုပ်တို့ သည် ကားစင်တင် သတ်ခြင်း ခံ ဖို့ သာ ထိုက်တ န် သည်။ ခရစ်တော် ၏ အသွေးတော် မြတ် ဖြင့် ပြစ်တင် စွပ်စွဲ သူ ကို ဘုရားသခင် တစ်ပါးတည်း သာ ချေပ နိုင်သည် ကို ကျွန်ုပ်တို့ မသိကြ သေးချေ။
ကယ်တင်ခြင်း သည် သခင်ယေရှု ကို အားကိုး မျှော်ကြ ည့်ခြင်း ဖြစ်သလို ကျွန်ုပ်တို့ ၏ ဒုစရိုက်အပြစ် ရှိစမျှ ကို သိုးသူငယ် ၏ အသွေးတော် က ဖြေရှင်းခဲ့ကြောင့် ရှုမြင် လက်ခံခြင်း လည်း ပါ၀င်သည်။
မိမိ ၏ ကောင်းမှု ကုသိုလ် နှင့် အကျင့် သီလ ကို အား ကိုးပြီး စာတန်ကို ဘယ်တော့ မှ မရင်ဆိုင်နိုင်။ အသွေးတော် ကို သာ ထာ၀စဉ် အားကိုးပါ။ ကျွန်ုပ်တို့တွင် အကုသိုလ် အပြစ်များ သော်လည်း အသွေးတော် က အပြစ် ရှိသမျှ ကို ဆေးကြောပေး သာကြောင့် ဘုရားသခင် ကို ကျေးဇူးတင် ချီးမွမ်း ပါသည်။ စာတ န် ၏ စွပ်စွဲချက် ကို ချေပ သော အသွေးတော် ကို ဘုရားသခင် မင်ပြီး ကျွန်ုပ်တို့ အား အပြစ် ကင်းစင် ဖြောင့်မတ်သူ အဖြစ် လက် ခံ သောကြောင့် စာတန် အတွက် နောက်ထပ် တိုက်ခိုက် စရာ အကြောင်း မရှိတော့ပါ။
အသွေးတော်မြတ် ၌ တည်သော ကျွန်ုပ်တို့ ၏ ယုံကြ ခင်း နှင့် မားမားမတ်မတ် ရပ်တည်လျက် သာလျှင် စာတန် ၏ ပြစ် တင် စွပ်စွဲချက်များ ကို တိတ်ဆိတ် ချုပ်ငြိမ်း စေရုံမက စာတန် အား ထွက်ပြေးစေပါသည် ရော ၈း ၃၃ - ၃၄ ။ ဤ အမှုသည် က မွှာ အဆုံးတိုင် ဖြစ်လိမ့်မည် ဗျာ ၁၂း ၁၁ ။ အကယ်၍ အသွေး တာ်မြတ် ၏ တန်ဖိုး ကို ဘုရားသခင် ရှုမြင် တန်ဖိုးထားသလို ကျွန်ု ပ်တို့ ပိုမိုမြင်တွေ့ လာပါက စာတန် ၏ စွပ်စွဲချက်များ ယုတ်လော့ ချိနဲ့ သွားလိမ့်မည်။
J
ခရစ်တော်
၏
ကားတိုင်
ရောမကျမ်း ၁ မှ ၈ အထိ နှစ်ပိုင်း ခွဲထားကြောင်း ကျွန်ုပ် တို့ သိခဲ့ကြပြီ။ ပထမပိုင်း ရော ၁း ၁ - ၅ း ၁၁ ၌ ကျွန်ုပ်တို့ လွန် ကျူးသော အပြစ် စရိုက်များ ကို အသွေးတော် ကဖြေရှင်းပေးပြီး ၊ ဒုတိယပိုင်း ရော ၅ း ၁၂ - ၈ း ၃၉ တွင်မူ ကျွန်ုပ်တို့ ၏ ဖြစ်အင် () ၊ အခြေအနေ ကို ကားတိုင် က လွတ်မြောက်စေသည်။ အပြစ် ခွင့်လွှတ်ခြင်း ခံရ ဖို့ အသွေးတော် လိုအပ် သလို အပြစ်တရား မှ လွတ်မြောက်ခြင်း ရဖို့ ကားတိုင် လိုအပ်သည်။
ပြီးခဲ့သော အခန်း (၁) ၌ ပထမပိုင်း ကို အကျဉ်းချုံး လေ့ လာ ခဲ့ပြီးပြီ။ ယခု ဒုတိယပိုင်း ကို မလေ့လာမီ ပထမပိုင်း ၏ ထူး ခါးသော လက္ခဏာ တချို့ ကို ထပ်မံ ကြည့်ကြမည်။
ခြားနားချက် တချို့
ပြန်ရှင်ခြင်း ၏ ရှုထောင့် နှစ်မျိုး ကို ရောမ ၄ နှင့် ၆ တွင် နှစ်ကဏ္ဍ ခွဲခြား ဖော်ပြထားသည်။ သခင်ယေရှု ၏ ပြန်ရှင်ခြင်း သည် ကျွန်ုပ်တို့ ကို ဖြောင့်မတ်ရာ သို့ ရောက်စေသည်။ ]]ကျွန်ုပ် တို့ အပြစ်ကြောင့် အရှင်ယေရှု အပ်နှံခြင်း ကို ခံတော်မူ၏။ ကျွန်ုပ် တို့ သည် ဖြောင့်မတ်ရာ သို့ ရောက်မည် အကြောင်း ပြန်ရှင်တော် မူ၏}} ရော ၄ း ၂၅။ ဘုရားသခင် ရှေ့မှောက် ၌ ကျွန်ုပ်တို့ ၏ ရပ် တည်ချက် (၀ါ) အရိုက်အရာ ကို ပြသည်။
သို့သော် ပြန်ရှင်ခြင်း သည် သန့်ရှင်းစွာ အသက်ရှင်ရန် အသက်သစ် ကို ပေးခြင်း ဖြစ်သည်။ ]]ခရစ်တော် သည် . . . သခြင်း မှ ပြန်ရှင်သည့် နည်း တူ ကျွန်ုပ်တို့ သည် လည်း အသက် သစ် ၌ ကျင်လည် ရကြသတည်း}} ရော ၆ း၄ ။
ငြိမ်သက်ခြင်း ကို ရောမ ၅ နှင့် ၈ ပါ ကဏ္ဍ နှစ်ပိုင်း ၌ ြေ ပါထားသည်။ အသွေးတော် ကို ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်ရာသို့ ရောက်ပြီး သူ သည် ဘုရားသခင် နှင့် ကျေအေး ငြိမ်သက်ခြင်း ရှိ ပီ ဟု ပြောသည်။ ]]ထို့ကြောင့် ကျွန်ုပ်တို့ သည် ယုံကြည်ခြင်း ရှိ၍ ဖြောင့်မတ်ရာ သို့ ရောက်လျှင် ယေရှုခရစ် အားဖြင့် ဘုရားသခင် ရှေ့တော် ၌ ငြိမ်သက်ခြင်း ကို ခံစားကြ၏}} ၅း ၁ ။
ဆိုလိုသည် မှာ ယခု ကျွန်ုပ် အပြစ် ခွင့်လွှတ်ခြင်း ခံရ၍ ဘုရားသခင် ကို ကြောက်ရွံ့ စရာ မရှိတော့ချေ။ တစ်ချိန် က ဘုရားသခင် နှင့် ရန်ဘက် ဖြစ်ခဲ့ သူ ကျွန်ုပ်သည် ]]သားတော် ၏ အသေခံတော်မူခြင်း အားဖြင့် ယခု ဘုရားသခင် နှင့် မိ သဟာယဖွဲ ခြင်း ကျေးဇူးတော် ကို ခံ ရပြီ}} ၅ း ၁၀ ။
သို့စေကာမူ ကိုယ့် ကိုယ် ကို အကြီး အကျယ် ဒုက္ခပေး နေသူမှာ ငါ ပင်ဖြစ်ကြောင်း များမကြာမီ မြင်တွေ့လာသည်။ အပြ စ်ပြု စေသော လှုံ့ဆော်မှု တစ်ခုကြောင့် ကျွန်ုပ်ထဲ တွင် ငြိမ်သက်မှု ကင်းမဲ့နေခြင်း ရုန်းရင်းခတ်ခြင်း ဖြစ်နေသည်။ ဘုရားသခင် နှင့် ငြိ မ်သက်ခြင်း ရှိလင့်ကစား မိမိ ၌ မူ ငြိမ်သက်ခြင်း ကင်းမဲ့နေသည်။ ကျွန်ုပ် ၏ စိတ်နှလုံး တွင် စစ် ဖြစ်နေသည်။ ဂိညာဉ် ပကတိ နှင့်ဇာတိ ပကတိ ဆိုင်ပြိုင် တိုက်ခိုက်နေပုံ ကို ရောမ ၇ ၌ ပီပြင်စွာ ဖာ်ပြထား၏။ ပိညာဉ်တော် ၌ ကျင်လည်ခြင်း ဖြင့် အတွင်း စိတ်နှ လုံး ၌ ငြိမ်သက်ခြင်း ရှိသည် ရောမ ၈ ။
]]ဇာတိ ပကတိ စိတ် သဘော သည် သေခြင်း ဖြစ်၏။ အကြောင်း မှာ ဇာတိ ပကတိ စိတ် သဘော သည် ဘုရားသခင် နှင့် ဆန့်ကျင်ဘက် ဖြစ်၏}}။
သို့သော် ပိညာဉ် ပကတိ စိတ် သဘော သည် အသက် ရှင်ခြင်း နှင့် ငြိမ်သက်ခြင်း ဖြစ်၏ ရော ၈ း ၆ – ၇
ဖြောင့်မတ်ရာ သို့ ရောက်ခြင်း ကို ပထမပိုင်း တွင် ဖော်ပြ သည် ရော ၃း ၂၄ - ၂၆။ ၄ း ၅ ၊ ၂၅ ။ သန့်ရှင်း စင်ကြယ် စေခြ င်း ကို ဒုတိယပိုင်း တွင် ဖော်ပြသည် ရော ၆ း ၁၉ - ၂၂ ။
ယုံကြည်ခြင်း အားဖြင့် ဖြောင့်မတ်ရာ သို့ ရောက်ကြော င်း ကျွန်ုပ်တို့ သိ ပါက သမ္မာတရား တစ်ပိုင်းသာ ရှိ သေး၏။ ဘုရားသခင် ၏ ရှေ့တော် ၌ ပြဿနာ တစ်ပိုင်းသာ ဖြေရှင်း ရ သေး၏။ ကျန်တစ်ပိုင်း မှာ ကျွန်ုပ်တို့ ၏ ကိုယ်ကျင့် တရား ပြဿ နာများ ကို ဖြေရှင်းခြင်း ဖြစ်သည်။ ပထမပိုင်း တစ်ခု သာ သိသေး လျှင် ကျပ်မပြည့် ခရစ်ယာန် အဆင့် ၌ သာ ရှိသေး၏။ သို့ဖြစ်လျှ င် စံချိန်မီ ခရစ်ယာန် အသက်တာ ကို ကျွန်ုပ်တို့ မည်သို့ ရှင်နိုင် မ ည်နည်း။ စိုးရိမ်စရာ မရှိ ပါ။
စံချိန်မီ နိုင်သော နည်းလမ်း ရှိ ပါသည်။ အပြစ် ခွင့်လွှတ် ခံရခြင်း ၊ ဖြောင့်မတ်ရာသို့ ရောက်ခြင်း ၊ ဘုရားသခင် နှင့် ငြိမ်သ က်ခြင်း . . . များ ကို ကျွန်ုပ်တို့ အလျင် ဦးဆုံး လက်ခံ ရရှိ ဖို့ လိုသ ည်။ ဤ အရာများ သည် ခရစ်ယာန်တစ်ဦး ၏ မရှိမဖြစ် လိုအပ် သာ အခြေခံ အုတ်မြစ် ဖြစ်သည်။
သို့သော် ယင်း အခြေခံ အုတ်မြစ် ရှိ ရုံ ဖြင့် မလုံလောက် သေးပါ။ ကျွန်ုပ်တို့ ထဲ မှ အပြစ်တရား ကို မည်သို့ ဖြေရှင်းကြောင်း နောက် တစ်ဆင့် နားလည် ဖို့ လိုသေးသည်။ အသွေးတော် က ကျွန်ုပ် ၏ ဒုစရိုက် အပြစ်များ ကို ဆေးကြော သန့်စင် ပေးနိုင်သော်လည်း ကျွန်ုပ် ၏ လူဟောင်း ကိုမူ မဖြေ ရှင်းနိုင်ပါ။ လူဟော င်း ကို ကားစင် တင်သတ် ဖို့ ကားတိုင် လိုအပ် ပါသည်။ အသွေး တာ် က ဒုစရိုက် အပြစ် ကိုသာ ဆေးကြော ပေးနိုင်ပြီး အပြစ်သား ကိုမူ ကားတိုင် တင် သတ်ပစ် ဖို့ လိုသည်။
ရောမကျမ်း ၏ ပထမ ၄ ခန်း တွင် ]]အပြစ်သား}} စ ကားလုံး ကို ရှာတွေ့ ဖို့ မလွယ်ကူပါ။ အကြောင်း မှာ အပြစ်သား အကြောင်း ထက် သူ ကျူးလွန် သော ဒုစရိုက် အပြစ် ကို အဓိက ရေးသား ထားသည်။ အခန် ၅ ရောက်မှ အပြစ်သား ဟူသည့် ဂေါ ဟာရ ကို ပထမဆုံး ဖော်ပြသည်။
ကျွန်ုပ်တို့ ]]အပြစ်သား}} ဖြစ်ခြင်း မှာ အပြစ် ကျူးလွန်ခြင်း ကြောင့် မဟုတ်ဘဲ အပြစ်သား အဖြစ် မွေးဖွားလာခြင်း ကြောင့်ဖြစ်သည်။
ဤ ခြားနားချက် ကို သတိပြုပါ။ အပြစ် ကျူးလွန် လို့ အပြစ်သား ဖစ်ကြောင်း ကျွန်ုပ်တို့ ပြောတတ် ကြသည် ရော ၃း ၂၃ ။ ဤ ကျ မ်းပိုဒ် ကို သုံးလျှင် အငြင်းပွား စရာ ရှိ၏။
ရောမကျမ်း ၏ သွန်သင်ချက် မှာ အပြစ် လုပ် လို့ အပြစ် သား ဖြစ်ခြင်း မဟုတ်ပါ။ အပြစ်သား ဖြစ် လို့ အပြစ် ပြုခြင်း ဖြစ်သ ည်။
ဥပမာ ရေကူး လို့ ဘဲ ဖြစ်ခြင်း မဟုတ်ပါ။ ဘဲ ဖြစ် လို့ ရေကူးခြင်း ဖြစ်သည်။
ကျွန်ုပ်တို့ သည် လုပ်တော်မှု ကြောင့် မဟုတ်ဘဲ မွေးဖွား လာခြင်း ဖြင့် အပြစ်သား ဖြစ်လာသည်။ ]]တစ်ယောက်သော သူ ၏ နားမထောင်ခြင်း ဖြင့် လူသားများ အပြစ်သား ဖြစ်လာ ကြသ ည်}} ရော ၅း ၁၉ ။
ကျွန်ုပ်တို့ မည်သို့ အပြစ်သား ဖြစ်ခဲ့ သနည်း။ အာဒံ ၏ နားမထောင် ခြင်းကြောင့် ဖြစ်သည်။ အာဒံ အပြစ် ကျူးလွန်ခြင်း ကြောင့် အပြစ်သား ဘ၀ သို့ ကျရောက် သွားပြီး အာဒံ မှ ဆင်းသ က် ပေါက်ဖွား လာသော ကျွန်ုပ်တို့ လူသား အားလုံးလည်း သဘာ၀ အလျောက် အပြစ်သား ဖြစ် လာ ကြသည်။ ကျွန်ုပ် သည် အင်္ဂလိပ် စကား ပြောပါသည်။ ထိုသို့ အင်္ဂလိပ် စကားပြောသောကြောင့် အင်္ဂလိပ် လူမျိုး ဖြစ် မသွား ပါ။
တစ်ခါက ကလေး သူငယ်များ အား ]]ဘယ်သူ ဟာ ပစ်သား ဖြစ်သလဲ}} ဟု ကျွန်ုပ် မေး သောအခါ ]]အပြစ် လုပ် သူ ဟာ အပြစ်သား ဖြစ်တယ်}}ဟု ပြန်ဖြေ ကြ၏။ ဤ အဖြေ မှာ မှန် ပင်မှန် သော် ငြားလည်း အပြစ်သား ဖြစ်ခြင်း ၏ အရင်းခံ မဟုတ် သေးပါ။ အပြစ် ပြုသူ သည် အပြစ်သား ဖြစ် သလို ၊ အပြစ် မပြု သူ လည်း အာဒံ ၏ မျိုးနွယ် မှ ဆင်းသက် လာ သောကြောင့် အပြ စ်သား ပင်ဖြစ်သည်။ နှစ်ဦး စလုံး ကယ်လွှတ်ခြင်း လိုအပ် သည်။ ဆိုးသော အပြစ်သား နှင့် ကောင်းသော အပြစ်သား ၊ အပြစ် နည်းသော အပြစ်သား နှင့် အပြစ် များသော အြ ပစ်သား ၊
စာရိတ္တကောင်းသော အပြစ်သားနှင့် အကျင့်ပျက်သောအပြစ်သား ဟူ၍ အမျိုးမျိုး ရှိကြ သော်လည်း အားလုံး မှာ အပြစ်သား ချည်း ဖြ စ်သည်။ ကျွန်ုပ်တို့ သာ အပြစ် မပြုခဲ့ လျှင် အရာရာ ချောမော အ ဆင်ပြေ လိမ့်မည် ဟု ထင်တတ် ကြသည်။ သို့သော် ပြဿနာ မှာ ကျွန်ုပ်တို့ ၏ လုပ်ဆောင်မှု ထက် ပိုမို နက်ရှိုင်းစွာ အမြစ်စွဲ နေသ ည်။
ကျွန်ုပ်တို့ ဘာ လုပ် သလဲ ထက် ကျွန်ုပ်တို့ ဘာ ဖြစ် သလဲ ပေါ် မူတည်သည်။ တရုတ် မိဘ နှစ်ပါး မှ အမေရိကန် နိုင်ငံ ၌ မွေးဖွား လာ သော တရုတ် လူမျိုး တစ်ဦး သည် တရုတ် စကား လုံး၀ မပြောတတ်လည်း တရုတ်စစ်စစ် ဖြစ်သည်။ မျိုးရိုး ဇာတိက ပဓာန ဖြစ်သည်။ ထို့နည်းတူ ကျွန်ုပ်သည် အာဒံ မှ မွေးဖွား လာ သာကြောင့် အပြစ်သား ဖြစ်သည်။ ဤ သို့ ဖြစ်ခြင်း သည် ကျွန်ုပ် ၏ အကျင့်အကြံ နှင့် မဆိုင်ဘဲ မိဘ မျိုးရိုး နှင့် ဆိုင်သည်။
ကျွန်ုပ်တို့ ၏ လုပ်ရပ် က ဆိုးရွား သော်လည်း ကျွန်ုပ်တို့ ကိုယ်တိုင်က သိပ် မဆိုးလှပါ ဟု လျော့လျော့ပေါ့ပေါ့ တွေးတတ် ကသည်။ ကျွန်ုပ်တို့ ၏ ဗီဇ သဘာ၀ သည် မူလ မျိုးရိုး မှ စ ယိုယွ င်းနေကြောင်း ဘုရားသခင် က ဖော်ပြသည်။ ပြဿနာ အရင်းခံ မှာ ကျွန်ုပ်တို့ ကိုယ်တိုင် က အပြစ်သား ဖြစ်ကြသည်။ ကျွန်ုပ်တို့ ၏ ဒုစရိုက်အပြစ် (အသီး) ကို အသွေးတော် ဖြင့် ဖြေရှင်းပေး သာ်လည်း ကျွန်ုပ်တို့ ၏ အပြစ် (အမြစ်) ကိုမူ ကားတိုင် ဖြင့် သုတ် သင် ပစ်ရသည်။ အသွေးတော် က ကျွန်ုပ်တို့ ၏ ပြစ်မှားမှု များကို ခွင့်လွှတ်ပေး ၏။ ကားတိုင်က ကျွန်ုပ်တို့ကို အဖြစ်ဆိုး မှ လွတ် မာက်စေ သည်။
လူ ၏ သဘာ၀ အခြေအနေ
ရော ၅ း ၁၂ - ၈ း ၃၉ ကျမ်းပိုဒ် တွင် ခရစ်တော် ၏ နာခံခြင်း နှင့် အာဒံ ၏ မနာခံခြင်း ၊
ကျေးဇူးတရား နှင့် အပြစ်တရား ၏ ကွာခြား ဆန့်ကျင်မှု ကို နှိုင်း ယှဉ် ပြထားသည်။
တစ်ယောက်သော သူ ၏ နားမထောင်ခြင်း ဖြင့် လူသားများ အပြစ်ရောက်သည့် နည်းတူ တစ်ယောက်သော သူ ၏ နားထောင်ခြင်းဖြင့် လူသားများ ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။ ဘုရားသခင် ၏
ဂိညာဉ်တော် က ကျွန်ုပ်တို့ ၏ မူလ ဘ၀မှန် ကို ပထမဦးဆုံး ဖော်ပြပြီး ထို ဘ၀ သို့ မည်သို့မည်ပုံ ဆိုက်ရောက်သွား သည်ကို ဆက်လက် ဖော်ပြသည်။
ခရစ်ယာန် ဖြစ်စ တွင် ကျွန်ုပ်တို့ သည် ဖြစ်ခြင်း ကို အရေးမထား ဘဲ လုပ်ခြင်း ကိုသာ ပို ဂရုစိုက်တတ် ကြသည်။ ကျွန်ုပ် ဘာဖြစ် သလဲ ထက် ကျွန်ုပ် ဘာလုပ် သလဲ ပေါ် ကျင်လည် သောကြေင့် စိတ်ပျက် ကြရသည်။ အကယ်၍ ကျွန်ုပ်တို့ သာ အမှား ကင်းအော င် နေလျှင် ခရစ်ယာန်ကောင်း ဖြစ်မည် ဟု ထင်ပြီး အကျင့်ကောင်း ကြိုးစား ကျင့်ကြသည်။
သို့သော် ထင် သလို ဖြစ် မလာ ပါ။ အပြင်ပိုင်း ပြဿနာ ထက် အ တွင်း ပြဿနာ က ပိုမိုဆိုးရွားကြောင်း တွေ့မှ အလန့်တကြား ဖြစ် ကသည်။ ဘုရားသခင် ၏ စိတ်တော် တွေ့ အောင် ကျွန်ုပ်တို့ ကြိုး စားကြ သော်လည်း အလိုတော် ကို အတွင်း မှ ဆန့်ကျင် ကြသ ည်။ နှိမ့်ချ ဖို့ ကြိုးစား သော်လည်း အတွင်း မှ နှိမ့်ချ ဖို့ ငြင်းဆန် နသည်။ ချစ် ဖို့ အားထုတ် ပါလျက် နှင့် အတွင်း ၌ ချစ်ခြင်း မရှိ ပ။ စေတနာ နှင့် ကူညီ ဖို့ ကြိုးစား ပေမယ့် အတွင်း မှ ဘာ စေတ နာ မျှ ထွက်မလာ ပါ။
သို့နှင့် အပြင်ပိုင်း ၌ အပြစ် ကင်းအောင် လုပ်ဆောင်လေ ၊ အတွ င်း ၌ ညစ်ညူး ယိုယွင်းလေ ဖြစ်ကြောင်း ပို သိမြင် လာတော့ သည်။ ထိုအခါ ကျမှ ]]ကိုယ်တော် . . . ကျွန်ုပ် ရဲ့ လုပ်ဆောင်ချ က်ပဲ မှား နေတာ မဟုတ်ဘူး။ ကျွန်ုပ် ကိုယ်တိုင် က မှား နေတာ ကို ယခု နားလည် ပါပြီ}} ဟု ၀န်ခံ တော့သည်။ ရော ၅း ၁၉ ၏ နိဂုံးချုပ် ကို ကျွန်ုပ်တို့ သိမြင် စ ပြုလာပြီ။
ကျွန်ုပ်တို့ သည် အပြစ်သားများ ဖြစ်ကြသည်။ ဘုရားသခင် မူလ ရည်မှန်း ထားသော ဖြစ်စဉ် မှ သွေဖယ် သွားသည့် လူမျိုးနွယ် မှ ကျွန်ုပ်တို့ ပေါက်ဖွားလာ ကြသည်။ ကျဆင်း သွားသော အာဒံ ၏ဗီဇသဘော သည် ဘုရားသခင် ၏ စိတ်တော် တွေ့ အောင် မလု ပ်ဆောင် နိုင်ပါ။ ကျွန်ုပ်တို့ သည် အာဒံ ၏ မျိုးရိုး မှ မွေးဖွားလာ သည့် အပြစ်သားများ ဖြစ်ကြသည်။ နမူနာ ရှင်းပြ ပါမည်။ ကျွန်ုပ် ၏ အမည် ]]နီး}} ဖြစ်သည်။ ဤ နာမည် သည် သင့်တင့် လျောက်ပတ်သော အများသုံး တရုတ် နာမည် ဖြစ်သည်။ ဤနာမ ည် မှည့် ဖို့ ကျွန်ုပ် မရွေးချယ် ခဲ့ပါ။ ကောင်းနိုးရာရာ နာမည် စာရ င်းကို ကြည့်ပြီး မှည့်ထားခြင်းလည်း မဟုတ်ပါ။ ဤနာမည် ရဖို့ ကျွန်ုပ် ဘာမျှ မလုပ်ခံရသလို ပြောင်းပစ် ၍ လည်း မရ ပါ။ အ ကာင်းမှာ ကျွန်ုပ် ၏ ဘခင် သည် ]]နီး}} ဖြစ် သောကြောင့် ကျွန်ု ပ် ၏ နာမည် ]]နီး}} ဖြစ်သည်။ ကျွန်ုပ် ၏ ဘခင် ]]နီး}} ဖြစ်ရခြ င်း မှာလည်း အဖိုး က ]]နီး}} မျိုး ဖြစ် သောကြောင့်တည်း။ ကျွန်ု ပ် သည် ]]နီး}} ကဲ့သို့ ပြုမူ သောအခါ ]]နီး}} ဖြစ် သကဲ့သို့ ]]နီး}} ကဲ့သို့ မပြုမူ လျှင်လည်း ]]နီး}} ပင် ဖြစ်သည်။ အကယ်၍ ကျွန်ုပ် သည် တရုတ်နိုင်ငံ ၏ သမ္မတ ဖြစ်လာ လျှင် ကျွန်ုပ်သည် ]]နီး}} ပင် ဖြစ်သည်။ သို့တည်း မဟုတ် လမ်းပေါ်မှာ သူတောင်း စား တစ်ယောက် ဖြစ်နေ လျှင် လည်း ကျွန်ုပ် သည် ]]နီး}} ပဲ ဆက်ဖြစ် နေ၏။
သို့ဖြစ်ခြင်းကြောင့် ကျွန်ုပ် အပြစ်သား ဖြစ်ရခြင်း မှာ ကျွန်ုပ် တစ်ဦး တည်း အပြစ် သီးသန့် လုပ်ခဲ့ခြင်းကြောင့် မဟုတ်ဘဲ အာဒံ အပြစ် ကျူးလွန်ခဲ့ စဉ်က အာဒံ ၌ ကျွန်ုပ် ရှိနေခဲ့ခြင်း ကြောင့် ဖြစ်သည်။ မွေးလာ ကတည်းက အာဒံ၏ မျိုးရိုး မှ ဆင်းလက်လာ သဖြင့် ကျွန်ုပ်သည် အာဒံ ၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ ဤ သို့ မဖြ စ်ချင် သော်လည်း အခြား ရွေးချယ် စရာ မရှိပါ။ ကျွန်ုပ် ၏ စာရိတ္တ ကောင်း လည်း အာဒံ ၏ အစိတ်အပိုင်း ဖြစ်နေသော ကျွန်ုပ် ၏ အပြစ်သား ဘ၀ ကို မပြောင်းလဲ စေနိုင်ပါ။
အာဒံ အားဖြင့် ကျွန်ုပ်တို့ အားလုံး အပြစ် ရှိကြောင်း ပုံနှိပ် ပေစာ ကို တရုတ်ပြည် ၌ ကျွန်ုပ် ၀ငှ ခဲ့ဖူးသည်။ ထိုအခါ လူ တစ်ယော က် က ]]ဒီ ကိစ္စ ကို ဘယ်လို မှ နားမလည် နိုင်ဘူးဗျာ}} ဟု ပြော လာ သဖြင့် အောက်ပါ အတိုင်း ကျွန်ုပ် ထပ်မံ ရှင်းပြခဲ့သည်။
]]တရုတ် လူမျိုး ဖြစ် ပေါ်လာပုံ သမိုင်းကြောင်း ကို ကြ ည့်သောအခါ ]]ဟွမ်တီ}} ဆိုသည့် ပုဂ္ဂိုလ် မှ ပေါက်ဖွား ဆင်းသ က် ခဲ့သည်။ ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း လေးထောင်ကျော် တုန်းက ]]ဟွမ်တီ}} ဟာ ]]စီအူး}} နဲ့ စစ် ဖြစ်တယ်။ ]]စီအူး}} ဟာ အင် မတန် ခွန်အားကြီး ပေမယ့် ]]ဟွမ်တီ}} ဟာ အနိုင်ရ ပြီး ]]စီ အူး}} ကို သတ်ပစ် လိုက်တယ်။ အဲဒီ နောက် တရုတ်ပြည် ကို သူစတင် တည်ထောင် ခဲ့တယ်။ တကယ်လို့ ]]ဟွမ်တီ}} သာ ရန်သူ ကို မသတ်ပစ် နိုင် ခဲ့ရင် ၊ ဒါမှမဟုတ် သူ့ ကိုယ်သူ သတ်သေ သွားခဲ့ရင် ခုချိန် ခင်ဗျား ဘယ် နေရာ မှာ ရှိ မလဲ။
]]ဟွမ်တီ က သူ့ ဘာသာ သူ သေ သွားတာ ၊ ခု ခင်ဗျား က ကိုယ့်ဘာသာ ကိုယ် အသက်ရှင် နေတာပဲ}} ဟု ကျွန်ုပ် ပြော လိုက်ရာ သူက အကြောက်အကန် ငြင်း၏။
]]လုံး၀ မဖြစ်နိုင်ဘူး ၊ သူသာ သေသွားရင် ကျွန်တော် ဘယ် နည်းနဲ့ မှ လူ မဖြစ်နိုင်ဘူး။ ကျွန်တော် ဟာ သူ့ဆီက ပေါက် ဖွား ဆင်းသက် လာတဲ့ လူ ဖြစ်တယ်}}။
လူသား မျိုးနွယ် ၏ အသက် သည် တစ်လုံး တ၀ တည်း ဆက်နွယ် ပေါင်းစည်း နေသည် ကို သင် သဘောပေါက် နိုင်လော က်ပြီ။ ကျွန်ုပ်တို့ ၏ အသက် သည် အာဒံ မှ ပေါက်ဖွား တည်ရှိ လာသည်။ တွေးဆကြည့်ပါ မိတ်ဆွေ။ သင့် အဘိုး ၏ ဘခင် (အဘေး) သည် (၃) နှစ် သား က သေ သွား ခဲ့လျှင် ယနေ့ သင် ရှိနိုင် ပါ့မလား။ သင် လည်း သင့် အဘေး တွင် အတူ သေပြီးသား ဖြစ်သည်။ သင့် အဘေး အတွေ့ အကြုံ သည် သင့် အတွေ့ အကြုံ နှင့် တစ်သား တည်း ဆက်သွယ် နှောင်ဖွဲ့ လျက် ရှိသည်။ ထိုနည်း တူ ကျွန်ုပ်တို့ တစ်ဦးစီ ၏ အတွေ့ အကြုံ သည် အာဒံ နှင့် တစ် သား တည်း ဆက်နွယ် နေ၏။ စာတန် ၏ စကား ကို အာဒံ နား ထာင် ခဲ့စဉ် က ကျွန်ုပ်တို့ လူသား အားလုံး သည် အာဒံ ၌ ရှိခဲ့ကြ သောကြောင့် အဘယ် သူ တစ်ဦး ကမျှ ]]ကျွန်ုပ် ဧဒင်ဥယျာဉ် ထဲ မှာ မရှိ ခဲ့ဘူး ၊ အပြစ် မလုပ်ခဲ့ဘူး}} ဟု မငြင်းဆို နိုင်ပါ။
ကျွန်ုပ်တို့ ရှိ သမျှ သည် အာဒံ မှ မွေးဖွားလာ ခြင်းကြော င့် အာဒံ ၏ အပြစ် တွင် ပါ၀င် ပတ်သက်နေပြီး သူ ခံရသော အပြ စ် ၏ ဆိုးကျိုး အားလုံးကို ကျွန်ုပ်တို့ လည်း အလိုအလျောက် ဆ က်ခံ ကြသည်။ အာဒံ ၏ ဗီဇ သဘာ၀ သည် အပြစ်သား ၏ ဗီဇ သဘာ၀ ဖြစ်သည်။ ကျွန်ုပ်တို့ ၏ အဖြစ် (၀ါ) ဖြစ်ခြင်း သည် အာဒံ မှ အရင်းခံ ဖြစ်လာ သလို ကျွန်ုပ်တို့ ၌ ရှိသော အပြစ် ဗီဇ သ ဘာလည်း သူ့ ထံမှပင် အမွေ ဆက်ခံ ခဲ့ခြင်း ဖြစ်သည်။ ပြဿနာ ဇစ်မြစ် မှာ ကျွန်ုပ်တို့ ၏ အကျင့်ပေါ် မူ မတည်ဘဲ မျိုးရိုး ပေါ် မူတ ည် နေ၏။ မျိုးရိုး ဗီဇ ကို မပြောင်းလဲ ပစ်နိုင် လျှင် ကျွန်ုပ်တို့ အတွ က် လွတ်မြောက်ခြင်း မရှိပေ။ သို့သော် မျိုးရိုး ဗီဇ ဟောင်း ပြဿ နာ ကို ဘုရားသခင် အပြီးတိုင် ဖြေရှင်း ပေးခဲ့ လေပြီ။
အာဒံ၌ရှိသကဲ့သို့ ခရစ်တော်၌ရှိခြင်း
ရော ၅ း ၁၂ − ၂၁ ၌ အာဒံ အကြောင်း သာမက ၊ သခ င်ယေရှု အကြောင်း ကိုပါ ဖော်ပြ ထားသည်။ ]]အကြောင်းမူကား တစ်ယောက် သော သူ၏ နားမထောင်ခြင်း ဖြင့် လူသားများ အပြ စ် ရောက်သည့် နည်းတူ တစ်ယောက် သော သူ ၏ နားထောင်ခြ င်းဖြင့် လူသားများ ဖြောင့်မတ်ရာ သို့ ရောက်ကြ၏}}။ ကျွန်ုပ်တို့ သည် အာဒံ နှင့် ဆိုင်သော အရာခပ်သိမ်း ကို အာဒံ ၌ အမွေ လ က်ခံ ရရှိ ကြ သလို ၊ ခရစ်တော် နှင့် သက်ဆိုင် သမျှ အရာ အား လုံး ကို ခရစ်တော် ၌ အမွေ လက်ခံ ရ ရှိ ကြသည်။
]]အာဒံ ၌}} နှင့် ]]ခရစ်တော် ၌}} စကား ၏ အဓိပ္ပာယ် ကို နားလည် သဘော ပေါက်သော ခရစ်ယာန် ရှားပါး လှ၏။ ]]ခ ရစ်တော် ၌}} စကားလုံး က လူ့ မျိုးနွယ် ကို ရည်ညွှန်း သလို မျိုးရိုး လိုက်သော သဘော ကို လည်း ပြညွှန်သည်။ ဟေဗြဲကျမ်း မှ ဥပမာ တစ်ခု ဖြင့် ရှင်းပြ ပါရစေ။ ကျမ်း အစ တွင် မေလခိဇေဒ က် ၏ အမှုဆောင်ခြင်း သည် လေဂိ ၏ အမှုဆောင်ခြင်း ထက် သာလွန် ကြီးမြတ်ကြောင်း ရှင်းပြ နေခြင်း မှာ ယဇ်ပုရောဟိတ် အြ ဖစ် ခရစ်တော် ၏ အမှုဆောင်ခြင်း သည် လေဂိမျိုး အာရုန် သည် လေဂိ မှ ဆင်းသက်သော ယဇ်ပုရောဟိတ် ဖြစ်သည်။ ခရစ်တော် သည် ]]မေလခိဇေဒက် နည်းတူ ထာ၀ရ ယဇ်ပုရောဟိတ် ဖြစ်သ ည်}} ဗြဲ ၇ း ၁၄ - ၁၇ ။ ဘုရားသခင် ၏ မျက်စိ တွင် မေလခိဇေဒ က် က လေဂိ ထက် ကြီးမြတ်၏။
တစ်နေ့ သ၌ အာဗြဟံ သည် မင်းကြီးများ ကို တိုက်ခိုက် အောင်မြင် ပြီး ပြန်လာ သောအခါ လက်ရဥစ္စာ ရှိသမျှ ၏ ဆယ် ဖို့တစ်ဖို့ ကို မေလခိဇေဒက် အား ပေးလှူ ၍ ကောင်းချီး ခံယူခဲ့သ ည် ကမ္ဘာ ၁၄ ။ အာဗြဟံ ၏ လုပ်ရပ်က မေလခိဇေဒက် ထက် လေဂိ နိမ့်ကျ ကြောင်း ပြသသည်။
ဘာကြောင့်လဲ။ ရှိသော ဣဇာတ် က မေလခိဇေဒက် အား ပေးလှူခြင်း ဖြစ်ကြောင်း ဆိုလို၏။ ယာကုပ် သည် လည်း ]]အာဗြဟံ ၌}} ပေးလှူခဲ့ သလို လေပိ မှာလည်း ]]အာဗြဟံ အာ ဖင့်}} မေလခိဇေဒက် အား ပေးလှူ ခဲ့ပြီးသား ဖြစ်သည်။ ကြီး သော သူ အား ငယ် သော သူ က ပေးလှူ ရသည် ဟေဗြဲ ၇ း ၇ ။ လေမိ သည် မေလခိဇေဒက် ထက် ငယ် သောကြောင့် အာရုန် ၏ ယဇ်ပုရောဟိတ် အရာ သည် သခင်ယေရှု ထက် အဆင့်အတန်း နိမ့်ကျ သည်။ ဤ အကြောင်း ကို မင်းကြီးများ နှင့် စစ်ပြိုင်စဉ် ကလေဂိ ယောင်၍ပင် မတွေးမိ သေးချေ။ ယင်းအချိန်က လေဂိ သည် သူ့ အဘ အာဗြဟံ ၏ ကိုယ် ၌ ရှိသေး ၍ ]]အာဗြဟံ အာ ဖင့်}} ဆယ်ဖို့တစ်ဖို့ ပေးလှူခဲ့လေသည် ဟေဗြဲ ၇ း ၉ - ၁၀ ။ ဤ အရာ သည် ]]ခရစ်တော် ၌}} ၏ အဓိပ္ပာယ် ဖြစ်သ ည်။ အာဗြဟံ သည် ယုံကြည်ခြင်း မျိုးနွယ် ၏ ဦးခေါင်း ဖြစ် သလို သူ့ မျိုးနွယ် အားလုံး သည် သူ့ ထဲ ၌ ရေတွက်ခြင်း ခံရ ကြသည်။ မေလခိဇေဒက် အား အာဗြဟံ ပေးလှူ ခဲ့ချိန် ၌ သူ့ မျိုးနွယ် အား လုံးသည် ပေးလှူ ခဲ့ကြသည်။ တစ်ဦးချင်း သီးခြား မပေးလှူ ခဲ့ ကြပါ။
ထိုနည်းတူ ကျွန်ုပ်တို့သည် အခြေအနေ သစ် တစ်ရပ် ၌ ရပ်တည် ခွင့် ရခဲ့ကြသည်။ လူ အပေါင်းတို့ သည် အာဒံ အားဖြင့် ဆုံးရှုံးခြင်း သို့ ရောက် ကြသည်။ ကျွန်ုပ်တို့ ရှိသမျှ သည် တစ် ယာက်သော သူ ၏ နားမထောင်ခြင်း အားဖြင့် အပြစ်သား ဖြစ်ခဲဲ့ ကရသည်။ အပြစ်တရား သည် ဤ လောက သို့ အာဒံ အားဖြင့် ၀င် ၍ . . . ထိုနေ မှ စပြီး လူ အပေါင်းတို့ သည် အပြစ် ရှိ သော ကာင့် သေခြင်း သို့ ရောက်ရကြ၏။
သို့ရာတွင် ယခု အခါ ယင်း ဖြစ်ရပ်ဆိုး မှ လွတ်မြောက် စ သည့် မျှော်လင့်ချက် ရောင်ခြည် ထွန်းလင်းခဲ့ လေပြီ။ အခြား သော သူ တစ်ယောက် ၏ နားထောင်ခြင်း ဖြင့် ဖြောင့်မတ်ရာ သို့ ကျွန်ုပ်တို့ ရောက်ခွင့် ရ ကြသည်။ အပြစ် ပွားများ သည့် အရာ မှာ ကျေးဇူးတော် သာ၍ <ကယ်၀ ၏။ ထိုသို့ အပြစ်တရား သည် သသည့် တိုင်အောင် အစိုးရသည့် နည်းတူ ကျွန်ုပ်တို့ သခင်ယေရှု ခရစ် ပြုစုတော်မူ ၍ ကျေးဇူးတရား သည် ထာ၀ရ အသက် နှင့် ယှ ဉ် သော ဖြောင့်မတ် ရာ သို့ သွင်းခြင်း ဖြင့် အစိုးရ လေ အံ့ သတ ည်း ရောမ ၅ း ၁၉ - ၂၁ ။ အာဒံ ၌ ကျွန်ုပ်တို့ စိတ်ပျက် ကြ ရသ ည် ၊ ခရစ်တော် ၌ ကျွန်ုပ်တို့ မျှော်လင့်ခြင်း ရှိ ကြသည်။
ဘုရားသခင်၏ လွတ်မြောက်ခြင်းလမ်း
ခွင့်လွှတ်ခြင်း ခံရပြီးသူ သည် ]]အပြစ်ဆက် ပြုရမည် လော}} ဟု ပေါလု က မေးထားသည် ရောမ ၆ ။ ]]မပြုရ}} ဟု ဘုရားသခင် မြစ်တား၏။ အပြစ် နှင့် ညစ်ညူးသည့် သားသမီးများ ကို သန့်ရှင်းမြင့်မြတ်သော ဘုရားသခင် က မည်သို့ ကျေနပ်နိုင် မ ည်နည်း။ ထို့ပြင် ]]အပြစ်တရား ၌ စုတေသော ကျွန်ုပ်တို့ သည် မည်သို့ ဆက် ရှင် ရ ဦးမည်နည်း}} ရော ၆ း ၁ - ၂ ။ အပြစ်တရား ၏ အုပ်စိုးမှု မှ လွတ်မြောက် ဖို့ ကျွန်ုပ်တို့ အတွက် ဘုရားသခင် ပြ င်ဆင်ပေး ပြီးပြီ။
သို့သော် အပြစ်သား အဖြစ် မွေးဖွား လာသော ကျွန်ုပ်တို့ သည် အပြစ်မျိုးရိုး ဗီဇ ကို မည်သို့ ဖြတ်တောက် ပစ်မည်နည်း။ အာဒံ ၏ မျိုးရိုးထဲ ဆင်းသက် ပေါက်ဖွားလာသော ကျွန်ုပ်တို့ သည် အာဒံ ၏ မျိုးရိုးထဲ မှ မည်သို့ ထွက်မြောက် နိုင်မည်နည်း။ အသွေးတော်က ကျွန်ုပ်တို့ကို အာဒံ ထဲမှ မထွက်မြောက် စေနိုင် ပါ။
တစ်လမ်းတည်း သာ ရှိသည်။
မွေးဖွားခြင်း ဖြင့် ၀င်ရောက်ခဲ့သည့် အတွက် သေခြင်း ဖြ င့် သာ ထွက်ခွာ သွားနိုင်သည်။ အပြစ် နှင့် ပြည့်သည့် အသက် ကို အသေခံ စွန့်ပစ်ရမည်။
မွေးဖွားခြင်း ဖြင့် အပြစ်တရား ၏ ကျွန် ခံရသည့် အဖြစ် မှ သေခြင်းဖြင့် သာ အပြစ် တရား မှ လွတ်မြောက်ခြင်း ရမည်။ ဤ ထွက်ရပ်လမ်း သည် ဘုရားသခင် ပြင်ဆင် ပေးသော လွတ် ြေ မာက်ရာလမ်း ဖြစ်သည်။ ယိုယွင်း ပိန်ချုံးခြင်း ၏ နိဂုံး မှာ သေခြင်း ဖြစ်သည်။ အပြစ်တရား ၌ ကျွန်ုပ်တို့ စုတေ့ပြီ ရော ၆ း ၂ ။
ကျွန်ုပ်တို့ မည်သို့ သေနိုင် မည်နည်း။ အပြစ် နှင့် ညစ် ညူးသည့် ဤ အသက်တာ မှ လွတ်မြောက်ရန် လူ တစ်ချို့ အပြ င်းအထန် ကြိုးစား ကြသော်လည်း အပြစ်တရား က သာ၍ ခိုင်မြဲ စွာ ချုပ်ကိုင် ထားသည်။ လွတ်မြောက်ရာ လမ်း ဘယ်မှာ ရှိ သန ည်း။ မိမိ ကိုယ် ကို သတ်သေ ဖို့ ကြိုးစား ဖြင်းဖြင့် မရနိုင်ပါ။ ခရ စ်တော် ၌ ကျွန်ုပ်တို့ ကို ဘုရားသခင် သတ်လိုက်ပြီ ဟု ၀န်ခံသော နည်းဖြင့်သာ လွတ်မြောက် နိုင်သည်။ ]]ယေရှုခရစ် ၌ ဗတ္တိဇံ ခံ သာ သူ ရှိသမျှ တို့ သည် အသေခံ တော်မူခြင်း ၌ ဗတ္တိဇံ ခံကြ သည် }} ရော ၆ း ၃ ။
ဘုရားသခင် သည် ယေရှုခရစ် ၌ ကျွန်ုပ်တို့ ကို သတ်ပစ် လိုက်ပြီ မှန်လျှင် ဤ အကျိုး ကျေးဇူး ခံစားရ ဖို့ ယေရှု ၌ ကျွန်ုပ်တို့ တည် ရှိ နေ ရမည်။ ခရစ်တော် ၌ ကျွန်ုပ်တို့ မည်သို့ တည်ရှိ (၀င်ရောက်) မည်နည်း။ ဘုရားသခင် က ပင် ကျွန်ုပ်တို့ အတွက် ထပ်မံ မစ ပေးပြန်သည်။ ခရစ်တော် ထဲ (၀င်ရောက် ရန်) ကျွန်ုပ် တို့ ၌ နည်းလမ်း လုံး၀ မရှိ ပါ။ ထိုနည်းတူ ခရစ်တော် ထဲ ကျွန်ုပ် တို့ (၀င်ရောက်) ဖို့ ကြိုးစားစရာ မလို တော့ပါ။
ကျွန်ုပ်တို့ အတွက် ကျွန်ုပ်တို့ ကိုယ်တိုင် မလုပ်ဆောင် နိုင်သော အရာ ကို ဘုရားသခင် လုပ်ဆောင် ပေးခဲ့ပြီ။ ကျွန်ုပ်တို့ ကိုခရစ်တော် ထဲ တွင် ဘုရားသခင် တည်စေခဲ့ပြီ။ ]]သင်တို့သည်
ယေရှုခရစ် ၌ တည် နေ ကြ ၏}} ၁ကော ၁း ၃၀ ။ မည်သည့် နည်း ဖြင့် တည်နေ ကြ သနည်း။ ]]ဘုရားသခင် အားဖြင့် ခရစ်တော်၌ ကျွန်ုပ်တို့ တည် နေ ကြသည်}}။ ဘုရားသခင် ၏ ကျေးဇူးတော် ကို ချီးမွမ်း ပါသည်။ ကျွန်ုပ်တို့ အတွက် နည်းလမ်း သစ်ထွင်စရာ မလိုတော့သလို ဘာမျှ လုပ်ဆောင်စရာ မရှိတော့ပါ။ ဤအမှု ကို ဘုရားသခင် ကိုယ်တော်တိုင် စီမံကိန်း ရေးဆွဲ ကာ လုပ်ဆောင် ပေးခဲ့ ပြီးပြီ။
ဣသရေလ လူမျိုးနွယ် တစ်ခုလုံး သည် အာဗြဟံ ၌ ရှိ ကာင်း ကျွန်ုပ်တို့ သဘော ပေါက်ခဲ့ ကြပြီးပြီ ဟေဗြဲ ၇ ။ ထို့ကြောင့် မမွေးဖွား သေးသည့် လေဂိ ပင်လျှင် မေလခိဇေဒက် အား ဆယ် ဖို့တစ်ဖို့ ပေးလှူခဲ့သည်။ သူတို့ သည် တစ်ဦးစီ သီးသန့် ခွဲခြား မ ပးလှူ ခဲ့ကြ သော်လည်း အာဗြဟံ ပေးလှူ စဉ် က အာဗြဟံ ကိုယ် ၌ သူတို့ ရှိနေ ကြ ၍ အာဗြဟံ ပေးလှူခြင်း ထဲ တွင် သူ့ မျိုး နွယ် အားလုံး ပါ၀င် ခဲ့ ကြသည်။
ဤ ဖြစ်စဉ် သည် ]]ခရစ်တော် ၌}} ရှိ သော ကျွန်ုပ်တို့ ၏ ဖြစ်စဉ် နှင့် တစ်ထပ် တည်း တူညီ လျက် ရှိသည်။ ကားတိုင် ထက် တွင် သခင်ယေရှု အသေခံ ခဲ့စဉ် က ကျွန်ုပ်တို့ တစ်ဦးစီ မ သခဲ့ကြ ရုံမက မွေးပင် မမွေးကြသေးချေ။ သို့သော် ထိုစဉ် က ကို ယ်တော် ၌ ကျွန်ုပ်တို့ အားလုံး ရှိနေကြသောကြောင့် ကိုယ်တော် ၌ ကျွန်ုပ်တို့ သေခဲ့ ကြသည်။ ]]တစ်ယောက် သော သူ သည် လူ အပေါင်းတို့ အတွက် ကြောင့် အသေခံ သည် မှန်လျှင် လူ အပေါ င်းတို့ သည် သေလျက် နေကြသည်}} ၂ကော ၅း၁၄။ ကိုယ် တာ် ကားစင် တင် သတ် ခံ ရသည့်အခါ ကျွန်ုပ်တို့ အားလုံး လည်း ကိုယ်တော် နှင့် အတူ ကားစင် တင် သတ်ခံ ကြရသည်။
ကျေးလက် တောရွာများ သို့ တရား လှည့်လည် ဟော ပါ သည့် အခါ ဘုရားသခင် ၏ နက်နဲသော သမ္မာတရား ကို အလွ န် ရိုးစင်း သော ဥပမာ ဖြင့် ရှင်းပြ ရသည်။ မှတ်မိ ပါ သေးသည်။ တစ်ကြိမ် တွင် စာအုပ် တစ်အုပ် ကို ကျွန်ုပ် ကောက်ကိုင် လိုက်ပြီး စာရွက်လေး တစ်ရွက် ကို စာအုပ် ထဲ ထည့်လိုက် ကာ ရှင်းပြ ခဲ့ပါ သည်။
]]ဟောဒီ မှာ သေချာ ကြည့်ကြပါ။ စာရွက်လေး ကို စာ အုပ် ထဲ ထည့် လိုက်ပြီ။ ယခု ဒီ စာတိုက် က တစ်ဆင့် ရှန်ဟိုင်းမြို့သို့ ပို့ လိုက်မယ်။ ဒါဆို စာရွက် က ဘယ်ရောက် သွားမလဲ။ စာအု ပ် က ရှန်ဟိုင်း ရောက်သွားပြီး စာရွက် က ဒီမှာ ကျန်နေ မှာ လား}}
ကျန် မနေပါ။ စာအုပ် ရောက်သွား သည့် နေရာ သို့ စာ ရွက် လည်း အတူ လိုက်ပါ သွားသည်။ အကယ်၍ ကျွန်ုပ် က စာ အုပ် ကို မြစ်ထဲ ပစ်ချလိုက်လျှင် စာရွက် လည်း အတူပါ သွားပေမ ည်။ စာရွက် မှာ စာအုပ် ထဲ ရှိနေ သဖြင့် စာအုပ် ဖြစ်ပျက် တွေ့ ရံ သမျှ အတိုင်း စာရွက် လည်း ထပ်တူ တွေ့ ကြုံ ရလေသည်။ ]]ဘုရားသခင် အားဖြင့် . . . သင်တို့ သည် ယေရှုခရစ် ၌ တည်နေ (ပါ၀င်) ကြ၏}}။ ဘုရားသခင် ကိုယ်တော်တိုင် ကျွန်ု ပ်တို့ ကို ခရစ်တော် ၌ (အထဲတွင်) ထည့်သွင်း ကာ လူသား မျိုးနွ ယ် တစ်ခုလုံး အား ခရစ်တော် နှင့် အတူ ဖြေရှင်းတော် မူ၏။ ကျွန်ု ပ်တို့ ၏ ကံကြမ္မာ သည် ခရစ်တော် နှင့် အတူ ဆက်နွယ် ထုံးဖွဲ့ လျက်ရှိသည်။
ခရစ်တော် ၌ တည်ခြင်း သည် ခရစ်တော် ၏ အသေခံခြ င်း နှင့် ပြန်ရှင်ခြင်း နှစ်ခု စလုံး ထဲ တွင် ကိုယ်တော် နှင့် အတူ ပါ၀င် သောကြောင့် ကိုယ်တော် တွေ့ ကြုံ ဖြစ်ပျက် သမျှ အတိုင်း ကျွန်ုပ်တို့ လည်း ဖြစ်ပျက တွေ့ကြုံ ကြရသည်။ သို့ဖြစ်၍ ကျွန်ုပ် တို့ အား ကားစင်တင် သတ်ဖို့ ဘုရားသခင် ထံ လုံး၀ တောင်း
လျှာက် စရာ မလို တော့ပါ။ အတိတ် တုန်း က ခရစ်တော် အသေသတ် ခံရ သော ကာင့် ကျွန်ုပ်တို့ ၏ သေခြင်း သည် အနာဂတ် တွင် မဟုတ်ပါ။ အနာဂတ် ၌ ကျွန်ုပ်တို့ကို ကားစင် တင် သတ် ခံရ လိမ့် မည် ဟု ကျမ်းတစ်ချက် မျှ မရှိပါ။ ကျမ်းညွှမ်း အားလုံး တစ်ကြိမ်တည်း နှင့် အပြီးတိုင် သေပြီး ကြောင်း အတိတ် သဒ္ဒါ ဖြင့် ရေးထားသည် ရော
၆ : ၆ ။ ဂလာ ၂ း ၂၀ ။ ၅ း ၂၄ ။ ၆း ၁၄ ။
မိမိ ကိုယ် ကို ကားစင် တင် သတ် သေရန် ကျွန်ုပ်တို့ အား ဘုရားသခင် မတောင်းဆိုပါ။ အဘယ် လူ တစ်ဦးမျှ ကိုယ့် ကိုယ် ကို ကားစင် တင် မသတ် နိုင်ပါ။ ခရစ်တော် ၌ ကျွန်ုပ်တို့ အသေခံ ခဲ့ သည့် အရာ မှာ ဩ၀ါဒ မျှ သာ မဟုတ်ဘဲ ထာ၀ရ မှန် ကန်ချက် ဖြစ်သည်။
ကိုယ်တော်၏ သေခြင်း နှင့် ပြန်ရှင်ခြင်း
ကိုယ်စားပြုခြင်းနှင့် တစ်ပေါင်းတည်းအကျုံး၀င်ခြင်း
ကျွန်ုပ်တို့ ၏ အပြစ် ဖြေ ဖို့ နှင့် ဘုရားသခင် ၏ သန့်ရှင်း ခင်း နှင့် ဖြောင့်မတ်ခြင်း ကို ကျေနပ်စေ ဖို့ သခင်ယေရှု သည် အြ ပစ် ကင်းစင် သည့် အသက်တာ ဖြင့် ကားတိုင် တွင် အသေခံ အ သွး သွန်းခဲ့ သည်။ ဘုရားသခင် ၏ သားတော် တစ်ပါးတည်း သာ လွတ်ငြိမ်း ချမ်းသာ ခွင့် ပေးနိုင်သည်။ အဘယ် သူမျှ ပါ၀င် ခွင့် မ ရှိချေ။ ခရစ်တော် နှင့် အတူ ကျွန်ုပ်တို့ အသွေးသွန်းကြောင်း ကျ မ်းစာ က လုံး၀ မပြော ပါ။ အပြစ် ဖြေလွတ်ခြင်း ကို ဘုရားသခင် ၏ ရှေ့ တွင် ကိုယ်တော် တစ်ပါး တည်း ဆောင်ရွက် ခဲ့သည်။ အသွေး သွန်း ဖို့ သာ မက ဘဲ ကျွန်ုပ်တို့ သေ ဖိုပ ကိုယ်တော် အသေခံခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ ၏ ကိုယ်စားလှယ် အဖြစ် ကို ယ်တော် အသေခံ ခဲ့သည့် အပြင် ၊ သင် နှင့် ကျွန်ုပ် ကို သူ ၏ အသေခံတော် မူခြင်း ထဲ တစ်ပေါင်း တည်း အကျုံး၀င် စေခဲ့သည်။ ခရစ်တော် ၏ အသေခံခြင်း ရှုထောင့် နှစ်ခု ကို စကား (၂) လုံး ဖြင့် ဖော်ပြ လေ့ ရှိသည်။ ]]အစားထိုးခြင်း}} နှင့် ]]ထပ် တူ ထပ်မျှ ဖြစ်ခြင်း}} စကားလုံး ကို အကောင်း အတွက် ကြိမ်ဖန် များစွာ အသုံးပြုသည်။ ခရစ်တော် နှင့် ထပ်တူ ထပ်မျှ ကျွန်ုပ် ဖြစ် သည်။ ကိုယ်တော် ထဲ အကျုံး၀င်ပြီး ထပ်တူ ထပ်မျှ ဖြစ် ဖို့ ကျွန်ုပ် လုပ်စရာ မလိုအပ်ပေ။ ခရစ်တော် ၏ အသေခံတော် မူခြင်း ထဲ တွင် ကျွန်ုပ် ကို ဘုရားသခင် ထည့်သွင်း အကျုံး၀င် စေခဲ့သည်။ တစ်ပေါင်း တည်း အကျုံး၀င်သော ကိုယ်တော် ၏ အသေခံတော် မူခြင်း တွင် ကျွန်ုပ် ကို ကိုယ်တော် နှင့် ထပ်တူ ထပ်မျှ ဖြစ် စေသ ည်။
သင် သေ ဖို့ ခရစ်တော် အသေခံခြင်း ဖြစ်သည်။ ခရစ်တော် နှင့် ထပ်တူ ထပ်မျှ သင် ၌ ဖြစ်သည်။
ခရစ်တော် ၌ ကျွန်ုပ် ကို အကျုံး၀င်စေ သော အရှင် သည် ဘုရားသခင် ဖြစ်၏။ ဘုရားသခင် လုပ်ဆောင်သော အရာ ြ ဖစ်သည်။ ထို့ကြောင့် ဓမ္မသစ်ကျမ်း မှ ]]ခရစ်တော် ၌}} စကား လုံး ကို ကျွန်ုပ် ၏ စိတ်နှလုံး ထဲ တွင် အမြဲ တန်ဖိုးထား မြတ်နိုးသ ည်။
အရှင်ယေရှု ၏ အသေခံခြင်း သည် တစ်ပေါင်းတည်း အ ကျုံး၀င်သည်။ အရှင်ယေရှု ၏ ပြန်ရှင်ခြင်း သည် လည်း ကျွန်ုပ်တို့ကို တစ်ပေါင်းတည်း အကျုံး ၀င် စေသည်။ ]]ကျွန်ုပ်တို့ သည် ယေရှုခရစ် ၌ တည်နေ ကြ၏}} ၁ ကော ၁ ။ ဤ အခြေခံ ၏ ဆိုလိုရင်း ကို အကျယ် တ၀င့် ဆက်ကြည့်ကြပါစို့။
အရှင်ယေရှု ၏ ထူးခြားသော ဘွဲ့ နာမ နှစ်ခုမှာ ]]နောက် ဆုံး အာဒံ}} နှင့် ]]ဒုတိယ လူ}} ဟု ခေါ်သည် ၁ ကော ၁၅း ၄၅ - ၄၇ ။ ]]ဒုတိယ အာဒံ}} နှင့် ]]နောက်ဆုံး လူ}} ဟု မခေါ်ပါ။ ဤ ခြားနားချက် ၏ အဓိပ္ပာယ် ကို သတိပြုပါ။
ခရစ်တော် သည် ]]နောက်ဆုံး အာဒံ}} အဖြစ် အာဒံ မှ ဆင်းသက် လာသော လူသား မျိုးနွယ် ၏ နိဂုံးချုပ် ဖြစ်သည်။ ]]ဒုတိယ လူ}} အဖြစ် လူမျိုးနွယ် သစ် ၏ ဦးခေါင်း ဖြစ်၏။ ပေါင်းစည်းခြင်း နှစ်မျိုး ရှိရာ ကိုယ်တော် ၏ အသေခံခြ င်း နှင့် ကိုယ်တော် ၏ ပြန်ရှင်ခြင်း တွင် ကျွန်ုပ်တို့ ပါ၀င်သည်။ လူသား မျိုးနွယ်ဟောင်း ၏ ]]နောက်ဆုံး အာဒံ}} အဖြစ် ဗက်လ င်မြို့ ၌ စတင် ခဲ့ပြီး ကားတိုင် နှင့် သင်္ချိုင်း တွင် အဆုံးသတ် ခဲ့သ ည်။ ကိုယ်တော် သည် အာဒေ့ ၌ တည်ရှိ သမျှ အရာခပ်သိမ်း ကို မိမိ ထဲ စုသိမ်း ပေါင်းစည်း လျက် အပြစ် စီရင် ကာ အသေ သတ် ပစ် လိုက်သည်။ လူမျိုးနွယ် သစ် ၏ ]]ဒုတိယ လူ}} အဖြစ် ကို ယ်တော် သည် ကျွန်ုပ်တို့ နှင့် ပေါင်းစည်း လျက် ပြန်ရှင်ခြင်း ၌ အစ ပြုကာ ထာ၀ရ ထဲ ၀င်ရောက်ပြီး ဘယ်တော့ မှ မဆုံးပေ။ အကြောင်း မှာ ကိုယ်တော် သည် ဘုရားသခင် ၏ အကြံအစည် တာ် ကို ပျက်ပြားစေ သည့် ပထမ လူ ကို အသေခံခြင်းဖြင့် အဆုံး သတ် သုတ်သင် ခဲ့သည်။ ထို့နောက် ဘုရားသခင် ၏ အကြံအစ ည်တော် ပြည့်စုံ စေမည့် မျိုးဆက်သစ် လူ ၏ ဦးခေါင်း အဖြစ် ပြန် ရှင် ခဲ့သည်။
]]နောက်ဆုံး အာဒံ}} အဖြစ် ကားတိုင် တွင် အရှင် ယရှု အသေသတ်ခြင်း ခံ ခဲ့သည်။ ပထမ လူ အာဒံ ၌ ရှိ သမျှ အရာခပ်သိမ်း (ကျွန်ုပ်တို့ အပါအ၀င်) ကို သူ ၌ စုသိမ်း ပြီး သုတ် သင် ဖြေရှင်း ခဲ့သည်။
လူမျိုးနွယ် ဟောင်းတွင် ကျွန်ုပ်တို့ လည်း တပေါင်းတ ည်း အကျုံး၀င် သည်။ သခင်ယေရှု ကို ]]နောက်ဆုံး အာဒံ}} ဖစ် သုတ်သင် ပစ် သလို ]]ဒုတိယ လူ}} အဖြစ် လူမျိုးနွယ် သစ် ကို ဘုရားသခင် ဖြစ်ပွား စေသည်။ ပြန်ရှင်ခြင်း ဖြင့် ]]ဒုတိယ လူ}} အဖြစ် ကိုယ်တော် ရပ်တည်သည့် အခါ ကျွန်ုပ်တို့ လည်း အတူ တပေါင်းတည်း အကျုံး၀င် ကြသည်။
]]တစ်နည်းကား အသေခံခြင်း တွင် ထို သခင် နှင့်အတူ
ကျွန်ုပ်တို့ ပေါင်းစည်း သည် မှန် လျှင် ကိုယ်တော် ၏ ပြန်ရှင်ခြင်း တွင် လည်း ပေါင်းစည်း ကြမည်}} ရောမ ၆း၅ ။
နောက်ဆုံး အာဒံ အဖြစ် ကျွန်ုပ်တို့ အသေခံ ကြပြီး ဒုတိယ လူ အဖြစ် ကိုယ်တော် ၌ ကျွန်ုပ်တို့ အသက်ရှင် ကြသည်။ ကားတိုင် သည် ကျွန်ုပ်တို့ အား အာဒံ မှ ခရစ်တော် ထဲ သို့ ကူး ပါင်းပေး သည့် ဘုရားသခင် ၏ ကြီးမြတ် သော လုပ်ရပ် ဖြစ်သ ည်။
၃
တိုးတက် မှု လမ်းကြောင်း
သိခြင်း၄
ကားတိုင် နှင့် အတူ ကျွန်ုပ်တို့ ၏ ဘ၀ ဟောင်း နိဂုံးချုပ သွားလေပြီ။ ကျွန်ုပ်တို့ ၏ ပြန်ရှင်ခြင်း နှင့် အတူ သမိုင်း သစ် စတ င် လာ ခဲ့ ပြီ။ ခရစ်တော် ၌ တည်ရှိ သော ]လူ သည် သတ္တ၀ါ သစ် ဖြစ် ၏။ ဟောင်း သော အရာ များ ပြောင်းလဲ သွားပြီး အရာခပ်သိ မ်း အသစ် ဖြစ်လာ ကြပြီ} ၂ကော ၅း ၁၇ ။ ကားတိုင် က ပထမ ဖန်ဆင်းခြင်း ကို အဆုံးသတ် စေပြီး သေခြင်း ထဲ မှ ဒုတိယ လူ ကို ခရစ်တော် ၌ အသစ် ဖန်ဆင်း ဖြစ်ပွား စေသည်။ ]အာဒံ} ၌ ကျွန်ုပ်တို့ ရှိ လျှင် အာဒံ ၌ ရှိ သမျှ အရာ အားလုံး ကို ကျွန်ုပ်တို့ ဘာမျှ လုပ်ဆောင် စရာ မလိုဘဲ အလိုအလျှောက် ဆက်ခံ ရရှိပြီး သား ဖြစ်သည်။ စိတ်ဆိုး ဖို့ ဖြစ်စေ ၊ အခြား အပြစ် ကျူးလွန် ဖို့ ဖြ စ်စေ ၊ ကျွန်ုပ်တို့ တကူး တက ဆုံးဖြတ် စရာ မလိုပေ။ ကျွန်ုပ်တို့ ထိန်းချုပ် နေသည့် ကြားမှာ ပင် အလိုလို လုပ်မိ လျက်သား ဖြစ် နသည်။
ထိုနည်းတူ ခရစ်တော် ၌ ရှိ လျှင် ခရစ်တော် ၌ ရှိ သမျှ အရာခပ်သိမ်း ကို ကျေးဇူးတော် အားဖြင့် အခမဲ့ ရသည်။ ကျွန်ုပ် တို့ ဘာမျှ စွမ်းဆောင် စရာ မလိုဘဲ ရိုးရိုးလေး ယုံကြည်ရုံ ဖြင့် ဆ က်ခံ ရရှိကြသည်။ ကျွန်ုပ်တို့ လိုအပ် သမျှ အရာ အားလုံး ကို ခရ စ်တော် ၌ ကျေးဇူးတော် အားဖြင့် အခမဲ့ ရကြ သည်မှာ မှန် သည်။
သို့သော် လည်း လက်တွေ့ မကျ သလို ထင်ရ သည်။ ဤ အရာ ကို မည်သို့ လက်တွေ့ အကောင် အထည် ဖော်မည်နည်း။ ယင်း မှန်ကန်ချက် ကို အတွေ့ အကြုံ ထဲ တွင် မည်သို့ အမှန် တကယ် ြ ဖစ်လာ စေ မည်နည်း။
ရောမ ကျမ်း ၆ ၊ ၇ ၊ ၈ တို့ ကို လေ့လာ ပါက စံချိန်မီ ခ ရစ်ယာန် အသက်တာ ရှင်သန်ရန် (၄) ပိုင်း ရှိသည်။
(२) သိခြင်း
(J) သိမှတ်၀န်ခံခြင်း
(२) ဘုရားသခင် ထံ မိမိ ကိုယ် ကို အပ်နှံခြင်း
(၄) ဂိညာဉ်တော် ၌ လျှောက်လှမ်းခြင်း တို့ ဖြစ် သည်။
၎င်း တို့ကို အစီအစဉ် တကျ တင်ပြ ထားသည်။ စံချိန်မီ အသ က်တာ ရှင် လို လျှင် ဤ လေး လှမ်း စလုံး ကို လျှောက်လှမ်းပါ။ မ ည်သည့် တစ်လှမ်း ကို မျှ ချန်လှန်ခြင်း ၊ ကျော်လွှားသွားခြင်း မပြု ရပါ။ ဂိညာဉ်တော် အားဖြင့် ကျွန်ုပ်တို့ ၏ ဉာဏ် မျက်စိ ကို ပွင့်လ င်းစေ မည့် အကြောင်း သခင်ဘုရား အပေါ် ယုံကြည် ကိုးစား ပါ။ ကိုယ်တော် ၏ မစခြင်း ဖြင့် ပထမ အရေး အကြီးဆုံး တစ်လှမ်း ကို လှမ်းပါ။
ခရစ်တော်နှင့်အတူ ကျွန်ုပ်တို့အသေခံခြင်း သမိုင်းတွင် သောဖြစ်ရပ်မှန်
အရှင်ယေရှု ၏ အသေခံခြင်း သည် ကိုယ်စား ပြုခြင်း ဖြ စ်ကြောင်း နှင့် တစ်ပေါင်းတည်း အကျုံး၀င် စေ ကြောင်း ပေါလု က ရှင်းထားသည်။ ရော ၆း ၁ - ၁၁ ။ ကျွန်ုပ်တို့ ရှိ သမျှ သည် ကို ယ်တော် ၏ အသေခံခြင်း ၌ သေခဲ့ ကြသည်။ ဤ အချက် ကို မသိ ပါက မည်သူ မျှ ကြီးထွား ရင့်ကျက် မှု မရှိနိုင် ပါ။ ကျွန်ုပ်တို့ ၏ ဒုစရိုက် အပြစ်များ ကို ကားတိုင် ထက် ၌ ကိုယ်တော် ခံယူ သွားကြောင်း ကျွန်ုပ်တို့ သဘော မပေါက် လျှင် ဖြောင့်မတ်ရာ သို့ မရောက်နိုင်ပါ။
ထို့ နည်းတူ ကျွန်ုပ်တို့ ကို ကားတိုင် ထက် တွင် ရိုက် ထားကြောင်း မသိမြင် လျှင် ကျွန်ုပ်တို့ သန့်ရှင်းခြင်း မရှိနိုင်။ ကျွန်ုပ်တို့ ၏ အပြစ် ဒုစရိုက်များ ကို ကိုယ်တော့် အပေါ် တင်ရုံ မက ကျွန်ုပ်တို့ ကို ပါ ကိုယ်တော် ထဲ ထည့်သွင်း ခဲ့သည်။
ခွင့်လွှတ်ခြင်း ကို သင် မည်သို့ လက်ခံခဲ့ သနည်း။ သင့် ဒုစရိုက်များ ကို သခင်ယေရှု ဆောင်ယူ လျက် သင့် ကိုယ်စား အ သခံကာ သင့် ညစ်ညူးခြင်း ကို အသွေးတော် ဖြင့် ဆေးကြော သန့်စင် ပေးခဲ့ကြောင်း သင် သိ ပြီးပြီ။ ကျွန်ုပ် လွန်ကျူး ခဲ့သော ဒုစရိုက်များ အတွက် သခင်ယေရှု အသေခံ ပေးပါ ဟု သင် ဆု တာင်းစရာ မလိုပါ။ ကိုယ်တော် အား ကျေးဇူးတင် စရာ သာ လို ပါသည်။
အကြောင်းမှာ သင့် အတွက် ကိုယ်တော် အသေခံ ပြီး ပီ။ ခွင့်လွှတ်ခြင်း ကို သင် အမှန်တကယ် ရ သလို လွတ်မြောက်ခြ င်း လည်း သင် အမှန်ပင် ရသည်။ ဆောင်ရွက် စရာ အမှုပြီးပြီ။ ဆုတောင်း စရာ မလို တော့ပါ။ ချီးမွမ်း ဖို့ သာ လိုသည်။
ခရစ်တော် ၌ ကျွန်ုပ်တို့ အားလုံး ကို ဘုရားသခင် ထည့် သွင်း ထား ပြီးပြီ။ သို့မှသာ ခရစ်တာ် ကို ကားစင် သင် သတ် သ ည့်အခါ ကျွန်ုပ်တို့ လည်း တစ်ပေါင်းတည်း သေ သွားသည်။ သို့ဖြ စ်၍ ]]ကျွန်ုပ် ဟာ သိပ် ဆိုးသွမ်း ယုတ်မာတဲ့ လူ ဖြစ်တယ်။ ကျွန်ု ပ် ကို ကားစင် တင် သတ် ပါ ဘုရား . . .}} ဟု ဆုတောင်း စရာ မ လို ဘဲ ကျေးဇူးတင် ချီးမွမ်း ဖို့ သာ ရှိသည်။ သင့် ဒုစရိုက် အပြစ် များ ကို အသွေးတော် ဖြင့် ဆေးကြော ပေးခဲ့ သလို ကားတိုင် ဖြင့် သင့် ကို ပါ သုတ်သင် ပယ်ရှင်း ပြီးပြီ။ ဤ အမှု သည် ဆောင်ရွက် ပြီးစီး ခဲ့ သော အမှန်တရား ဖြစ်သည်။
ခရစ်တော် သေ သည့်အခါ သင် လည်း သေပြီ။ သူ နှင့် အတူ သင် သေ ပြီ။ ကိုယ်တော် ကို ကျေးဇူး တင် ဖို့ သာ ရှိသည်။ သမ္မာ အလင်း တွင် သက်ရှင် လျှောက်လှမ်း ပါ။ ]]ထို အခါ စ ကားတော် ကို ယုံ၍ ဂုဏ် ကျေးဇူးတော် ကို သီချင်း ဆိုကြ၏}} ဆာ ၁၀၆း ၁၂ ။
ခရစ်တော် ၏ အသေခံခြင်း ကို သင် ယုံကြည် ပါ သလား။ မယုံစရာ အကြောင်း မရှိ ပါ ဟု သင် ဖြေ လိမ့်မည်။ ကျွန်ုပ်တို့ အတွက် ကိုယ်တော် အသေ ခံခဲ့ သည်။ ကိုယ်တော် နှင့် အတူ ကျွန်ုပ်တို့ သေခဲ့သည်။ ]]ကျွန်ုပ်တို့ အတွက် ကြောင့် ခရစ် တာ် အသေခံ တော်မူသည်}} ရော ၅ း ၈ ။ ]]ကျွန်ုပ်တို့ ၏ လူ ဟာင်းသည် ထို သခင် နှင့် အတူ ကားတိုင် မှာ အသေ သတ်ခြင်း ကို ခံပြီ}} ရော ၆ း ၆ ။ ]]ကျွန်ုပ်တို့ သည် ခရစ်တော် နှင့် အတူ သလျှင်}} ရော ၆ း ၈ ဟူသည့် နောက်ထပ် ပြောဆိုချက်များ ကိုနားလည် ဖို့ မ ခက် ခဲတော့ပါ။
မည်သည့် အချိန် က ကိုယ်တော် နှင့် အတူ ကျွန်ုပ်တို့ အသေခံ ခဲ့သလဲ။ ဘယ် နေ့ မှာ ကျွန်ုပ်တို့ ၏ လူဟောင်း ကားစင် တင် သတ်ခံရသလဲ။ နက်ဖြန်လား။ မနေ့တုန်း က လား။ ဒီ န့လား။ ]]ကျွန်ုပ်တို့ ၏ လူဟောင်း ကို ခရစ်တော် နှင့် အတူ တစ် ချိန်တည်း ကားတိုင် မှာ အသေ သတ် ခဲ့ပြီ}}။
ထို့ကြောင့် ခရစ်တော် အသေ သတ်ခံ စဉ် က ကျွန်ုပ် လ ည်း အသေ သတ် ခံ ခဲ့ရသည်။ သို့မဟုတ် ကျွန်ုပ် အသေ သတ် ခံ ခဲ့ ချိန် တွင် ခရစ်တော် လည်း အသေ သတ် ခံ ခဲ့ရသည် ဟု ဆိုနို င်သည်။ အကြောင်းမှာ ၎င်းင်းတို့ သည် သမိုင်း တွင် အမှန် တက ယ် ဖြစ်ပျက် ခဲ့သော သီးခြား ဖြစ်ရပ် နှစ်ခု မဟုတ်ဘဲ တစ်ခု တ ည်း ဖြစ်၏။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင် ခန့် က ကိုယ်တော် ကို ကားစင် တင် သတ်ခဲ့ စဉ် ကိုယ်တော် နှင့် အတူ ကျွန်ုပ် ရှိခဲ့ သည် မှန် လျှင် နက်ဖြန် မှ ကျွန်ုပ် ကားစင် တင် သတ် ခံရမည် ဟု ယုံ လျှင် မှန် ပါ့မလား။ အတိတ် က ကိုယ်တော် ၌ ဖြစ်ပျက် ခဲ့ပြီး ၊ ပစ္စုပ္ပန် (၀ါ) အနာဂတ် တွင် ကျွန်ုပ် ၌ သီးခြား ဖြစ်နိုင်ပါ့မလား။ ကျွန်ုပ် ကိုယ်စား ကိုယ်တော် အသေခံ ခဲ့ရုံ သာမက သူ နှင့် အတူ ကျွန်ုပ် ကို ကားတိုင် ထက် သို့ ယူဆောင် သွားခြင်း ကြောင့် သူ သေ စဉ် က ကျွန်ုပ် လည်း သေ ခဲ့ပြီ။ ဘုရားသခင် အား ချီးမွမ်း ပါ သည်။ သခင်ယေရှု ၏ အသေခံခြင်း ကို ကျွန်ုပ် ယုံကြည် ပါက ကျွန်ုပ် ကိုယ်တိုင် သေကြောင်း ကို ယုံကြည် နိုင်ပါသည်။
သခင်ယေရှု အသေခံ ခဲ့ကြောင်း အဘယ်ကြောင့် သင် ယုံကြည် သလဲ။ ဘာ ကို အခြေခံ ပြီး ယုံကြည် သလဲ ၊ ကိုယ် တာ် အသေခံ ခဲ့သည် ကို သင် ခံစား ရ သလား။ ဤ အရာ ကို သင် မခံစား ရပါ။ သခင်ယေရှု အသေခံ ခဲ့ကြောင့် ဘုရားသခင် ၏ နှုတ်ကပတ်တော် က ပြောခြင်း ကြောင့် သင် ယုံကြည်ခြင်း ဖြစ် သည်။ သခင်ယေရှု ကားစင် တင် သတ်ခံရ သော တစ်ချိန်တည်း တွင် သူခိုး နှစ်ယောက် လည်း ကားစင် တင် သတ်ခံ ရသည်။ သူ တို့ နှစ်ယောက် စလုံး ကိုယ်တော် နှင့် အတူ အသတ် ခံခဲ့ကြောင်း ကျမ်းစာ က ရှင်းပြ ထားခြင်း ကြောင့် သင် ယုံမှား သံသယ မရှိ ချ။
သခင်ယေရှု အသေခံခဲ့ကြောင်း ကို သင် ယုံကြည် သည်။ သူ နှင့် အတူ သူခိုး (၂) ဦး အသတ် ခံရကြောင်း လည်း သင် ယုံကြည်သည်။ သင် သေပြီး ကြောင်း ကို သင် မည်သို့ သ ဘာရ သနည်း။ သင် ကားစင် တင် သတ် ခံရခြင်း သည် သူခိုး နှစ်ယောက် ၏ အဖြစ် ထက် ပိုမို လက်ပွန်း တတီး အကျွမ်း၀င် သည်။ သခင်ယေရှု နှင့် အတူ သူတို့ နှစ်ယောက် တစ်ချိန်တည်း ကားစင် တင် သတ် ခံခဲ့ကြ သော်လည်း သီးခြား ကားတိုင် တွင် အသတ်ခံ ရကြသည်။ ကိုယ်တော် အသေ ခံစဉ် ကိုယ်တော့် ထဲ တွင် သင် ရှိနေ ခဲ့သည်။ ဤ အကြောင်း ကို သင် မည်သို့ သိ သန ည်း။ ဘုရားသခင် ၏ စကား သည် သင် ယုံကြည် လောက် သော အကြောင်းရင်း ဖြစ်သည်။
သင့် ခံစားချက် ပေါ် မတည် ပါ။ သင် အသေ ခံခဲ့ ပြီးပြီ။ သင် သေဆုံး ခဲ့ လေပြီ။ သင် စက်ဆုပ် ရွံ ရှာ သည့် ]]ငါ}} ]]လူ ဟာင်း}} သည် ကားတိုင် ပေါ် တွင် ခရစ်တော် ၌ ဇာတ်သိမ်း သွားလေပြီ။ ] သေ သော သူ သည် အပြစ် တရားလက် မှ လွတ် လျက် ရှိ ၏} ရော ၆ း ၇ ။ ဤ အရာ သည် ယုံကြည်သူများ အတွ က် ၀မ်းမြောက်ဖွယ် သတင်း ကောင်း ဖြစ်သည်။
ကြိုးပမ်း အားထုတ်ခြင်း ဖြင့် ဖြစ်စေ ၊ စိတ်အား ထက်သ န်မှု နှင့် ဆန္ဒ ပြင်းပြခြင်း ဖြင့် ဖြစ်စေ ၊ ကားစင် တင် သတ်ခြင်း ၏ အကျိုး အာနိသင် ကို မခံစား နိုင်ပါ။ ကားတိုင် ထက် ၌ သခင် ယရှု ဆောင်ရွက် ပြီးစီး ခဲ့ သည့် အမှု အား လက်ခံခြင်း ဖြင့် သာ အကျိုး အာနိသင် ကို ခံစားနိုင် သည်။ ကျွန်ုပ်တို့ ၏ ဂိညာဉ် မျက် စိ ပွင့် မှ ကရာနီကုန်း ၌ ဆောင်ရွက် ပြီးစီး ခဲ့ သည့် အမှု ကို ရှုမြင် ခံစား နိုင်မည်။
ကယ်တင်ခြင်း ရ ဖို့ သင် တို့ အချို့ ကြိုးစား အားထုတ် လျက် ရှိကြ သေးသည်။ ကျမ်းစာ ဖတ်ခြင်း ၊ ဆုတောင်းခြင်း ၊ ဘုရား ကျောင်းတက်ခြင်း ၊ အလှူငွေ ပေးခြင်း ဖြင့် ကြိုးစား ကြသ ည်။ သို့သော် တစ်နေ့ တွင် သင့် မျက်စိ ပွင့်လင်း ကာ စုံလင်သော ကယ်တင်ခြင်း ကို ကားတိုင် ထက် ၌ ဘုရားသခင် ဆောင်ရွက် ပး ပြီးကြောင်း တွေ့မြင် ခဲ့သည့် အခါ ကယ်တင်ခြင်း ကို သင် လ က်ခံလျက် ဘုရားသခင် အား ကျေးဇူးတင် ချီးမွမ်းရုံ နှင့် သင့် စိ တ်နှလံး ထဲ ၀မ်းမြောက်ခြင်း နှင့် ငြိမ်သက်ခြင်း စီး၀င် လာ တော့ သည်။ ကယ်တင် ခံရ ခြင်း အခြေခံ တရား နှင့် အညီ သန့်ရှင်း စ င်ကြယ်စေခြင်း ကို ပါ သင် ရရှိ သည်။ သင် ၏ ဒုစရိုက် အပြစ်များ ခွင့်လွှတ်ခြင်း ခံရသည့် နည်းတူ အပြစ် တရား မှ လွတ်မြောက်ခြ င်း လည်း သင့် အား ပေးပြီးပြီ။
ဘုရားသခင် ၏ လွတ်မြောက်ခြင်း နည်း နှင့် လူ့ နည်း လုံး၀ ခြားနား ၏။ လူ့နည်း မှာ အပြစ် တရား ကို အောင်မြင် ကျာ်လွန် ဖို့ ကြိုးစား ဖိနှိပ် ချိုး နှိမ်ခြင်း ဖြစ်၏။ ဘုရားသခင် ၏ နည်းမူ ကား အပြစ်သား ကို သုတ်သင် ဖယ်ရှင်း ပစ်ခြင်း ဖြစ် ၏။ ြေ မာက်မြားစွာ သော ခရစ်ယာန်တို့ သည် သူတို့ ၏ အားနည်းချက် များ ကြောင့် ညည်းတွား စိတ်ပျက် လျက် ရှိပြီး သူတို့ သာ ပိုမို ခွန် အား ရှိ လျှင် အရာရာ တွင် အဆင်ပြေ မည် ဟု လွဲမှား စွာ တွေး ထင်နေ ကြသည်။ သန့်ရှင်းသော အသက်တာ မရှင်နိုင်ခြင်း မှာ ခွ န်အား မရှိခြင်း ကြောင့် ဟု ထင်ပြီး ပို ခွန်အား ရှိ ဖို့ ကြံဆောင် ဆုတောင်း ကြသည်။ အပြစ် တန်ခိုး မှ လွတ်မြောက် ဖို့ အာရုံ စို က်လေ ၊ အပြစ် တန်ခိုး အောက် နစ်မြုပ်လေ ဖြစ်သည်။ ဤ ခံယူ စွမ်းဆောင်ချက် သည် လုံး၀ မှားယွင်း ပြီး ခရစ်ယာန် နှင့် အလျှင် မ သက်ဆိုင် ပါ။
အပြစ် တရား မှ ကျွန်ုပ်တို့ အား လွတ်မြောက်စေ သော ဘုရားသခင် ၏ နည်း မှာ ကျွန်ုပ်တို့ ကို ခွန်အားကြီး သထက် ကီးအောင် လုပ်ပေးခြင်း မဟုတ်ဘဲ ခွန်အား နည်း သထက် နည်း အာင် လုပ်ခြင်း ဖြစ်သည်။ ဤ နည်း သည် အမှန်ပင် တမူ ထူးခြား အောင်မြင် သောနည်း ဖြစ်သည်။ အကယ်စင်စစ် ဤ နည်း သည် ဘုရားသခင် ၏ နည်း ဖြစ်သည်။ အပြစ်တရား ၏ အုပ်စိုးမှု မှ လွ တ်မြောက်စေ ရန် ကျွန်ုပ်တို့ ၏ လူဟောင်း ကို ဘုရားသခင် က ခွ န်အား ထပ် မဖြည့်ပေး ဘဲ ကားစင် တင် သတ် လိုက် သည်။ ဘာ တစ်ခု မျှ မစွမ်းဆောင် နိုင်အောင် လူဟောင်း ကို အားမပေးဘဲ အ လုပ်ခွင် မှ ဖယ်ရှား ပစ်လိုက်သည်။
သင် သည် မိမိ ကိုယ်ကို ထိန်းချုပ နိုင်အောင် နှစ်ပေါင်း များစွာ အချည်းနှီး ကြိုးစားခဲ့ သူ ဖြစ်ကောင်း ဖြစ်မည်။ ယင်း သို့ ကိုးစား နေသေးလျှင် မှားယွင်း ၊ စိတ်ဆိုး ၊ ညည်းညူ ၊ စိတ်ပျက် မှု များ . . . သင် ၌ ဆက် တွေ့ ကြုံ ဖြစ်ပျက်နေမည်။ သမ္မာတရား ကို သင် တစ်ကြိမ် တွေ့ မြင် မြင်ချင်း ဘာ တစ်ခု ကို မျှ သင် အာင်မြင် နိုင် စွမ်း မရှိကြောင်း ၀န်ခံ လိမ့်မည်။ သင့်အား ဘေးဖ ယ်ထားပြီး ဘုရားသခင် ကိုယ်တိုင် သီးသန့် လုပ်ဆောင် ပေးပြီး ကာင်း ကို သင် သိမြင် လက်ခံ လိုက်သည့် အခါ လူ့ ကြိုးပမ်း အား ထုတ်မှု များ ဆုံးခန်း တိုင် သွားသည်။
ပထမ ခြေလှမ်း . . . . . သိခြင်း
စံချိန်မှီ ခရစ်ယာန် အသက်တာ ကို တိတိကျကျ ]]သိခြ င်း}} ဖြင့် အစ ပြု ရမည်။ သိခြင်း ဆိုသည် မှာ သမ္မတရား တစ်စုံ တစ်ခု ကို သိခြင်း သို့မဟုတ် အရေးကြီးသော ဩ၀ါဒ တစ်ချို့ ကို နားလည် သဘောပေါက်ခြင်း လည်း မဟုတ်ပါ။ တွေးခေါ် မျှော်မြ င် တတ် သော အသိပညာ လည်း မဟုတ်ပါ။ ခရစ်တော် ၌ ကျွန်ုပ် တို့ ရရှိ သည့် အရာများ ကို မြင် မှ ဂိညာဉ် မျက်စိ ပွင့်လင်း သွား သည်။
သင် ခွင့်လွှတ်ခြင်း ခံရ ကြောင်း မည်သို့ သိ သနည်း။ သင်းအုပ် က ပြောပြ ခြင်း ကြောင့် လား။ မဟုတ် နိုင်ပါ။ သင် ခွင့် လွှတ်ခြင်း ခံရကြောင်း ကို သင် ကိုယ်တိုင် တိတိကျကျ သိ ၍ ဖြစ် သည်။ သင် ဘယ်လို သိ သလဲ။ ]]ကျွန်ုပ် အပြစ် ခွင့်လွှတ်ခြင်း ခံရ မှန်း သိ ပါတယ်}} ဟု သင် က ရိုးရိုး ရှင်းရှင်း လေး ပြန်ဖြေ သည်။ ယင်း အသိတရား သည် ဘုရားသခင် ၏ ဖွင့်ပြခြင်း ကြော င့် ဖြစ်သည်။ သခင်ဘုရား ထံ မှ လာ သော ပညာ ဖြစ်သည်။ ပစ် လွှတ်ခြင်း ကို ကျမ်းစာ ၌ ရေးသား ထား သော်လည်း သင့် အ တွက် ဘုရားသခင် ထံ မှ အသက်ရှင် သော နှုတ်ကပတ်တော် ဖြစ် လာရန် ]]ကိုယ်တော် ကို သိကျွမ်းခြင် ပညာ နှင့် ထိုးထွင်း ဉာဏ် ကို}} သင့် အား ကိုယ်တော် ဖွင့်ပြ ဖို့ လိုသည် ဧ ၁း၁၇ ။ ခရစ် တာ် ကို ထိုနည်း အတိုင်း သင် သိမြင် နားလည် ဖို့ လို သလို ထို ဥာဏ် ပညာ ဖြင့် အစဉ်တစိုက် သိမြင် သွား ဖို့ လိုသည်။
ထို့ကြောင့် သင့် စိတ် နှလုံး ထဲ မှာ ခရစ်တော် ကို အသ စ် တစ်မျိုး နားလည် သဘောပေါက် လာခြင်း သည် သင့် ဂိညာဉ် ထဲ မှ တွေ့မြင် ရခြင်း ဖြစ်သည်။ သင့် စိတ်ထဲ တွင် ဥာဏ် အလ င်း ထွန်းလင်း လိုက်သည် နှင့် အဖြစ်မှန် ကို သင် လုံးလုံး သ ဘာပေါက် လက်ခံ လာသည်။ အပြစ် လွှတ်ခြင်း သည် မှန်ကန် သလို အပြစ် တရား မှ လွတ်မြောက်ခြင်း မှာ လည်း မှန်ကန် သည်။ သင့် စိတ် ထဲ တွင် ဘုရားသခင် ၏ အလင်း ထွန်းလင်း လာ သည် နှင့် တစ်ပြိုင်တည်း ခရစ်တော် ၌ သင့် အဖြစ်မှန် ကို တွေ့မြင် ရသည်။
ဤ အကြောင်း ကို တစ်စုံတစ်ယောက် က ပြောပြ ၍ မ ဟုတ်ပါ။ ရောမ ၆ က ပြော ၍ သင် သိ ခြင်း လည်း မဟုတ်ပါ။ ထို့ ထက် ပင် သာလွန် ၏။ ဤ အကြောင်း ကို ဂိညာဉ်တော် ဖြင့် သင့် အား ဘုရားသခင် ဖွင့်ပြခြင်း ကြောင့် သင် သိခြင်း ဖြစ်သည်။ သင် ၌ ဘာမျှ မခံစားရ မရှင်းပြ တတ်ဘဲ ရှိကောင်း ရှိမည်။ သို့သော် ပင် သိ သည့် အကြောင်း မှာ သင် တွေ့မြင် သောကြောင့် ဖြစ်၏။
ခရစ်တော် ၌ ရှိ သော သင့် အဖြစ်မှန် ကို သင် တစ်ကြိမ် တည်း တွေ့မြင် ရုံဖြင့် ထို မင်္ဂလာ ရှိသော အမှန်တရား ၏ စိတ်ချမှု ကို ဘယ် အရာ က မျှ မတုန်လှုပ် မယိမ်းယိုင် စေနိုင် တော့ပါ။
စံချိန်မီ ခရစ်ယာန် အသက်တာ ထဲ ၀င် ရောက်လာ ပြီး သူ တို့ ၏ အတွေ့ အကြုံ ကို မေးကြည်ပါ။ အမျိုးမျိုး ဖြေကြ လိမ့်မ ည်။ လူ တစ်ဦးစီ ၏ သီးခြား အတွေ့ အကြုံ မှန်ကန် ကြောင်း ကျ မ်းစာ ဖြင့် အကြောင်းပြကြ ရုံမက ၊ မိမိ နှင့် ကွာခြားသူ ကို ကျမ်း စာ အသုံးပြုပြီး တိုက်ခိုက်နေကြ သောကြောင့် ဘုရားသခင် အလွ န် ၀မ်းနည်း သည်။ ဤ သို့ ဘုရားသခင် နှင့် တွေ့ကြုံ သည့် နည်း လမ်း နှင့် ဩ၀ါဒ ခြားနားမှု ကို အလေး ဂရု မပြု သင့်ချေ။
ခြားနား သော အတွေ့ အကြုံ နှင့် ဩ၀ါဒ သည် တစ်ဦး နှင့် တစ်ဦး မတူမတန် မရောယှက် ဖို့ မဟုတ် ၊ အပြန်အလှန် အ ကျိုးပြု တည်ဆောက်ဖို့ နက်ရှိုင်း ၊ ရင့်ကျက်သော အသက်တာ သို့ တက်လှမ်း ဖို့ ဖြစ်သည်။ သေချာသော အရာ တစ်ခု ကား ဘုရားသခင်ရှေ့ တွင် စစ်မှန်သော အတွေ့ အကြုံ ၏ တန်ဖိုး သည် အသစ် ရှာဖွေ တွေ့ ရှိသော ပုဂ္ဂိုလ် သခင်ယေရှု နှင့် ၎င်းင်း ၏ လုပ်ဆောင်ချက် ပင် ဖြစ်သည်။ ထို အဆုံးအဖြတ် ပေး သော စစ်ဆေးချက် သည် စိတ် ချ ရသည်။
အရာခပ်သိမ်း သည် ယင်း တွေ့ ရှိချက် ပေါ် တည်မှီ လျ က် ရှိသည်။ ]]ကျွန်ုပ်တို့ ၏ လူဟောင်း သည် ထိုသခင် နှင့် အတူ ကားတိုင် မှာ အသေသတ်ခြင်း ခံရ ပြီ ဟု ကျွန်ုပ်တို့ သိကြ ၏။ အကြောင်း မူကား ကျွန်ုပ်တို့ သည် နောက် မှ အပြစ်တရား ၏ အစေ ကို မခံခြင်းငှာ အပြစ်တရား ၏ ကိုယ် ကို ဖျက်ဆီးမည့် အကြောင်းတည်း}} ရော ၆ း ၆ ။
သိဖို့ ဘုရားသခင်၏ ဖွင့်ပြခြင်း လိုအပ်သည်
ထို့ကြောင့် ကျွန်ုပ်တို့ ၏ ပထမ ခြေလှမ်း မှာ ဘုရားသခ င် ၏ ဖွင့်ပြခြင်း ဖြင့် ရသော အသိ (ဘုရား ကို သိခြင်း) ကို ဘုရား သခင် ထံ မှ ရှာဖွေ ဖို့ လိုသည်။ ၎င်းင်းမှာ ကျွန်ုပ်တို့ ၏ အသိ နှင့် မဆိုင်ဘဲ ၊ ကားတိုင် တွင် သခင်ယေရှု ၏ လုပ်ဆောင်ပြီးစီးမှု ကို ဖွင့်ပြခြင်း မှ ရသည်။
ဘုရား ကို သိခြင်း ဖြင့် တရုတ် ပြည်တွင်း သာသနာပြု အဖွဲ့ ကို စတင် တည်ထောင် သူ ဟဒ်ဆင်တေလာ သည် စံချိန်မီအသက်တာ ကို ရှင် နိုင် ခဲ့သည်။ စပျစ်နွယ်ပင် ဖြစ်သော ယေရှု မှမည်သို့ မိမိ ထဲ အာဟာရ စုပ်ယူမည် ကို သူ မသိ သောကြောင့် ခရစ်တော် ၌ မရှင် တတ် ဘဲ ကြာမြင့်စွာ ပြဿနာ ကြုံခဲ့ရသည်။
သူ့ ထဲ မှ ခရစ်တော် ၏ အသက် စီးထွက်နေ ရမည် ကို သူ သိသော်ငြားလည်း လက်တွေ့ တွင် သူ ၌ ထို အသက် မရှိ ၊ မခံစားရသေးချေ။ နောက် မှ သူ့ လိုအပ်ချက် ကို ခရစ်တော် ၌ တွေ့ ခဲ့သည်။ ခရစ်တော် ၌ သာ ကျွန်ုပ် တည်နေ လျှင် အစစ အရာရာ
အဆင်ပြေကောင်းမွန် လာ လိမ့်မည် ကို သူ သိ မြင် ၀န်ခံ တော့သည်။ သို့သော် ခရစ်တော် ၌ ကျွန်ုပ် မတည် နိုင် ဟု သူ့ ညီမ ထံစာရေး ပြောခဲ့သည်။ ခရစ်တော် ၌ တည်နေ ဖို့ သူ ကြိုးစား လေလေ ၊ ပိုပြီး ဝေးကွာလေလေ ဖြစ်ကာ တစ်နေ့ အလင်း ဖွင့်ပြခြင်းခံရ သည့် အခါ မှ အဖြစ်မှန် ကို မြင် ပြီး ဤသို့ ပြောကြား ခဲ့သည်။]]ခရစ်တော် ၌ တည် သည့် လျှို့ဝှက် သော့ချက် ကို ကျွန်ုပ် ခံစား ရပြီ။ ယေရှု ဟာ စပျစ်နွယ်ပင် ဖြစ် သလို အမြစ် ၊ ပ င်စည် ၊ အကိုင်း ၊ အခက်အလက် ၊ အရွက် ၊ အသီး ၊ အပွင့် လ ည်း ဖြစ်တယ်။ စပျစ် ပင်စည် မှ အဆီ ဩဇာဓာတ် ကို ကိုယ့် အထဲ ဘယ်လို စုပ်ယူရ မလဲ ဆိုတာ ဆုတောင်း မေးဖို့ မလို တော့ ဘူး}}။
]]အကိုင်း ဖြစ်အောင် ကိုယ့်ကိုယ် ကို လုပ်စရာ မလို တာ့ဘူး။ ကျွန်ုပ် ဟာ အကိုင်း တစ်ခု ဖြစ် တယ် လို့ သခင်ယေရှု က ပြောတယ်။ ကျွန်ုပ် ဟာ ကိုယ်တော် ရဲ့ အစိတ်ပိုင်း တစ်ခု ဖြစ် တယ်။ ဒါကို ကျွန်ုပ် ယုံကြည် အသက်ရှင် ဖို့ ပဲ လိုတယ်။ ဒါကို ကျမ်းစာ ထဲ မှာ ကျွန်ုပ်တွေ့ တာ ကြာလှ ပါပြီ ၊ ဒါပေမယ့် တကယ် အဟုတ် အသက်ရှင် နေတာ ကို ကျွန်ုပ် ယခု မှ ယုံကြည် လာတ ယ်}} ဟု သူ သက်သေ ခံခဲ့သည်။ အမြဲ မှန်ကန် နေ သော အရာ သည် နည်းလမ်းသစ် ဖြင့် ယခု မှ ရုတ်တရက် သူ့ထဲတွင် ကိုယ်တို င် ကိုယ်ကျ မှန်ကန် လာကြောင်း ညီမ ထံ သူ စာရေးပြောသည်။
]]ဒါဟာ တစ်ကယ်တော့် အသစ် မဟုတ်ဘူး ၊ အထူးအ ဆန်း အံ့ဩစရာ မဟုတ် ပေမယ့် အခုတော့ ဘယ်လို ကျွန်ုပ် နား လည် လာနိုင်တယ် ဆိုတာ ကျွန်ုပ် မသိ ဘူး။ အရာရာ ဟာ အသ စ် ဖြစ် သွားပြီ။ တစ်ချိန် က ကျွန်ုပ် မျက်စိ ကန်းခဲ့တယ် ၊ ယခု မျ က်စိ မြင် ပြီ}}။ ခရစ်တော် နှင့် အတူ ကျွန်ုပ် သေ ပြီး ၊ သင်္ဂြိုလ်ခြ င်း ခံရတယ်။ သည့်နောက် အတူ ပြန် ရှင် ပြီး ကောင်းကင် သို့ အတူ တက်<က သွားခဲ့တယ်။ ကိုယ့်ကိုယ် ကို အဲဒီလို သိမှတ် ၀န်ခံ ဖို့ ကျွန်ုပ် ကို ဘုရားသခင် က ပြောတယ်။ ဒါကြောင့် ဘုရားပြောတဲ့ အတိုင်း ဟုတ်တယ် လို့ ကျွန်ုပ် သိမှတ် ၀န်ခံတယ်။ အ ကာင်းဆုံး အရာ ကို ကိုယ်တော် သိတယ်။ ဒီ သမ္မာ တရား ကို ကိုယ်တွေ့ သိမြင် ခံစား ရ တဲ့ ၀မ်းမြောက်ခြင်း ဟာ ဘာ နဲ့ မှ နှိုင်း လို့ မရဘူး။ ခရစ်တော် အားဖြင့် ကျွန်ုပ်တို့ အခ မဲ့ ရ တဲ့ စည်းစိမ် ကို သင် သိမြင် ၊ ခံစား ၊ ၀မ်းမြောက် ဖို့ သင့် ဥာဏ် မျက်စိ ပွင့်လင်း ပါစေ လို့ ကျွန်ုပ် ဆုတောင်းနေတယ်}}။
ခရစ်တော် ၌ တည်နေ သော ကျွန်ုပ်တို့ ၏ အဖြစ်မှန် ကို သိမြင်ခြင်း သည် အလွတ် ကြီးမြတ်သော အမှု ဖြစ်သည်။ အခန်း တစ်ခု အတွင်း ရှိနေ ပါလျက် နှင့် ၎င်းင်း အခန်း ထဲ ၀င်ရောက် ဖို့ ကိုးစားနေ သူ ၏ စိတ် ရှုတ်ထွေးဖွယ် အဖြစ် ကို စဉ်းစား ကြည့် ပါ။ အခန်း ထဲ သွင်းပေးဖို့ ထပ်မံ မေတ္တာ ရပ်ခံနေခြင်း သည် မိုက် မဲ သော အမှု ဖြစ်၏။ အထဲ တွင် ကျွန်ုပ်တို့ ရှိနေကြောင်း အမှန် တရား ကို သိလျှင် နောက်ထပ် ၀င်ရောက်ဖို့ ကျွန်ုပ်တို့ ဘာမျှ ကြိုး ပမ်း အားထုတ် စရာ မလို တော့ပေ။ ကျွန်ုပ်တို့ ၌ သာ၍ ဖွင့်ပြခြင်း ခံရလျှင် ဆုတောင်းခြင်း လျှော့နည်း သွားပြီး ချီးမွမ်းခြင်း ပို တိုးပွား လာမည်။ ဘုရားသခင် လုပ်ပေးပြီးသော အရာ ကို ကျွန်ုပ်တို့ မမြ င်ကြ သောကြောင့် ကျွန်ုပ်တို့ အချိန် များစွား အကုန်ခံ ဆုတော င်းနေကြသည်။
သူ့ ဂိညာဉ် အတွက် စိတ် ဒုက္ခ ရောက်နေသော ညီအစ် ကို တစ်ယောက် နှင့် ပြောဆိုခဲ့သည့် အဖြစ် ကို ကျွန်ုပ် မှတ်မိပါ သးသည်။ ၎င်းင်း ညီအစ်ကို က ]]ကျွန်ုပ် ကိုယ် ကျွန်ုပ် ခရစ်ယာန် လို့ ပြောနေ ပေမယ့် တစ်ခြား ခရစ်ယာန်တွေ နဲ့ နှိုင်းယှဉ် တိုင်း သူ တို့ နဲ့မတူ လို့ ကိုယ့်ကိုယ် ကို ရှက် မိတယ်။ သူတို့တွေ ဟာ သန့်ရှ င်း မွန်မြတ်တဲ့ အသက်တာ နဲ့ အသက်ရှင် နေကြတယ်။ ဒီ လူ ဟာင်း သေဆုံးခြင်းနဲ့ အသက် သစ် ၌ ရှင်သန်ခြင်း အကြောင်း ကျွန်ုပ် သိချင် ပေမယ့် သဘော မပေါက်နိုင်ဘူး။ လမ်းမှန် ကို မ တွေ့သေးဘူး ဗျာ}} ဟု ဖွင့်ဟ ၀န်ခံ ခဲ့သည်။
ခရစ်တော် နှင့် ကွာလျှင် ကျွန်ုပ်တို့ ဘာမျှ လုပ် မရကြော င်း ကျွန်ုပ် နှင့် အတူ မိတ်ဆွေ တစ်ယောက် က သူ့ကို (၂) နာရီ ခန့်ကြာ ကြိုးစား ရှင်းပြ ကြသော်လည်း အောင်မြင်မှု မရချေ။ သူက ]]လူ တစ်ယောက် အကောင်းဆုံး လုပ်နိုင် တာ က ဆုတောင်း ဖို့ ပဲ}} ဟု ဆို၏။]]ဘုရားသခင် က အရာခပ်သိမ်း ပေးပြီးရင် ဆုတောင်း စရာ ဘာလို သေး သလဲ}} ဟု ကျွန်ုပ် က မေး လိုက်၏။ သူ က . . . ]]ကျွန်တော်တို့ က မကြာခဏ ဒေါသ ထွက်နေတုန်းပဲ ၊ ဒါကြောင့် ပို ဆုတောင်း ရမယ်}}။
ကျွန်ုပ်တို့ က ]]ခင်ဗျား ဆုတောင်းတာတွေ ရ ရဲ့လား}}
ဟု ထပ် မေးရာ သူ က ]]အမှန် အတိုင်း ပြော ရရင် ဘာ တစ်ခု မှ အဖြေ မရ ဘူး}} ဟု ပြန်ပြောသည်။
ဖြောင့်မတ်ခြင်း ရ ဖို့ သူ ဘာ မျှ မလုပ် ခဲ့ ရ သလို ၊ သန့်ရှင်းခြင်း ရ ဖို့ သူ ဘာမျှ လုပ်စရာ မလို တော့ ကြောင်း ကျွန်ုပ် တို့ ရှင်းပြခဲ့ ကြသည်။ ထို့နောက် စားပွဲပေါ် ရှိ ဓာတ်ဘူး ကို မိတ် ဆွ က ကောက်ကိုင်ရင်း မေးလိုက်သည်။]]ဒါ ဘာလဲ}}။]]ဓာတ်ဘူး}}။]]ဟုတ်ပြီ ဒီဓာတ်ဘူး က ဆုတောင်း မယ်။ ဘုရားသခင် အကျွန်ုပ် ဟာ ဓာတ်ဘူး သိပ် ဖြစ်ချင် တယ်။ အကျွန်ုပ် ကို ဓာတ် ဘူး ဖြစ်အောင် ကျေးဇူးပြု ပြီး လုပ်ပေးပါ}}။
]]သူ ကိုယ်တိုင် ဓာတ်ဘူး ဖြစ် ပါလျက် နဲ့ ဒီလို ဆုတော င်းတာ အဓိပ္ပါယ် မရှိ ဘူး}} ဟု သူ က ပြန်ဖြေသည်။
]]ခင်ဗျား လည်း ဓာတ်ဘူး အတိုင်း အဓိပ္ပါယ် မဲ့ လုပ်နေ တယ်။ အတိတ် တုန်း က ခင်ဗား ကို ခရစ်တော် ထဲ မှာ ဘုရားသ ခင် ထည့်ထား ပြီး ပြီ။ ခရစ်တော် အသေခံ ခဲ့တဲ့ အခါ ခင်ဗျား လ ည်း အသေခံ ခဲ့တယ်။ ကိုယ်တော် ပြန်ရှင် တဲ့ အခါ ခင်ဗျား လည်း ပြန်ရှင် ပြီ။ ဒါကြောင့် ဒီနေ့ မှ ကျွန်တော် အသေခံ ချင်တယ် ၊ ပြန် ရှင် တဲ့ အသက်တာ လိုချင် တယ် လို့ ခင်ဗျား ဆုတောင်း စရာ မ လို တော့ဘူး။}}
]]သခင်ဘုရား က ခင်ဗျား ကို မင်း သေပြီ ၊ ပြန်ရှင် တဲ့ အသက်တာ လိုချင် တယ် လို့ ခင်ဗျား ဆုတောင်း စရာ မလို တော့ ဘူး။ သခင်ဘုရား က ခင်ဗျား ကို မင်း သေပြီ ၊ အသက် သစ် ကို မင်း ရပြီ။ တကယ် လိုတာ က ဒီအရာ အားလုံး ကို ကိုယ်တော် လုပ်ပေး ပြီးပြီ ဆိုတာ မျက်စိ ဖွင့် ကြည့် ရုံပဲ ရှိ တော့တယ်။}}
ခရစ်တော် ၌ တည်သော အဖြစ် မှန်ကို သိမြင် ဖို့ အရေး မှာ အဓိက ဖြစ်သည်။ ကျွန်ုပ်တို့ သေ ပြီးပြီ။ ထို့ကြောင့် သေ ဖို့ စာင့်နေစရာ မလို တော့ သလို ဘာမျှ လုပ် စရာ လည်း မရှိ တော့ ပါ။ သခင်ဘုရား လုပ်ခဲ့ သည့် အမှု ကို သိမြင် လက်ခံ ပြီး ကျေးဇူး တင် ၊ ချီးမွမ်း ဖို့ သာ ရှိသည်။ ထို ညီအစ်ကို ၌လည်း အလင်း ထွ န်းလင်းကာ အဖြစ်မှန် ကို သိမြင် သဘော ပေါက် လျက် မျက်ရည် စက် တွဲလွဲ နှင့် ကျေးဇူးတင် ချီးမွမ်း ခဲ့လေသည်။ ]]
အဘ ဘုရား . . . ခရစ်တော် ထဲမှာ ကျွန်ုပ် ကို တစ်ပေါင်းတည်း ထည့် ထားတဲ့ အတွက် ကျေးဇူး တင်ပါ တယ်။ ခရစ်တော် ၌ ဖြစ် သမျှ ကျွန်ုပ် မှာ လည်း ဖြစ် ကြောင်း}} ဖွင့်ပြခြင်း ရသည့် အခါ ယုံကြည်ခြင်း ၌ အခြေအမြစ် ရှိလာ သည်။
ဖွင့်ပြခြင်း ခံရ ပြီးနောက် ထို ညီအစ်ကို သည် မယုံကြ ည်နိုင်ဖွယ် ထူးခြားစွာ ပြောင်းလဲ သွားသည်။
ပြဿနာ၏ ရေသောက်မြစ်ကို ကားတိုင်ဖြင့် ခုတ်ထွင် ပစ်သည်
ကားတိုင်တွင် သခင်ယေရှု လုပ်ဆောင်ခဲ့ သော အမှု ၏ အခြေခံ နိယာမ သဘော ကို ခပ်မံ နှိုးဆော် ပါရစေ။ ဤ နိယာမ သဘောကို ကျွန်ုပ်တို့ သိမြင် ရမည်။ သို့သော် ဤ အကြောင်း ကို ထိထိမိမိ မပြောပြနိုင်ကြောင်း ကျွန်ုပ် ခံစား ရပါသည်။
ဥပမာ နောက် တစ်ခု ဖြင့် ရှင်းပြ ပါဦး မည်။ သင့် နိုင်ငံ ၏ အစိုးရမင်း က တစ်နိုင်ငံလုံး ရှိ အိမ်တိုင်း ၊ ဆိုင်တိုင်း ကို ၀င် ရာက် ရှာဖွေ ကာ အရက် ၊ ပိုင် ၊ ဘီယာ ၊ ဘရန်ဒီ ၊ ပီစကီ အစရှိ သည့် အရက် ပုလင်း ရှိရှိ သမျှ ကို ဖျက်စီး ရိုက်ခွဲ ပစ်လျှင် အရက် သေစာ လုံး၀ ပပျောက်သွား မည်လော။ မပပျောက် နိုင်ပါ။
တစ် နိုင်ငံလုံး ရှိ သေရည် သေရက် အားလုံး ကို တစ်စ က် မကျန် သွန်ပစ် နိုင်ဦး တော့ ၊ အရက်ချက် စက်ရုံများ ကို လ က်ဖျား နှင့် မတို့ ဘဲ ချန်ထား လျှင် အရက် ထုတ်လုပ်ရေး ဆက် လက် တည်ရှိ နေဦးမည်။ အစဉ် တည်မြဲသော အဖြေကို ပြတ်ပြ တ် သားသား ရလို ပါ က တစ်နိုင်ငံလုံး ရှိ အရက် ချက် စက်ရုံ အားလုံး ကို ပိတ်ပင် ဖျက်ဆီး ပစ် ရမည်။
ကျွန်ုပ်တို့ ကိုယ်တိုင် သည် စက်ရုံ ဖြစ်ပြီး ကျွန်ုပ်တို့ ၏ ြ ပြုမူ လုပ်ဆောင်ချက် (အကျင့်) မှာ ထုတ်ကုန် ပစ္စည်း ဖြစ်သည်။ ကျွန်ုပ်တို့ ၏ လုပ်ဆောင်ချက် ကို သခင်ယေရှု ၏ အသွေးတော် ြ ဖင့် ဘုရားသခင် ဖြေရှင်း ပေးရုံ နှင့် ပြီးသွား သလား။ ထုတ်လုပ် ရး စက်ရုံ ဖြစ်သည့် ကျွန်ုပ်တို့ ကိုယ်တိုင် ကို ချန်လှပ်ထား ပါ သလား။ ကိုယ်တော် သည် တစ်၀က် တစ်ပျက် သာ လုပ်ဆောင် ပီး ကျန် တစ်၀က် ကို ချန်လှပ် ထားရိုး မရှိပါ။ ကုန်ပစ္စည်းများ ကို ဖျက်ဆီး ခဲ့သည့် နည်းတူ ထုတ်လုပ်ရေး စက်ရုံ ကို လည်း တစ်ခု မကျန် ဖျက်သိမ်း ခဲ့ပါသည်။
ကျွန်ုပ်တို့ ၏ ပြဿနာ ရေသောက်မြစ် တိုင်အောင် ခရ စ်တော် ၏ ကားတိုင် က ခုတ်ထွင် ရှင်းလင်း ခဲ့သည်။ ထို့ကြောင့် ဤ အဖြစ်မှန် ကို ]]သိပါ}} ဟု ပေါလု က ပြောခဲ့သည်။
]]ငါတို့ ၏ လူဟောင်း သည် ခရစ်တာ် နှင့် အတူ လက်ဝါးကပ်တိုင် မှာ အသေ သတ်ခြင်း ကို ခံပြီ ဟု င်တို့ က၏။ အကြောင်းမူကား ငါတို့ သည် နောက် မှ အပြစ် တရား ၏ အစေ ကို မခံခြင်း ငှာ ၊ အပြစ်တရား ၏ ကိုယ် ကို ဖျက်ဆီး မည့် အကြောင်းတည်း}} ရော ၆း ၆
ဤ အရာ ကို သင် သိ ပါ သလား။ သင် သည် အသိ က င်းမဲ့ သူ ဖြစ်နေ သလား။ သင့် ဉာဏ် မျက်စိ ကို ဘုရားသခင် အ လင်း ထွန်းလင်း ပေးပါ စေသော။
၄
တိုးတက် မှု လမ်းကြောင်း သိမှတ် ၀န်ခံခြင်း
ဘုရားသခင် ၏ သားသမီးများ အကြား တွင် အတွေး အခေါ် ရှုပ်ထွေး မှု တစ်ချို့ ရှိနေသည်။ ကျွန်ုပ်တို့ ၏ လူဟောင်း သည် ခရစ်တော် နှင့် အတူ လက်ပါး ကားတိုင် မှာ အသေ သတ်ြ ခင်း ခံပြီ ရော ၆ း ၆ ။ ထို ကျမ်း စကား က အတိတ် ကို ပြညွှန် ပြီး တစ်ကြိမ် တည်း နှင့် အလုံး စုံ ကို လုပ်ပြီး ကြောင်း ဖော်ပြ သည်။ ကျွန်ုပ် တို့ ၏ လူဟောင်း ကို သတ်လိုက် ပြီး ဖြစ် ၍ထပ် သတ် လို့ မရ တော့ သည့် နည်းတူ ထပ် သတ်စရာ လည်း မလိုတော့ ပေ။ ]]ထိုနည်းတူ အပြစ်တရား ၌ သင် သေပြီ ဟု မှတ် ပါ}} ရာ ၆ း ၁၁ ။ ဤ စကား သည် ရော ၆ း ၆ နှင့် တစ်ဆက်တည်း ဖြစ် သည်။ ယင်း နှစ်ပိုဒ် ကို တစ်ဆက်တည်း ဖတ်ကြည့်ပါ။ ]]ငါ တို့ ၏ လူဟောင်း သည် အသေသတ်ခြင်း ကို ခံပြီ ဟု ငါတို့ က၏။ သင်တို့ သည် အသေ ဖြစ် သည် ဟု ကိုယ် ကို ကိုယ်သိမှတ် ကြလော့}} ။
ဤစကား သည် အမိန့် ဖြစ် ၏။ ကျွန်ုပ်တို့ ၏ လူဟော င်း သည် ခရစ်တာ် နှင့် အတူ အသေ သတ်ခြင်း ခံရ ကြောင်း သိမြင်င် နားလည် ပြီး နောက် ထပ် တက်လှမ်း ရ မည့် ခြေလှမ်း မှာ သိမှတ် ၀န်ခံခြင်း ဖြစ် သည်။
မိမိ သေပြီး ကြောင်း သိခြင်း ဖြင့် အစ မပြုမချင်း သိမှတ် ၀န်ခံခြင်း ကို သင် အလေး မပေး သင့် ချေ။
သိမြင် ပြီး မှ သိမှတ် ၀န်ခံ ရသည်။
ရှေ့နောက် အစီ အစဉ် တကျ ရှိ ဖို့ အရေးအကြီး ဆုံး ဖြ စ်သည်။ ကျွန်ုပ် တို့ ၏ သိမှတ် ၀န်ခံခြင်း သည် ဘုရားသခင် ဖွင့် ပြ သည့် အမှန်တရား သိခြင်း ပေါ် အခြေ ပြု ရမည်။ သို့မဟုတ် လျှင် ယုံကြည်ခြင်း တည် စရာ အုတ်မြစ် မရှိ ချေ။ ကျွန်ုပ် တို့ အမှ န် တကယ် သိမြင် သည့် အခါ အလို အလျောက် သိမှတ် ၀န်ခံ တာ့သည်။
သို့ဖြစ် ၍ သိမှတ် ၀န်ခံခြင်း ကို အလေး မပေး သင့် ပေ။ သိခြင်း မရှိ ဘဲ သိမှတ် ၀န်ခံ ဖို့ လူ များစွာ က ကြိုးစား လျက် ရှိ သည်။ အမှန် တရား ကို ဂိညာဉ်တော် ၏ ဖွင့်ပြခြင်း ဦးစွာ မခံရ ပဲ သိမှတ် ၀န်ခံ ဖို့ ကြိုးစားခြင်း ကြောင့် အခက်အခဲ ပေါင်းစုံ ကြုံ တွ ရ တော့သည်။ သူတို့ သည် စုံစမ်း နှောင့်ယှက်ခြင်း ကြုံ သော အခါ ငါ သေ ပြီ ၊ ငါ သေပြီ ဟု သိမှတ် ၀န်ခံ ပါလျက် ဒေါသ ထွ က်မိ ကြသည်။ ထို့နောက် သူတို့က ရော ၆ း ၁၁ သည် လက် တွေ့ မှာ မမှန် ဘူး ဟု ဆို ကြသည်။
အခန်း ငယ် ၆ မပါ ပဲ အခန်းငယ် ၁၁ သည် မည်သို့ မျှ အကျိုး မ သက်ရောက် နိုင်ပါ။ ခရစ်တော် နှင့် အတူ ငါ သေပြီ ကို မသိ လျှင် သိမှတ်၀န်ခံခြင်း ပြုလေ ရုန်းကန် မှု ပြင်းထန် လေ နှင့် ရှုံးနိမ့် ဖို့ သေချာ လေ ဖြစ် သည်။
ကျွန်ုပ် ၏ အတွေ့ အကြုံ အရ အပြစ် အတွက် ငါ သေ ပြီ ဟု သိမှတ် ၀န်ခံ လေလေ သိသိ သာသာ ငါ ရှင် လေလေ ဖြစ် ခဲ့ သည်။
ငါ သေ ပြီ ဟု သိမှတ် ၀န်ခံ ပါလျက် ငါ မသေ ဘဲ နေ သည်။ ငါ သေ ပြီ သွန်သင်ချက် ကို ကျွန်ုပ် တကယ် ယုံကြည် စွ မ်းဆောင် သော်လည်း အကျိုး မရှိ ပါ။ ခုနှစ် နှစ် ကြာ ကျွန်ုပ် စိတ် ဒုက္ခ ရောက် ပြီး နောက်
]]ထာ၀ရ ဘုရား . . . . အခြေခံ အကျ ဆုံး ဒီအကြောင်း ကို မသိ ရ ရင်ကျွန်တော် လုပ် နေတဲ့ အလုပ် အားလုံး ရပ်ပစ် လိုက်မယ်။ တရား မ ဟော တော့ဘူး။ ကိုယ်တော့် အမှုတော် လည်း မဆောင် တော့ဘူး။ ဒီ အကြောင်း ကို အသေး စိတ် ရှင်းရှင်း လင်းလင်း သိပါ ရစေ ဘုရား . . . }} ဟု အစာ ရှောင် လျက် ဘုရားသခင် ထံ ဆုတောင်း ခဲ့ပါသည်။ နံနက်ခင်း တစ်ခု ကို ကျွန်ုပ် ပြန်ပြောင်း သတိ ရ မိသ ည်။ ကျွန်ုပ် ဘယ်တော့ မှ မမေ့နိုင် သည့် နံနက်ခင်း ဖြစ်သည်။ ထို စဉ် က အိမ်ပေါ် ထပ် ရှိ စားပွဲ ပေါ် တွင် ကျွန်ုပ် ထိုင် ကာ ကျ မ်းစာ ဖတ်ရင်း ]]ကိုယ်တော် ကျွန်တော့် မျက်စိ ကို အလင်း ဖွင့် ပေး ပါ}} ဟု ဆုတောင်း ခိုက် ဂိညာဉ် တော် ၏ အလင်း ဖွင့် ပြခြင်း ကြောင့် ခရစ်တော် နှင့် ကျွန်ုပ် တစ်လုံး တစ်၀တည်း ဖြစ်သည် ကို ကျွန်ုပ် တွေ့မြင် ခဲ့ ရ သည်။
ခရစ်တော် ၌ ကျွန်ုပ် ရှိ ပြီး ခရစ်တော် အသေ ခံစဉ် ကျွန်ု ပ် လည်း အသေခံ ခဲ့ရ သည်။ ခရစ်တော် ၏ သေခြင်း မှာ အတိ တ် က ဖြစ်ခဲ့ပြီး အနာဂတ် မဟုတ် ပါ။ ကိုယ်တော် တကယ် သေခဲ့ သည့် နည်းတူ ကျွန်ုပ် လည်း တကယ် သေခဲ့ သည်။
အကြောင်း မှာ ကိုယ်တော် အသေခံ ခဲ့စဉ် က ကိုယ် တာ် ထဲ ၌ ကျွန်ုပ် ရှိနေ ခဲ့သည်။ ယေရှု နှင့် အတူ ကျွန်ုပ် သေခဲ့ ကာင်း ကို ကျွန်ုပ် ရှင်းသွား သည့် အတွက် မပြောပြ တတ် လော က်အောင် ၀မ်းမြောက် ခဲ့ ရသည်။ ထိုအခါ ထိုင်ရာ မှ ထခုန် ကာ ဘုရားသခင် ကို ကျေးဇူးတင် ချီးမွမ်း လိုက်၏။ ]]ငါ သေပြီ}} ဟု အော် ဟစ် ခဲ့သည်။
ချက်ချင်း ပင် အောက်ထပ် သို့ ကျွန်ုပ် ပြေးဆင်း ကာ မီး ဖိုချောင် တွင် အလုပ် လုပ် နေသူ ကို တွေ့သည် နှင့် ၀မ်းသာ အားရ ]]ကျွန်တော် သေသွား ပြီ ဆိုတာ သိ ရဲ့လား}} ဟု ပြော ပြ ခဲ့သည်။ ]]ခင်ဗျား ဘာ ကို ဆိုလို တာ လဲ}} ဟု စိတ်ရှုပ်ထွေး ဟန် ဖြင့် ပြန်မေး သည်။ ထို အခါ ကျွန်ုပ် က ]]ခရစ်တော် အသေ ခံ ခဲ့တာ ကို မသိ ဘူး လား။ ခရစ်တော် နှင့် အတူ ကျွန်ုပ် အသေ ခံ ခဲ့တယ် လေ။ ကိုယ်တော် ရဲ့ သေခြင်း နဲ့ ကျွန်ုပ် ရဲ့ သေခြင်း ဟာ တစ်ထပ် တည်း ဖြစ် တယ်}} ဟု ရှင်း ပြ ခဲ့သည်။
ထို့နောက် အခြား မြို့ သို့ သွား တိုင်း ကျွန်ုပ် ၏ ရှင်းလ င်း သွားချက် ကို အော်ဟစ် ကြေငြာ ခဲ့ပါသည်။ ယင်း နေ့ မှ စ၍ ယခု တိုင် ငါ သည် ခရစ်တော် နှင့် အတူ အသေ သတ်ခြင်း ကို ခံ ခဲ့ သည် ဟူသည့် စကား ကို ကျွန်ုပ် စိုးစဉ်း မျှ သံသယ မဖြစ် မိ တာ့ချေ။
သို့ဖြစ် လျှင် သိမှတ် ၀န်ခံခြင်း ၏ သော့ချက် သည် ဘာ လဲ။ သော့ချက် ဆို သည် မှာ ဘုရားသခင် ၏ ဗျာဒိတ် အလင်း ဖွ င့်ပြချက် ဖြစ်သည်။ ဘုရားသခင် ကိုယ်တော် တိုင်း ဗျာဒိတ် အလ င်း ဖွင့် ပြခြင်း ကို ကျွန်ုပ် တို့ လိုအပ် သည် မ ၁၆ း ၁၇ ၊ ဧ ၁း ၁၇ - ၁၈ ။
ခရစ်တော် နှင့် ကျွန်ုပ်တို့ တစ်လုံး တစ်၀တည်း ဖြစ်ခြင်း အမှန်တရား ကို ဩ၀ါဒ အဖြစ် သိ ရုံ ဖြင့် မလုံလောက် ပါ။ ထို့ ထက် ပိုမို သိမြင် ဖို့ ကျွန်ုပ်တို့ ၏ဉာဏ် မျက်စိ ပွင့်လင်း ရမည်။ ယင်း ဖွင့်ပြချက် သည် မသေချာ မရေရာ သော အရာ မဟုတ်ပါ။
ကျွန်ုပ်တို့ အတွက် ခရစ်တော် အသေခံ ခဲ့သည် ကို ရှင်း လင်းစွာ မြင်သလို ခရစ်တော် နှင့် အတူ ကျွန်ုပ် တို့ အသေခခံခဲ့ သည် ကိုလည်း တန်းတူ ညီမျှ သိမြင် ပြီး တန်ဖိုး ထား သင့်သည်။ ဤ တိကျ သေချာ သော အချက် ကို အခြေခံ လျက် ရှေ့ဆက် လှမ်းသွား ပါမည်။
မိမိ ကိုယ် ကို သေပြီ ဟု သတ်မှတ်ခြင်း ကြောင့် မိမိ သေသွားခြင်း မဟုတ် ပါ။
ကျွန်ုပ် ကို ခရစ်တော် အထဲ ၌ ဘုရားသခင် က သေစေ
ခြင်း ဖြစ်သည် ဟု သိမှတ် သဘော တူခြင်း သည် သိမှတ် ၀န်ခံခြ င်း ဖြစ်သည်။
သေ ဖို့ သိမှတ် ၀န်ခံခြင်း မဟုတ် ၊ သေ ပြီး ကြောင်း သိ မှတ် ၀န်ခံခြင်း ဖြစ်သည်။
ဒုတိယ ခြေလှမ်း . . . ထိုနည်းတူ သိမှတ်ကြလော့
သိမှတ် ၀န်ခံခြင်း အဓိပ္ပါယ် မှာ ဘာလဲ။ သိမှတ် ၀န်ခံခြ င်း ၏ အဓိပ္ပါယ် မှာ စာရင်း ရေးမှတ်ခြင်း ဟု ဆိုလို သည်။ (ကျမ်းစာ မှ ထင်မှတ် စကားလုံး ကို သိမှတ် ၀န်ခံခြင်း ဟု အဓိပ္ပါယ် တူ ဝေါဟာရ ဖလှယ် ထားသည်) ကမ္ဘာပေါ် တွင် တိကျ သေချာ အာင် လုပ်နိုင်သည့် တစ်ခု တည်း သော အရာ မှာ စာရင်း ရေးမှ တ်ခြင်း ဖြစ်သည်။
ပန်းချီ ဆရာ တစ်ယောက် သည် ရှုခင်း တစ်ခု ကို ရေး ဆွဲ သော အခါ အပို အလို မရှိ အောင် ရေးဆွဲ နိုင်ပါ သလား။ သ မိုင်း မှတ်တမ်းတိုင်း ကို အချက် အလက် လုံး၀ မှန်ကန် သည် ဟု တာ၀န် ယူနိုင် သော သမိုင်း ပညာရှင် ရှိ သလား။ သို့တည်း မဟု တ် မြေပုံဆွဲ သူ သည် မည်သည့် မြေပုံ ကို မဆို မှန်ကန် ပြည့်စုံ အာင် ဆွဲနိုင် ပါ သလား။ ထို ပညာရှင် များ သည် အတတ်နိုင်ဆုံး၊ အနီးစပ်ဆုံး သာ ပြုလုပ် နိုင် ကြသည်။
ကျွန်ုပ် တို့ နေ့စဉ် ပြောဆို နေသော စကား ထဲ တွင် အြ ဖစ် အပျက် အချို့ ကို မှန်ကန် အောင် အရိုးသားဆုံး ပြောဆို ကြ သော်လည်း ]]၏ ၊ သည် }} မလွဲ တိကျ အောင် ပြောဆို နိုင်စွမ်း မရှိ ပါ။ အများအားဖြင့် တကယ့် ဖြစ်ရပ် ထက် ပို ပြောခြင်း ၊ လျာ့ပြောခြင်း ဖြစ် တတ် ကြပါသည်။
ဤသို့ဆို လျှင် လုံး၀ စိတ်ချ ယုံကြည်နိုင်သော ကိစ္စ ရှိ ပါသလား။ သင်္ချာ နည်း ဖြင့် ကြည့် လျှင် ရှိ ပါသည်။ သင်္ချာ ၌ အ မှား အယွင်း အတိမ်း အစောင်း မရှိ ပါ။
၁ + ၁ = ၂ ရ ပါသည်။ ဤ အဖြေ ည် လန်ဒန် မြို့ ၌ မှ န် သလို ရန်ကုန် မြို့ ၌ လည်း မှန်ကန် ပါသည်။ မကျေနပ် ၍ က မ္ဘာ့ အနောက် ခြမ်း မှ နယူးယောက် သို့ ဖြစ်စေ ၊ အရှေ့ ခြမ်း မှ စ င်္ကာပူ သို့ ဖြစ်စေ ၊ သင် သွား တွက်ကြည့် လျှင် အဖြေ မှန် အမြဲ ထွက်သည်။ ကမ္ဘာ့ တစ်ဝှမ်း လုံး နှင့် အချိန် နာရီတိုင်း တွင် တစ် ၊ အပေါင်း ၊ တစ် ၊ သည် နှစ် ဖြစ် သည်။ ဤ အချက် သည် ကော င်းကင် ၌ ဖြစ်စေ ၊ မြေကြီး နှင့် ငရဲ ၌ ဖြစ်စေ ၊ မပြောင်းလဲ ပါ။
ဘုရားသခင် သည် ကျွန်ုပ်တို့ ကို အဘယ့် ကြောင့် သိမှ တ် ၀န်ခံ ခိုင်း သနည်း။ အကြောင်း မှာ ကျွန်ုပ် တို့ သေပြီး သော ကာင့် ဖြစ်သည်။ သိမှတ် ၀န်ခံခြင်း သည် စာရင်း ရေးမှတ်ခြင်း ဖြ စ်သည်။ ကျွန်ုပ် ၏ အိတ်ထဲ တွင် ပိုက်ဆံ ၁၂ ဒေါ်လာ ၊ ရှိ လျှင် ငွေ စာရင်း စာအုပ် ထဲ ဘယ် လောက် ရေးမှတ် ရ မလဲ။ ၁၄ ဒေါ် လာ ၊ ဆင့် ၅၀ သို့မဟုတ် ၁၅ ဒေါ်လာ ၊ ဆင့် ၅၀ ဟု ရေးမှတ် နို င် မလား၊ မရပါ ကျွန်ုပ် ၏ အိတ် ထဲ ရှိ သည့် ငွေ ပမာဏ အတိုင်း စာ ရေးမှတ် ရ ပါမည်။ စာရင်း ရေးမှတ်ခြင်း သည် အရှိ အတိုင်း ၊ အဖြစ်မှန် အတိုင်း သိမှတ် ၀န်ခံခြင်း ဖြစ်သည်။ စိတ်ကူးယဉ် မဟုထို့ နည်းတူ ကျွန်ုပ် အမှန် တကယ် သေ ဆုံး ပြီး သော ကာင့် ဘုရားသခင် က ကျွန်ုပ် အား ထို အတိုင်း စာရင်း ရေးမှတ် ဖို့ ပြောခြင်း ဖြစ်သည်။ ကျွန်ုပ် အသက် ရှင် နေ ပါလျက် နှင့် အသေ ဖြစ်သည် ဟု ဘုရားသခင် က သိမှတ်၀န်ခံ ဖို့ မ ပြောပါ။ မမှန် တာ ကို မမှန် ဖြစ်သည် ဟု စိတ်ထဲ လေ့ကျင့် မှတ်ယူ နေ ပါက သိမှတ် ၀န်ခံခြင်း ဝေါဟာရ နှင့် လွဲချော် နေသည့် အတွက် ]]တလွဲ သိမှတ် ၀န်ခံခြင်း}} ဟုသာ ဆိုသင့် သည်။
သိမှတ် ၀န်ခံခြင်း သည် အတင်းလုပ် ယုံနေခြင်း မဟုတ် ပါ။ အိတ် ထဲ တွင် ၁၂ ဒေါ်လာ သာ ရှိပြီး စာရင်း ထဲတွင် ၁၅ ဒေါ် လာ ဟု မဟုတ် မမှန် ရေးမှတ် ခြင်းဖြင့် လက်တွေ့ တွင် ၁၅ ဒေါ် လာ ရှိ လာမည် ဟု မျှော်လင့် ပါက မိုက်မဲ ရာ ရောက် ၏။ စိတ်ထဲ တွင် တစ်လွဲ မှတ်ယူခြင်း ဖြင့် ၁၂ ဒေါ်လာ မှ ၁၅ ဒေါ်လာ ဖြစ် မ သွား နိုင်ပါ ။ မမှန် တာ လည်း အမှန် ဖြစ် မလာ နိုင်ပါ။
ကိုယ့် ကိုယ့် ကို အသေ ဟု ဘုရားသခင် သိမှတ် ၀န်ခံ ခိုင်းခြင်း မှာ အသေ ဖြစ် သောကြောင့် ၀န်ခံ ခိုင်းခြင်း ပဲ ဖြစ်သ ည်။
မမှန် တာ ကို ဘုရားသခင် သိမှတ် ၀န်ခံ မခိုင်း ပါ။ ဘုရားသခင် ၏ ဖွင့်ပြခြင်း အလင်း ရ ပြီးနောက် သိမှတ် ၀န်ခံခြင်း ဆက် လိုက်လာသည်။ သင်တို့ သည် သိမှတ် ၀န်ခံ ကလော့ ဟု ဘုရားသခင် မိန့် မှာ သော စကား အပေါ် တိတိ ကျ ကျ ရပ်တည် ရ မည်။
ကျွန်ုပ် သေ ပြီ ဟု ကျွန်ုပ်တို့ စိတ် ထဲ ဘုရားသခင် ရေးမှ တ် ခိုင်း သဖြင့် ထို မှန်ကန် ချက် အပေါ် တည် လျက် အသက် ရှ င် ရမည်။ သခင်ယေရှု အသေခံ စဉ် က ကိုယ်တော် ထဲ တွင် ကျွန် ပ် တည်ရှိ ခဲ့သည်။ ထို့ကြောင့် ထို ဖြစ်ရပ် မှန် ကန် သည် ဟု ကျွန်ု ပ် သိမှတ် ၀န်ခံ သည်။
ရှင်ပေါလု က ]]သင်တို့ သည် အပြစ်တရား ၌ အသေ ဖြ စ်သည် ဟု လည်းကောင်း ၊ ဘုရားသခင် အတွက် အသက် ရှင် သည် ဟု လည်းကောင်း ၊ ကိုယ့် ကိုယ် ကို သိမှတ် ၀န်ခံ ကြ လာ့}} ဟု ညွှန်ကြား ခဲ့ သည်။
မည်သို့ ဖြစ်နိုင် မည်နည်း။ ]]ယေရှုခရစ် အားဖြင့်}} ဖြစ်နိုင် ပါသည်။ ]]ခရစ်တော် ၌}} သာ ထာ၀ရ မှန်ကန် သည်။
သင့် ကိုယ် သင် ပြန် ကြည့် လျှင် မသေ သည် ကို တွေ့ရမည်။ ယုံကြည်ခြင်း ဖြင့် ခရစ်တော် ထဲ တွင် ကြည့်ပါ။ သင့်ထဲ တွင် မကြည့်ပါနှင့်။ ခရစ်တော် ၌ သာ အမှန်တရား ရှိ သည်။ ကိုယ်တော် အားဖြင့် ပြီးစီးခဲ့ သော အမှု ကို မြင်အောင် ကြည့် ပြီး သိမှတ် ၀န်ခံ ပါ။
သခင် ဘုရား ကိုယ်တော် ၌ ကျွန်ုပ် သေ ပြီးကြောင်း ယုံကြ ည် ပါသည် ကိုယ်တော် ၌ တည် သော အမှန်တရား ကို ကျွန်ုပ် သိမှတ် ၀န်ခံ ပါသည်။ ယင်း အမှန်တရား ၌ သင် တနေ့လုံး အသက် ရှင်ပါ။
ယုံကြည်ခြင်းဖြင့် သိမှတ်၀န်ခံခြင်း
ရောမ ကျမ်း ၏ ပထမ ၄ ခန်း ခွဲ သည် ယုံကြည်ခြင်း အကြောင်း ထပ်မံ တလဲလဲ ပြောဆို ထားသည်။ ခရစ်တော် ၌ ယုံ ကည်ခြင်း အားဖြင့် ကျွန်ုပ်တို့ ဖြောင့်မတ် ရာ သို့ ရောက် ကြသည် ရော ၃း ၁၈ ၊ ၅ း ၁ ။ ဖြောင့်မတ်ခြင်း ၊ အပြစ် ခွင့်လွှတ်ခြင်း ၊ ဘုရားသခင် နှင့် ငြိမ်သက်ဖြင်း တို့ကို ယုံကြည်ခြင်း ဖြင့် ကျွန်ုပ်တို့ ခံစားကြ ရသည်။ ခရစ်တော် ၏ လုပ်ဆောင် ချက် ကို ယုံကြည်ခြ င်း မရှိဘဲ အဘယ် သူ မျှ ထို အရာများ ကို ပိုင်ဆိုင် ခွင့် မရှိ ပါ။
Comments
Post a Comment